International Organizations
ဗင်နီဇွဲလားအသင်းနှင့် ခြေစမ်းပွဲတွင် မက်ဆီ ပါဝင်ဖွယ်မရှိဟု အာဂျင်တီးနားနည်းပြ စကာလိုနီ ပြော

မိုင်ယာမီ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားအသင်းနှင့် အာဂျင်တီးနားအသင်းတို့၏ ခြေစမ်းပွဲ၌ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ပါဝင်ကစားရန် မသေချာကြောင်း အာဂျင်တီးနားအသင်းနည်းပြ လီယွန်နယ် စကာလိုနီက အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။
မက်ဆီအနေဖြင့် ကြံ့ခိုင်မှုပြည့်ဝနေသော်လည်း မိုင်ယာမီမြို့ရှိ Hard Rock အားကစားကွင်း၌ အောက်တိုဘာ ၁၀ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အဆိုပါပွဲစဉ်၌ အခြားကစားသမားများကို အခွင့်အရေးပေးရန် ၎င်းအား အနားပေးဖွယ်ရှိကြောင်း စကာလိုနီက ဆိုသည်။
“ကျွန်တော်တို့ သူနဲ့ဆွေးနွေးပြီးပြီဆိုပေမဲ့ အသင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးပါဘူး” ဟု စကာလိုနီက သတင်းထောက်များကို ပြောကြားခဲ့သည်။ “အဲဒီပွဲစဉ်တွေမှာ စမ်းသပ်တာ၊ စောင့်ကြည့်အကဲဖြတ်တာတွေလုပ်ဖို့ အခွင့်အရေးရှိပေမဲ့ ကျွန်တော်တို့ သူနဲ့ဆွေးနွေးပြီး ဒီနေ့ပဲ ဆုံးဖြတ်မှာပါ။ ဒီပွဲစဉ်တွေကို အဲဒီအတွက် ယှဉ်ပြိုင်ကစားတာမို့လို့ ကျွန်တော့်အနေနဲ့ မတူညီတဲ့ ရွေးချယ်မှုတွေကို စမ်းသပ်ကြည့်ချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
သို့ဖြစ်၍ မက်ဆီအနေဖြင့် အောက်တိုဘာ ၁၁ ရက်၌ အတ္တလန်တာ ယူနိုက်တက်နှင့် ယှဉ်ပြိုင်ကစားမည့် မေဂျာလိဂ်အိမ်ကွင်းပွဲစဉ်၌ အင်တာမိုင်ယာမီအတွက် ပါဝင်ကစားဖွယ်ရှိသည်ဟု အာဂျင်တီးနား မီဒီယာများက ဖော်ပြလျက်ရှိသည်။
အင်တာမိုင်ယာမီအသင်းမှာ လွန်ခဲ့သောနှစ်က လိဂ်ပြိုင်ပွဲ၏ ပုံမှန်ဘောလုံးရာသီအတွင်း အကောင်းဆုံး စံချိန်မှတ်တမ်းဖြင့် အဆုံးသတ်ခဲ့သော်လည်း playoffs အဆင့်၌ ထွက်ခွာခဲ့ရပြီးနောက် ဘလွန်းဒီအော ရှစ်ဆုရှင် မက်ဆီက ၎င်း၏ကလပ်အသင်းအတွက် ပထမဆုံး မေဂျာလိဂ်ဆုဖလား ရယူပေးလိုကြောင်း ဖွင့်ဟပြောဆိုထားသည်။
မက်ဆီအနေဖြင့် ဖလော်ရီဒါအခြေစိုက် ကလပ်အသင်းအတွက် ဦးစားပေးကစားဖွယ်ရှိမရှိ မေးမြန်းရာတွင် စကာလိုနီက “ဒီနေ့ မွန်းလွဲပိုင်းမှာ ကျွန်တော် သူနဲ့ဆွေးနွေးပြီးတာနဲ့ ဆုံးဖြတ်သွားမှာပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။ “ကျွန်တော့်မှာ နောက်ထပ်ပြောစရာ များများစားစားမရှိပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အာဂျင်တီးနားအသင်း လူစာရင်း၌ ရေးဗားပလိတ်နောက်ခံလူ လော်တာရို ရီဗယ်ရို၊ ရေးဆင်းဂိုးသမား ဖာကွန်ဒို ကမ်ဘက်ဆေးစ်နှင့် ပါလ်မီးရက်စ်ကွင်းလယ်လူ အန်နီဘယ် မိုရီနို စသည့် အသင်းအတွက် ရွေးချယ်ခံရဖူးခြင်း မရှိသေးသည့် မျက်နှာသစ်ကစားသမားသုံးဦး ပါဝင်လာခဲ့သည်။
၎င်း၏ကစားသမားများအနေဖြင့် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် အသင်းလူစာရင်း၌ နေရာတစ်နေရာရရှိရန် ကြိုးပမ်းနေချိန်တွင် ရရှိလာသော အခွင့်အရေးများကို အမိအရအသုံးချရန် စကာလိုနီက အသင်းသားများကို တိုက်တွန်းထားသည်။
“အဓိကစိတ်ကူးကတော့ အသင်းတစ်သင်းအနေနဲ့ စုစုစည်းစည်း ဆက်ပြီးကစားဖို့ပါပဲ” ဟု အသက် ၄၇ နှစ်အရွယ် စကာလိုနီက ဆိုသည်။ “အချိန်မတန်ခင်မှာ အပြီးသတ်လူစာရင်းအတွက် ဆုံးဖြတ်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ အင်အားထပ်ဖြည့်ထားတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ကစားသမားသစ်တွေအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ နေရာတစ်နေရာရအောင် လုပ်ရပါမယ်။ ဘယ်သူပဲဖြစ်ဖြစ် အစွမ်းအစတွေကို ထုတ်ပြနိုင်ဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။
