Connect with us

International Organizations

Medvedev ရှန်ဟိုင်းမာစတာတင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတက်ရောက်

တရုတ်နိုင်ငံ အ‌ရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ကျင်းပသည့် ATP World Tour ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဥ်၌ ရုရှားနိုင်ငံမှ Daniil Medvedev နှင့် သြစတြေးလျနိုင်ငံမှ Alex de Minaur တို့ ယှဥ်ပြိုင်ကြရာ Daniil Medvedev ၏ တုံ့ပြန်ရိုက်ချက်ကို တွေ့ရစဥ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် Daniil Medvedev က အဆင့် ၇ နေရာရှိ သြစတြေးလျနိုင်ငံမှ Alex de Minaur အား ၆-၄၊ ၆-၄ ဖြင့်အနိုင်ရရှိကာ အောက်တိုဘာ ၁၀ ရက်တွင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
အဆိုပါ ၂၀၁၉ ရှန်ဟိုင်းမာစတာ ချန်ပီယံသည် ace ဖြင့် ပွဲအနိုင်ရရှိခဲ့ပြီး ၎င်း၏ ၆၁ ကြိမ်မြောက် ကျွမ်းကျင်အဆင့် ATP Tour အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော် အလွန်ပင်ပန်း‌ခဲ့ပါတယ်၊ Learner နဲ့ယှဥ်ပြိုင်သလိုပဲ Alex နဲ့ယှဥ်ပြိုင်ရတာကလည်း အချိန်ကြာကြာကစားပြီးမှ အမှတ်ရလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်” ဟု Medvedev က ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ယခင်ပွဲစဥ်တွင် Learner Tien နှင့် သုံးနာရီနီးပါး ယှဥ်ပြိုင်ခဲ့ရသည်။ “တတိယနဲ့ စတုတ္ထပွဲမှာ အကြာကြီး ယှဥ်ပြိုင်ခဲ့ရတယ်လို့ ကျွန်တော်ထင်တယ်၊ ဒီနေ့က ကြာရှည်တဲ့နေ့တစ်နေ့ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ ကျွန်တော်ကစားခဲ့တဲ့ပုံကို သဘောကျပါတယ်” ဟု ၎င်းက ဆိုသည်။
“အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ ကျွန်တော် တကယ်ကို ချုပ်ကိုင်ကစားနိုင်ခဲ့ပါတယ်၊ ဘောလုံးကို အကောင်းဆုံးရိုက်ပြီး သူ့အပေါ်ဖိအားပေး ကစားနိုင်ခဲ့ပါတယ်၊ ဒုတိယပွဲကတော့ ခက်ခဲတဲ့ပွဲဖြစ်ပါတယ်၊ ဒါပေမဲ့လည်း အဆုံးမှာတော့ ကျွန်တော်အကောင်းဆုံးကို လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ကျွန်တော် ဒီအဆင့်နဲ့ကစားနိုင်ခဲ့တာ တကယ့်ကိုပျော်ရွင်ပါတယ်” ဟု ၎င်းက ထပ်မံပြောဆိုခဲ့သည်။
တစ်ချိန်တည်းတွင် ပြင်သစ်နိုင်ငံမှ Arthur Rinderknech က ကနေဒါနိုင်ငံမှ Felix Auger-Aliassime ကို ၆-၃ ၊၆-၄ ရမှတ်ဖြင့် အနိုင်ယူကာ ၎င်း၏ပထမဆုံး ရှန်ဟိုင်းမာစတာ အကြိုဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သည်။
၁၉၉၅ ခုနှစ်တွင်မွေးဖွားသည့် Rinderknech သည် ယခုနှစ်ပြိုင်ပွဲ၏ အံ့သြဖွယ်ရာ ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။
“မယုံနိုင်စရာပါပဲ၊ ဒီနေ့က ကျွန်တော့်အတွက် ကောင်းမွန်တဲ့စွမ်းဆောင်နိုင်မှုပါပဲ၊ ပွဲပြတ်အနိုင်ရခဲ့လို့ ပျော်ပါတယ်၊ မနက်ဖြန်အတွက် သိပ်ပင်ပန်းတော့မှာ မဟုတ်ပါဘူး” ဟု Rinderknech က ပြောကြားခဲ့သည်။ (Xinhua)


………………………….
(English Version)
Medvedev into Shanghai Masters semifinals
SHANGHAI, Oct. 10 (Xinhua) — Daniil Medvedev defeated seventh seed Alex de Minaur of Australia 6-4, 6-4 to reach the semifinals of the Shanghai Masters on Friday.
The 2019 Shanghai Masters champion sealed victory with an ace and has now advanced to his 61st career ATP Tour semifinal.
“I was super tired, and I knew that against Alex, like against Learner, we would have long points,” said Medvedev, who had battled nearly three hours against Learner Tien in the previous round. “I think in the third or fourth game we had a couple of long rallies, and I thought it was going to be a long day, but I’m happy with the way I played.”
“I was really clutch in the important moments, hitting the ball great, and putting him under pressure. The second set was tight, but I found my best at the end. I’m really happy with the level,” he added.
Meanwhile, France’s Arthur Rinderknech defeated Canada’s Felix Auger-Aliassime 6-3, 6-4 to reach his first Shanghai Masters semifinal.
Rinderknech, born in 1995, has been one of the surprises of this year’s tournament.
“It has been incredible, and today was a good performance from myself. I’m happy it was in straight sets, so I’m not too tired for tomorrow,” Rinderknech said.
Photo 1: Daniil Medvedev hits a return during the men’s singles quarterfinal between Daniil Medvedev of Russia and Alex de Minaur of Australia at the ATP World Tour Shanghai Masters tennis tournament in Shanghai, east China, Oct. 10, 2025. (Xinhua/Chen Haoming)