Connect with us

International Organizations

China Open တင်းနစ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ကိုကိုဂတ်ဖ်က ဘန်ဆစ်ခ်အား အကြိတ်အနယ်ကစားကာ အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်နှင့် ဆွစ်ဇာလန်တင်းနစ်မယ် ဘယ်လင်ဒါ ဘန်ဆစ်ခ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း စတုတ္ထအဆင့် ပွဲစဉ်၌ ကိုကိုဂတ်ဖ် အမှတ်ယူနိုင်ပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် China Open တင်းနစ်ပြိုင်ပွဲတွင် ဆီဒင်-၂ တင်းနစ်မယ် ကိုကိုဂတ်ဖ်က ဆွစ်ဇာလန်တင်းနစ်မယ် ဘယ်လင်ဒါ ဘန်ဆစ်ခ်အား တစ်ပွဲရှုံးနိမ့်နေသော်လည်း နောက်မှပြန်လိုက်ကစားကာ ၄-၆၊ ၇-၆ (၄)၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

တိုကျိုအိုလံပစ် ချန်ပီယံ ဘန်ဆစ်ခ် (ဆီဒင်-၁၅) မှာ Diamond Court တင်းနစ်ကွင်း၌ ပထမပွဲလတ်တွင် ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ ဆွစ်တင်းနစ်မယ်အနေဖြင့် ကိုးပွဲမြောက် ပွဲငယ်၌ ဂတ်ဖ်၏ သတိလက်လွတ်ဖြစ်မှုကို အသုံးချနိုင်ခဲ့ပြီးနောက် စပေးဘောဖြင့် အမှတ်ယူကာ ပထမပွဲလတ်တွင် အနိုင်ရရှိခဲ့သည်။

ဒုတိယပွဲလတ်တွင်မူ အကြိတ်အနယ်ရှိခဲ့ကာ ကစားသမားနှစ်ဦးစလုံး break point များ အပြန်အလှန်ယူနိုင်ခဲ့ပြီး ဂတ်ဖ်က ပွဲပိုအထိ ဆွဲခေါ်နိုင်ခဲ့သည်။ ဘန်ဆစ်ခ်မှာ ဒုတိယပွဲလတ် ပွဲကစားချိန် အလယ်လောက်တွင် break point ပေးလိုက်ရပြီးနောက် ရက်ကက်အား ကိုင်ပေါက်ကာ ၎င်း၏မကျေနပ်ချက်ကို ပြသခဲ့ပြီး ဂတ်ဖ်၏အဖွဲ့ဘက်မှ ဆူညံသံများ ထွက်ပေါ်နေခြင်းအတွက် ဒိုင်လူကြီးအား ကန့်ကွက်ပြောဆိုခဲ့သည်။ ဂတ်ဖ်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ယှဉ်ပြိုင်သွားခဲ့ပြီး ပွဲပိုတွင် ၇-၄ ဖြင့် အနိုင်ရရှိခဲ့သဖြင့် တစ်ပွဲစီ သရေဖြစ်သွားခဲ့သည်။

အဆုံးအဖြတ်ပွဲတွင်မူ လက်ရှိချန်ပီယံ ဂတ်ဖ်က ပြတ်ပြတ်သားသား အသာရခဲ့ပြီး break point နှစ်ကြိမ် ရရှိကာ ၅-၁ ဖြင့် ဦးဆောင်နိုင်ခဲ့ပြီးနောက် စပေးဘောရမှတ်ဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။ ယခုတစ်ကြိမ်မှာ ဂတ်ဖ်နှင့် ဘန်ဆစ်ခ်တို့၏ ခြောက်ကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ကာ ဂတ်ဖ်က ၄ ပွဲနိုင် ၂ ပွဲ ရှုံးနိမ့်ထားပြီး ၎င်း၏အသာရမှုကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။

အဆိုပါ အသက် ၂၀ အရွယ် အမေရိကန်တင်းနစ်မယ်က ၎င်း၏လက်စွမ်းကို ပြန်လည်သုံးသပ်လျက် ယခုပွဲစဉ်မှာ ၎င်း၏ဇွဲသတ္တိကို စမ်းသပ်သည့် ပွဲစဉ်တစ်ပွဲဖြစ်သည်ဟု ဝန်ခံပြောဆိုခဲ့သည်။

