Connect with us

International Organizations

ဗီလာရီးရဲလ်နှင့် ဘာစီလိုနာ ပွဲစဉ်အား မိုင်ယာမီတွင် ယှဉ်ပြိုင်ကစားမည်ဟု လာလီဂါ အတည်ပြု

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်က ဘာစီလိုနာအသင်းနှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါဘောလုံးပွဲစဉ်၌ ဘာစီလိုနာ ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၂၀ ရက်၌ ဗီလာရီးရဲလ်အသင်း၏အိမ်ကွင်း အက်စတာဒီယို ဒယ်လာ ဆယ်ရာမီကာ (Estadio de la Ceramica) ၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် ဗီလာရီးရဲလ်အသင်းနှင့် ဘာစီလိုနာအသင်း၏ ပွဲစဉ်အား အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း လာလီဂါက အတည်ပြုကြေညာခဲ့သည်။
“အဲဒီပွဲစဉ်ဟာ လာလီဂါနဲ့ စပိန်ဘောလုံးလောကကို အဆင့်သစ်တစ်ခုဆီ အလုံးစုံပို့ဆောင်ပေးမယ့် သမိုင်းဝင် ခြေလှမ်းတစ်ရပ်ပါပဲ” ဟု လာလီဂါဥက္ကဋ္ဌ ဟာဗီယာ တဲဘက်စ်က အောက်တိုဘာ ၈ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စိုးရိမ်မှုတွေကို နားလည်သလို လေးစားမှုလည်းရှိပါတယ်။ ဒါပေမဲ့ အဲဒီပွဲစဉ်ဟာ တစ်ရာသီလုံးရဲ့ ပွဲပေါင်း ၃၈၀ ထဲက တစ်ပွဲဆိုတာကို ထည့်သွင်းစဉ်းစားဖို့လည်း အရေးကြီးပါတယ်။ လာလီဂါဟာ တစ်ကမ္ဘာလုံးက ပရိသတ်သန်းပေါင်းများစွာကို ကိုယ်စားပြုပြီး အဲဒီအထဲမှာ သူတို့အားပေးတဲ့အသင်းတွေကို ရူးသွပ်စွာ ဝန်းရံအားပေးပြီး အဲဒီအသင်းတွေ ယှဉ်ပြိုင်ကစားတာကို အနည်းဆုံးတစ်ကြိမ်လောက်တော့ အပြင်မှာ ကိုယ်တိုင်ကြည့်ရှုခွင့်ရသင့်တဲ့ ပရိသတ်ပေါင်းများစွာလည်း ပါဝင်နေတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဥရောပ၏ ပြည်တွင်းလိဂ်ပြိုင်ပွဲ ပွဲစဉ်နှစ်ပွဲအား ပြည်ပတွင် ယှဉ်ပြိုင်ကစားမည့် အစီအစဉ်ကို သဘောတူခဲ့ပြီးနောက် တဲဘက်စ်၏ ကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကာ ယင်းအစီအစဉ်အရ ဗီလာရီးရဲလ်အသင်းနှင့် ဘာစီလိုနာအသင်း၏ ပွဲစဉ်အား မိုင်ယာမီမြို့တွင်လည်းကောင်း၊ အီတလီစီးရီးအေ အသင်းများဖြစ်သည့် အေစီမီလန်နှင့် ကိုမိုအသင်း၏ ပွဲစဉ်အား ဩစတြေးလျတွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မိုင်ယာမီသို့ လိုက်ပါအားပေးလိုသော တစ်ရာသီလုံးစာလက်မှတ် ဝယ်ယူထားသူများအတွက် ဟိုတယ်ခနှင့် ခရီးသွားလာသည့် စရိတ်များကို ကျခံပေးမည်ဟု ဗီလာရီးရဲလ်အသင်းက ပြောကြားထားသလို လာလီဂါကလည်း အိမ်ရှင်အသင်း၏ တစ်ရာသီလုံးစာ လက်မှတ်ဝယ်ယူထားသော ပရိသတ်များအတွက် နစ်နာကြေးပေးမည့် အစီအစဉ်များကို ပြင်ဆင်ထားသည်ဟု အခိုင်အမာပြောဆိုထားသည်။
သို့သော် ယင်းအစီအစဉ်မှာ ပရိသတ်အဖွဲ့အစည်းများနှင့် စပိန်ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအဖွဲ့အစည်း (AFE) တို့၏ ကန့်ကွက်မှုနှင့် အဆက်မပြတ် ရင်ဆိုင်ရလျက်ရှိသည်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း ထိုအစီအစဉ်အား ဝေဖန်ပြစ်တင်ခဲ့ကာ ဘာစီလိုနာအသင်း ပရိသတ်အများစုရှိနိုင်သည့် မိုင်ယာမီတွင် အဆိုပါပွဲစဉ်အား ယှဉ်ပြိုင်ကစားစေခြင်းမှာ ဘာစီလိုနာ၏ အခက်ခဲဆုံး အဝေးကွင်းပွဲစဉ်တစ်ပွဲအား အိမ်ကွင်းပွဲစဉ်နှင့် ကြီးကြီးမားမား ကွာခြားမှုမရှိနိုင်သည့် ပွဲစဉ်တစ်ပွဲအဖြစ် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ Lluis Companys Olympic အားကစားကွင်းတွင် ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က ဘာစီလိုနာအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် ဘာစီလိုနာ ကစားသမားများကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က ဂျူဗင်တပ်စ်အသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုအဆင့် ဒုတိယပွဲစဉ်၌ ဗီလာရီးရဲလ်ကစားသမား ရီနာတို ဗီဂါ (ယာ) နှင့် အသင်းဖော် ဆန်တီယာဂို မူရီနိုတို့ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

………………..
(English Version)
La Liga confirms Villarreal v Barcelona match to be played in Miami
MADRID, Oct. 8 (Xinhua) — La Liga on Wednesday confirmed that the match between Villarreal and FC Barcelona, scheduled to be played in Villarreal’s Estadio de la Ceramica on December 20, will instead be played at the Hard Rock Stadium in Miami, United States.
“This match is a historic step that takes La Liga and Spanish football to an all-new level,” commented La Liga president Javier Tebas in a statement.
“We understand and respect the concerns this decision may raise, but it is important to put it in context: this is one game out of the 380 that make up the season. La Liga represents millions of fans around the world, including many who follow their teams passionately and deserve the chance to experience seeing them live at least once,” he added.
Tebas’ statement comes after UEFA agreed for two European league matches to be played in other countries, with Villarreal and Barcelona heading to Miami, while Serie A teams AC Milan and Como will play in Australia.
Villarreal has said it will pay transport and hotel costs for season ticket holders wishing to travel to Miami, while La Liga insists “compensation measures have also been put in place for the home club’s season-ticket holders.”
The plan continues to face opposition from fan groups and the players’ union AFE. Real Madrid has also criticized the move, arguing that playing the game in Miami, where most fans are expected to support Barcelona, would turn one of Barcelona’s toughest away fixtures into a virtual home match.
English Caption 1
Players of FC Barcelona celebrate a goal during the La Liga football match between FC Barcelona and Valencia CF in Barcelona, Spain, on Sept. 14, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Players of FC Barcelona celebrate a goal during the Laliga football match between FC Barcelona and Real Madrid in Lluis Companys Olympic Stadium, Barcelona, Spain, on May 11, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Renato Veiga (R) of Villarreal CF celebrates a goal with teammate Santiago Mourino during the UEFA Champions League group stage 2nd round match between Juventus and Villarreal CF in Villarreal, Spain, Oct. 1, 2025. (Str/Xinhua)