Connect with us

Asia

ဘန်ကောက်ရှိ ဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး သေဆုံးလျက်တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် နိုင်ငံခြားသား ခြောက်ဦးသေဆုံးမှုဖြစ်ပွားခဲ့သော ဟိုတယ်၌ ရဲတပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ဇူလိုင် ၁၆ ရက်က နိုင်ငံခြားသား ၆ ဦးကို သေဆုံးလျက်သားတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူများမှာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ကာ အခန်းတစ်ခုထဲတွင် သေဆုံးနေခြင်းဖြစ်ကြောင်း၊ သေဆုံးရသည့်အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ဗျူရိုကော်မရှင်နာ Thiti Saengsawang က ပြောကြားခဲ့သည်။
ကနဦးစုံစမ်းစစ်ဆေးမှုများ ဖော်ပြချက်အရ ဟိုတယ်အခန်းအတွင်း သံသယဖြစ်ဖွယ်ပစ္စည်းများတွေ့ရှိခြင်း၊ အခင်းဖြစ်ပွားရာနေရာ၌ ခိုက်ရန်ဖြစ်ပွားထားသော လက္ခဏာများမရှိခြင်းတို့ကြောင့် အဆိုပါဖြစ်ရပ်မှာ အဆိပ်သင့်မှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ဆိုသည်။
ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ ပြည်သူများအပေါ် သက်ရောက်မှုမရှိစေရေးအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဝန်ကြီးချုပ် ဆေထာထဝီဆင်က ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
6 foreign nationals found dead in Bangkok hotel: police
BANGKOK, July 16 (Xinhua) — Six foreign nationals were found dead at a hotel in downtown Bangkok on Tuesday, police said.
Metropolitan Police Bureau commissioner Thiti Saengsawang said the deceased bodies of three men and three women were found in a single hotel room and the cause of the deaths has not been confirmed.
He said initial investigations suggest that the incident may have been linked to poisoning, as suspicious substances were discovered in the hotel room and no signs of struggle were found at the scene.
Thai Prime Minister Srettha Thavisin ordered an investigation into the incident to prevent any impact on the public.
Photo 1: A police officer guards at a hotel where six foreign nationals were found dead in downtown Bangkok, Thailand on July 16, 2024. (Photo by Rachen Sageamsak/Xinhua)