အာဂျင်တီးနားအသင်းမှာ ဗင်နီဇွဲလားအသင်းနှင့် ယှဉ်ပြိုင်ကစားပြီးနောက် နောက်ထပ်ခြေစမ်းပွဲအဖြစ် ဖို့ထ် လော်ဒါဒေးလ်မြို့တွင် ပွာတိုရီကိုအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ အာဂျင်တီးနားကစားသမား လီယွန်နယ် မက်ဆီ ဘောလုံးထိန်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားအသင်းနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်မတိုင်မီ အာဂျင်တီးနားကစားသမား လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)
……………………
(English Version)
Messi could skip Venezuela friendly, says Scaloni
MIAMI, Oct. 9 (Xinhua) — Argentina manager Lionel Scaloni said Thursday he was still unsure if captain Lionel Messi would play in the Albiceleste’s friendly against Venezuela.
Scaloni said that despite being fit, Messi could be rested for Friday’s clash at Miami’s Hard Rock Stadium to give opportunities to other players.
“We’ve spoken with him but we haven’t decided on the team yet,” Scaloni told reporters. “These matches give us a chance to try things and observe, but we’ll talk with him and decide today. I’d like to test different options because that’s what these games are for.”
Argentine media reported that Messi might instead feature for Inter Miami in its home MLS clash with Atlanta United on Saturday.
The eight-time Ballon d’Or winner has spoken of his desire to help his club to its first MLS title, having finished with the league’s best regular-season record last year before being eliminated in the playoffs.
“I’ll speak with him this afternoon and then we’ll decide,” Scaloni said when asked whether he could prioritize playing for the Florida side. “I don’t have much more to say. We’ll wait and see.”
Argentina’s squad includes three uncapped players: River Plate defender Lautaro Rivero, Racing goalkeeper Facundo Cambeses and Palmeiras midfielder Anibal Moreno.
Scaloni challenged his players to capitalize on their opportunity as they seek a place in the Albiceleste’s squad for the 2026 FIFA World Cup in the United States, Mexico and Canada.
“The main idea is to keep playing as a team,” the 47-year-old said. “The final list won’t be decided until the end. We already have many spots filled. They [new players] will have to earn their place in these games. Whoever plays needs to show they belong.”
After playing Venezuela, Argentina will meet Puerto Rico in another friendly in Fort Lauderdale.
English Caption 1
Argentina’s head coach Lionel Scaloni is seen before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Colombia in Buenos Aires, Argentina, June 10, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Lionel Messi of Argentina controls the ball during the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 3
Lionel Messi of Argentina reacts before the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sep. 4, 2025. (Photo by Martin Zabala/Xinhua)