Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ မြေပြိုခြင်းကြောင့် လူ၂၁ ဦး ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် နာဂါဂွန်မခရိုင်တွင် ရီမယ်လ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုအတွင်း ဖြတ်သန်းသွားလာသူကို ၂၀၂၄ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခြင်း၊ မြေပြိုခြင်း၊ ရေမကျဘဲ ရေလျှံနေခြင်းတို့ကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ကျော်ပျောက်ဆုံးလျက်ရှိကြောင်း အရာရှိများက သြဂုတ် ၁ ရက်၌ ပြောကြားလိုက်သည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အိန္ဒိယမြို့တော်ဒေသနှင့် ဆင်ခြေဖုံးဒေသများ၌ ဇူလိုင် ၃၁ ရက်တွင် ရေဘေးသင့်ခဲ့ပြီး နေရာအတော်များများ၌လည်း ရေများဖုံးလွှမ်းလျက်ရှိသည်။
ထို့အတူ လမ်းများ ရေမြုပ်ခြင်းက ယာဉ်သွားယာဉ်လာပိတ်ဆို့မှုများကို ဖြစ်ပေါ်စေပြီး အလုပ်သွား အလုပ်ပြန်များကို နာရီပေါင်းအတော်ကြာ ပိတ်မိစေခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆက်စပ်ဖြစ်စဉ်များကြောင့် ဒေလီမှ ငါးဦး၊ ဂူရူဂရမ်မှ သုံးဦး၊ နွိုင်ဒါမှ နှစ်ဦးအပါအဝင် အနည်းဆုံး ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း အစီရင်ခံဖော်ပြခဲ့သည်။
မိုးမရပ်မနားရွာသွန်းခြင်းကြောင့် မြို့တော်ဒေသများတွင် မကြုံစဖူး ထူးကဲမိုးရေချိန်များ တိုင်းထွာ ရရှိခဲ့ပြီး မိုးလေဝသဌာနက ဒေလီအတွက် အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။
ဒေသခံများကို အိမ်တွင်းနေထိုင်ရန်နှင့် မလိုအပ်ဘဲ ခရီးမသွားရန် မိုးလေဝသဌာနက ဆက်လက်
သတိပေးထားသည်။
မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်ခြင်းကြောင့် ဒေလီအစိုးရသည် စာသင်ကျောင်းအားလုံးကို ဇူလိုင် ၃၁ ရက်က ပိတ်ခဲ့ရသည်။
ထို့အတူ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေသသုံးခုတွင် တံတားများ၊ အိမ်များနှင့် လမ်းများပျက်စီးခဲ့သည်။ ကုန်စိမ်းဈေးအတွင်း တည်ဆောက်ထားသော အဆောက်အအုံ တစ်လုံး ပြိုလဲနေသည်ကို လူမှုမီဒီယာများတွင် ဖြန့်ဝေထားသည့် ဗီဒီယိုများ၌ တွေ့မြင်နိုင်သည်။ ပျောက်ဆုံးသူများကို ခြေရာခံရှာဖွေနိုင်ရန် ဒေသန္တရ အစိုးရသည် သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ဝင်များကို တွန်းအားပေးလျက်ရှိသည်။
တာဝန်ရှိသူများကိုလည်း လိုအပ်သည်များ ဆောင်ရွက်ထားရှိရန် ညွှန်ကြားထားသည်။
ဇူလိုင် ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ဝါယာနက်ဒေသတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ့အသက်ပေါင်းများစွာနှင့် ပိုင်ဆိုင်မှုအမြောက်အမြားပျက်စီးခဲ့သည်။
အိန္ဒိယတရားဝင်အသံလွင့်ဌာန အောလ်အိန္ဒိယရေဒီယို၏ ထုတ်လွှင့်ချက်အရ မြေပြိုကျသည့်ဒေသတွင် သေဆုံးသူဦးရေမှာ ၂၆၀ အထိ မြင့်တက်လာခဲ့ကြောင်းသိရသည်။ (Xinhua)
……………………………..
(English Version)
21 killed, over 50 missing in rain-related incidents in N. India
NEW DELHI, Aug. 1 (Xinhua) — At least 21 people were killed and over 50 others went missing as torrential rains triggering cloudbursts, landslides, flooding and waterlogging wreaked havoc in north India, officials said Thursday.
Heavy rains battered the Indian capital territory and its outskirts Wednesday evening and left most parts of the city waterlogged. The rains and inundation of roads severely affected traffic, leaving commuters stranded for hours.
Reports said at least 10 people — five in Delhi, three in Gurugram and two in Greater Noida — were killed in the rain-related incidents.
The incessant downpour, which saw parts of the city receive record rainfall, prompted the India Meteorological Department (IMD) to issue a red alert for Delhi. The IMD advised residents to stay indoors, secure their homes, and avoid unnecessary travel. The situation also prompted the Delhi government to close all schools on Thursday.
The cloudbursts caused massive devastation in the three districts in the northern part of India by damaging bridges, houses and roads.
Videos shared on social media show a building housing a vegetable market collapsing on a road.
The local government has pressed into service disaster response force personnel to help trace the missing. Officials had been instructed to make all necessary arrangements.
On Tuesday, multiple landslides hit the southern Indian state of Kerala’s Wayanad district, causing large-scale destruction to life and property.
A full-scale rescue and relief operation involving NDRF, army and Air Force personnel is underway in the affected area to help survivors, trace the missing and pull out bodies from the debris. ■

A villager carries a child as he wades through flood water after heavy rains following the landfall of Cyclone Remal in Nagaon district, Assam, northeastern India, on May 29, 2024. (Str/Xinhua)