“ဒါက ခက်ခဲတဲ့ပွဲစဉ် တစ်ပွဲဖြစ်ပေမဲ့ ဒီနေ့ ကျွန်မပြိုင်ပွဲဝင်ခဲ့တဲ့ပုံစံကို ကျေနပ်မိပါတယ်” ဟု ဂရင်းစလင်းချန်ပီယံနှစ်ဆုရှင် ဂတ်ဖ်က ဆိုသည်။ “တစ်ခါတစ်လေ ကျွန်မ စိတ်တိုနေတဲ့အချိန်မျိုးမှာ နည်းနည်းပိုကောင်းအောင် ကစားနိုင်တယ်လို့ထင်ပါတယ်။ အဲဒါကြောင့်ပဲ ပထမပွဲ ရှုံးပြီးချိန်မှာ ကျားကုတ်ကျားခဲ တုံ့ပြန်ကစားနိုင်ဖို့ အထောက်အကူဖြစ်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

WTA Finals ပြိုင်ပွဲတွင် လေးကြိမ်ဆက်တိုက် ပါဝင်ခွင့်ရခဲ့သည့် ဂတ်ဖ်အနေဖြင့် အမေရိကန်တင်းနစ်မယ် မက်ကာ့ထ်နေ ကက်ဆလာအား ၄-၆၊ ၆-၁၊ ၆-၂ ဖြင့် အနိုင်ယူခဲ့သည့် ဂျာမနီတင်းနစ်မယ် အီဗာလိစ်နှင့် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်နှင့် ဆွစ်ဇာလန်တင်းနစ်မယ် ဘယ်လင်ဒါ ဘန်ဆစ်ခ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း စတုတ္ထအဆင့် ပွဲစဉ်၌ ဘယ်လင်ဒါ ဘန်ဆစ်ခ် စပေးဘောအား တုံ့ပြန်နေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်နှင့် ဆွစ်ဇာလန်တင်းနစ်မယ် ဘယ်လင်ဒါ ဘန်ဆစ်ခ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် China Open တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း စတုတ္ထအဆင့် ပွဲစဉ်အပြီးတွင် အမှတ်တရ လက်မှတ်ထိုးပေးနေသည့် ကိုကိုဂတ်ဖ် (ဝဲ) အား တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Defending champion Gauff rallies past Bencic into China Open quarterfinals
BEIJING, Sept. 30 (Xinhua) — Second seed Coco Gauff came from a set down to defeat Switzerland’s Belinda Bencic 4-6, 7-6(4), 6-2 and reach the China Open quarterfinals on Tuesday.
Bencic, the 15th seed and Tokyo Olympic champion, broke late in the first set to win 6-4 on Diamond Court. The Swiss capitalized on an untimely lapse from Gauff in the ninth game before holding serve to take the opener.
The second set was tightly contested, with both players trading breaks before Gauff forced a tiebreak. Bencic showed her frustration after being broken midway through the set, smashing her racket and later complaining to the chair umpire about noise from Gauff’s team box. Gauff kept her composure and edged the tiebreak 7-4 to level the match.
The defending champion raced ahead in the decider, breaking twice to lead 5-1 before sealing victory with a service hold. It was their sixth career meeting, with Gauff extending her head-to-head advantage to 4-2.
Reflecting on her performance, the 20-year-old American admitted the contest tested her resolve.
“It was a tough match, but I’m happy with how I fought today,” the two-time Grand Slam winner said. “I think sometimes I can actually play a little better when I’m annoyed, not at myself but at something else. That helped me buckle down after losing the first set.”
Already qualified for her fourth straight WTA Finals, Gauff will next face Germany’s Eva Lys, who rallied past American McCartney Kessler 4-6, 6-1, 6-2.
English Caption 1
Coco Gauff celebrates scoring during the women’s singles fourth round match between Coco Gauff of the United States and Belinda Bencic of Switzerland at 2025 China Open tennis tournament in Beijing, China, Sept. 30, 2025. (Xinhua/Na Yuqi)
English Caption 2
Belinda Bencic hits a return during the women’s singles fourth round match between Coco Gauff of the United States and Belinda Bencic of Switzerland at 2025 China Open tennis tournament in Beijing, China, Sept. 30, 2025. (Xinhua/Xie Han)
English Caption 3
Coco Gauff (L) signs an autograph after the women’s singles fourth round match between Coco Gauff of the United States and Belinda Bencic of Switzerland at 2025 China Open tennis tournament in Beijing, China, Sept. 30, 2025. (Xinhua/Na Yuqi)