Connect with us

Asia

ထိုင်းနိုင်ငံက ၂၀၂၅ ခုနှစ်တွင် ခရီးသွားလုပ်ငန်း ဝင်ငွေအနည်းဆုံး ၇ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းလုပ်ဆောင်

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ Sanctuary of Truth ပြတိုက်သို့ လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၌ အရေးပါသော ခရီးသွားလုပ်ငန်းတွင် အနည်းဆုံး ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုရှိရန် ရည်မှန်းချက်ထားကာ ဝင်ငွေ ၃ ဒသမ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၁၆ ဘီလီယံခန့်) ရရှိရေးရည်မှန်းလုပ်ဆောင်လျက်ရှိကြောင်း ခရီးသွားလုပ်ငန်းအေဂျင်စီက ဇူလိုင် ၁၅ ရက်တွင်ပြောသည်။
ထိုင်းနိုင်ငံသည် နိုင်ငံနှင့်ဒေသပေါင်း ၉၃ ခုမှ နိုင်ငံသားများကို ဗီဇာကင်းလွတ် ဝင်ခွင့်ပြုမည့်အစီအစဉ်အားတိုးမြှင့်ခဲ့သည်။

ထို့ပြင် ၎င်းတို့ကို ဗီဇာမလိုဘဲ ရက်ပေါင်း ၆၀ အထိ နေထိုင်ခွင့်ကိုလည်း ခွင့်ပြုခဲ့သည်။ ယခုနှစ်တွင် လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားများအနက် တရုတ်နိုင်ငံက ၃ ဒသမ ၅၈ သန်းဖြင့် အများဆုံးဖြစ်သည်။
ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ခရီးသွား ၁၈ ဒသမ ၂ သန်းကျော်ကို ကြိုဆိုခဲ့ကြောင်း ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။

၂၀၁၉ ခုနှစ် ကိုဗစ်ကပ်ရောဂါမတိုင်မီတွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၃၉ ဒသမ ၉ သန်း စံချိန်တင် လာရောက်ခဲ့ပြီး ဝင်ငွေ ဘတ် ၁ ဒသမ ၉၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၈၉ ဘီလီယံခန့်) အထိ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………..
(English Version)
Thailand targets 7.5 pct tourism revenue growth for 2025
BANGKOK, July 15 (Xinhua) — Thailand targets at least 7.5 percent growth in its vital tourism industry for 2025, aiming to generate a revenue of 3.4 trillion baht (about 94.16 billion U.S. dollars), the country’s tourism agency said on Monday.
Effective Monday, Thailand expanded its visa-free entry scheme to include citizens from 93 countries and territories, allowing them to stay for up to 60 days without a visa, while those from 31 countries and territories are now eligible for visas on arrival.
The kingdom has received over 18.2 million foreign tourists. Ministry of Tourism and Sports data showed.
In pre-pandemic 2019, Thailand welcomed a record 39.9 million foreign arrivals, generating 1.91 trillion baht (about 52.89 billion dollars) in revenue. ■
A tourist visits the Sanctuary of Truth museum in Pattaya, Chonburi province, Thailand, June 6, 2024. (Xinhua/Rachen Sageamsak)