Connect with us

International Organizations

ဝူဟန့်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ဆာဘလန်ကာနှင့် ဂတ်ဖ်တို့ ကွာတားဖိုင်နယ်တက်ရောက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ဝူဟန့်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်အဖြစ် ရုရှားတင်းနစ်မယ် လျူဒီမီလာ ဆမ်ဆိုနိုဗာနှင့် ယှဉ်ပြိုင်စဉ် စပေးဘောအား တုံ့ပြန်နေသည့် ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၉ ရက်က တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ဝူဟန့်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာက ရုရှားတင်းနစ်မယ် လျူဒီမီလာ ဆမ်ဆိုနိုဗာအား ၆-၃၊ ၆-၂ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီး အဆိုပါမြို့တွင် ရှုံးပွဲမရှိသေးသည့် ၎င်း၏မှတ်တမ်းကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
ဆီဒင်-၁ ဘီလာရုစ်တင်းနစ်မယ်မှာ ယခုပွဲတွင် အနိုင်ရရှိရန် ၁ နာရီနှင့် ၁၅ မိနစ်သာ အချိန်ယူခဲ့ရပြီး ဝူဟန့်အိုးပင်း ဆုဖလားကို စံချိန်တင်အဖြစ် လေးကြိမ်မြောက်ရယူနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။ “ကျွန်မ သိပ်ပျော်ပါတယ်။ လက်စွမ်းအရရော ရလဒ်ပြတ်ပြတ်သားသားနဲ့ ဒီပွဲစဉ်ကို အဆုံးသတ်နိုင်ခဲ့တဲ့အတွက်ပါ ဝမ်းမြောက်မိပါတယ်။ ဒီစွမ်းဆောင်ရည်အတွက် တကယ့်ကိုကျေနပ်ပါတယ်” ဟု ဆာဘလန်ကာက ပြောသည်။
၎င်းထိန်းသိမ်းထားသည့် မှတ်တမ်းကောင်းနှင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် စံချိန်တင်အောင်မြင်မှု ရယူနိုင်ဖွယ်ရှိသည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ဆာဘလန်ကာက ၎င်းအနေဖြင့် ယခင် ဂန္ထဝင် တင်းနစ်အကျော်အမော်များနှင့် နှိုင်းယှဉ်ခြင်းထက် တစ်ကိုယ်ရေ တိုးတက်မှုကိုသာ ပိုမိုအာရုံစိုက်ထားသည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
“ကျွန်မတို့အားလုံးနီးပါးက စံချိန်မှန်သမျှကို ချိုးဖျက်ချင်ကြတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရာကတော့ ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့ပြိုင်ပွဲအပေါ်မှာပါ အာရုံစိုက်ဖို့နဲ့ ကစားသမားတစ်ယောက်၊ လူသားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်နေတဲ့အပေါ်မှာ အာရုံစိုက်ဖို့ပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ ဆုဖလားတွေကို ရယူချင်ရင် ဒါမှမဟုတ် စံချိန်တွေကို ချိုးဖျက်ဖို့ဆိုရင် အဲဒီလိုမျိုး လုပ်သင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒိန်းမတ်တင်းနစ်မယ် ကလာရာ တူဆန်နှင့် ဆီဒင်-၇ အီတလီတင်းနစ်မယ် ဂျက်စမင် ပေါ်လီနီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ တူဆန်မှာ ၃-၆၊ ၆-၁၊ ၃-၁ ရလဒ်ထွက်ပေါ်နေစဉ် ညာဘက်ပေါင်ဒဏ်ရာကြောင့် ဆက်မကစားနိုင်တော့သည့်အတွက် ပေါ်လီနီမှာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ အဆိုပါ အနိုင်ရလဒ်ကြောင့် ပေါ်လီနီအနေဖြင့် ယခုရာသီ၌ WTA နိုင်ပွဲ ၄၀ ပြည့်မြောက်ခဲ့ပြီဖြစ်ကာ ၂၀၂၄ ခုနှစ်က ရရှိခဲ့သည့် ၎င်း၏ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးစံချိန်နှင့်လည်း တူညီသွားပြီဖြစ်သလို ဝူဟန့်အိုးပင်း ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။
အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်က တရုတ်တင်းနစ်မယ် ကျန်းစွိုက်အား ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်မှာ တစ်နာရီမျှသာ ကြာမြင့်ခဲ့သည်။ “ဒီပွဲမှာ လက်စွမ်းအတက်အကျ အနည်းငယ်ရှိခဲ့ပေမဲ့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့လို့ ကျွန်မပျော်ပါတယ်။ တချို့အခိုက်အတန့်တွေမှာ ကျွန်မရဲ့အကောင်းဆုံးပုံစံ မဟုတ်ခဲ့ပေမဲ့ ဒီအဆင့်ကို ရောက်လာခဲ့လို့ ကျွန်မပျော်ပါတယ်” ဟု ဂတ်ဖ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ဝူဟန့်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်အဖြစ် တရုတ်တင်းနစ်မယ် ကျန်းစွိုက်နှင့် ယှဉ်ပြိုင်စဉ် ရမှတ်ရယူနိုင်ပြီးနောက် အောင်ပွဲခံနေသည့် အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ဝူဟန့်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်အဖြစ် အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်နှင့် ယှဉ်ပြိုင်နေသည့် တရုတ်တင်းနစ်မယ် ကျန်းစွိုက်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………….
(English Version)
Sabalenka, Gauff advance to Wuhan Open quarterfinals
WUHAN, Oct. 9 (Xinhua) — World No. 1 Aryna Sabalenka powered into the quarterfinals of the Wuhan Open on Thursday, defeating Russia’s Liudmila Samsonova 6-3, 6-2 to extend her unbeaten record in the central Chinese city, while third seed Coco Gauff downed Chinese veteran Zhang Shuai in straight sets.
The top-seeded Belarusian needed just an hour and 15 minutes to secure the victory, maintaining her bid for a record fourth Wuhan title. “I’m super happy,” Sabalenka said after the match. “Happy with the level of it, happy to close this match in straight sets, and just really pleased with the performance.”
When asked whether she thinks about her legacy and the possibility of chasing all-time records, Sabalenka said she focuses more on self-improvement than on comparisons with past greats.
“I think almost all of us want to beat all the records,” she said. “But the right thing to do is focus on yourself, on your game, on developing yourself as a player and a person. If you deserve these big titles or to break some records, you’ll do it anyway.”
Meanwhile, seventh seed Jasmine Paolini of Italy advanced after Denmark’s Clara Tauson retired due to a right thigh injury while trailing 3-6, 6-1, 3-1. The victory marked Paolini’s 40th WTA main-draw win of the season, matching her career-best total from 2024 and securing her a place in the Wuhan Open quarterfinals for the first time.
Gauff cruised past Zhang 6-3, 6-2 in just an hour. “It was a little bit up and down, but I’m happy to be into the next round. It wasn’t my best like level at some points, but I’m happy that I got there,” Gauff said after the match.
English Caption 1
Aryna Sabalenka of Belarus hits a return during the women’s singles round of 16 match against Liudmila Samsonova of Russia at the 2025 Wuhan Open tennis tournament in Wuhan, central China’s Hubei Province, Oct. 9, 2025. (Xinhua/Cheng Min)
English Caption 2
Coco Gauff of the United States celebrates scoring during the women’s singles round of 16 match against Zhang Shuai of China at the 2025 Wuhan Open tennis tournament in Wuhan, central China’s Hubei Province, Oct. 9, 2025. (Xinhua/Wu Zhizun)
English Caption 3
Zhang Shuai of China reacts during the women’s singles round of 16 match against Coco Gauff of the United States at the 2025 Wuhan Open tennis tournament in Wuhan, central China’s Hubei Province, Oct. 9, 2025. (Xinhua/Wu Zhizun)