Connect with us

International Organizations

ဖရန့်ဖွတ်အား ဂိုးပြတ်အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂရီးဇ်မန်းက အက်သလက်တီကိုအတွက် ဂိုး ၂၀၀ ပြည့် သွင်းဂိုးကို သွင်းယူနိုင်ခဲ့

ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ကိုင်ရတ် အယ်လ်မာတီနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမား ကီလီယန် အမ်ဘာပေ (ယာ) ဂိုးကန်သွင်းနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၃၀ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဘောလုံးပွဲစဉ်တွင် အက်သလက်တီကို မက်ဒရစ်က အိန်းထရက်ချ် ဖရန့်ဖွတ်အား အိမ်ကွင်း၌ ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်တွင် အန်တိုနီ ဂရီးဇ်မန်းက အက်သလက်တီကိုအတွက် ဂိုး ၂၀၀ ပြည့်သွင်းဂိုးကို သွင်းယူနိုင်ခဲ့သည်။
ဒီယေဂို ဆီမြွန်နီ၏ အသင်းအနေဖြင့် စက်တင်ဘာ ၂၇ ရက်က မြို့ခံပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အား ၅-၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ယခုကဲ့သို့ ဂိုးပြတ်နိုင်ပွဲကို ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သလို ယခုပွဲစဉ်၌လည်း ပွဲကိုလျင်လျင်မြန်မြန် စတင်ကာ ဦးဆောင်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
အလက်ဇန်းဒါး ဆော်လော့သ်၏နေရာတွင် ပွဲထွက်ကစားခဲ့သည့် ဂျာကိုမို ရက်စ်ပါဒိုရီက ပွဲစပြီး သုံးမိနစ်အကြာတွင် လျှံထွက်လာသည့် ဘောလုံးကို ခြောက်ကိုက်စည်းအတွင်းမှ အလျင်အမြန်ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့ပြီး အဆိုပါသွင်းဂိုးမှာ အသင်းအတွက် ၎င်း၏ပထမဆုံးသွင်းဂိုးလည်းဖြစ်သည်။
ပွဲချိန် ၃၂ မိနစ်တွင် အက်သလက်တီကို ထောင့်ကန်ဘောရရှိခဲ့ရာ ဂရီးဇ်မန်း ပြန်ချပေးရာမှ ရော်ဘင် လီနော်မန်းက အပိုင်ပိတ်သွင်းကာ ဒုတိယဂိုးသွင်းယူခဲ့သည်။ ပထမပိုင်း နာကျင်အချိန်ပိုတွင် ဟူလီယန် အယ်လ်ဗာရက်ဇ်က ဖရန့်ဖွတ်ခံစစ်အား ထိုးဖောက်ကာ ဖန်တီးပေးမှုကို ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းက အနီးကပ်ပိတ်သွင်း၍ အနိုင်ဂိုးထပ်မံသွင်းယူခဲ့သည်။
ပွဲချိန် ၅၇ မိနစ်တွင် ဖရန့်ဖွတ်ကစားသမား ဂျိုနသန် ဘာကာ့ထ်က ပင်နယ်တီဧရိယာအစပ်နားမှ ကန်သွင်းကာ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သော်လည်း ဂူလီယာနို ဆီမြွန်နီက ထောင့်ကန်ဘောမှတစ်ဆင့် ပါးပါးနပ်နပ် အဆုံးသတ်နိုင်ခဲ့သဖြင့် အက်သလက်တီကိုက သုံးဂိုးအသာဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၀ မိနစ်အလို၌ ဖရန့်ဖွတ်ဂိုးဧရိယာထဲတွင် အယ်လ်ဗာရက်ဇ် ပြစ်ဒဏ်ကျူးလွန်ခံရသည့်အတွက် ပင်နယ်တီရရှိခဲ့ရာ အဆိုပါပွဲစဉ်တွင် ခြေစွမ်းပြနေသည့် အယ်လ်ဗာရက်ဇ်က ပင်နယ်တီကို ၎င်းကိုယ်တိုင် အမှားအယွင်းမရှိကန်သွင်း၍ အက်သလက်တီကိုအတွက် ငါးဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့သည်။
ယင်းနေ့အစောပိုင်းက ရီးရဲလ်မက်ဒရစ်နှင့် ကာဇက်စတန်ကလပ် ကိုင်ရတ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က အဝေးကွင်း၌ ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ကာ ကီလီယန် အမ်ဘာပေက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အက်ဒွါဒို ကာမာဗင်ဂါနှင့် ဘရာဟင် ဒီယက်ဇ်တို့ကလည်း တစ်ဂိုးစီသွင်းယူခဲ့သည်။ (Xinhua)

ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ကိုင်ရတ် အယ်လ်မာတီနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် ကစားသမားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ အယ်လ်မာတီမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ကိုင်ရတ် အယ်လ်မာတီနှင့် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ် ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

…………………..
(English Version)
Griezmann nets 200th goal as Atletico routs Eintracht
MADRID, Sept. 30 (Xinhua) — Antoine Griezmann scored his 200th goal for Atletico Madrid as the club’s strong run continued on Tuesday with a 5-1 home win over Eintracht Frankfurt in the Champions League.
The victory followed Atletico’s 5-2 triumph over city rivals Real Madrid on Saturday, and Diego Simeone’s side made another fast start.
Giacomo Raspadori, starting in place of Alexander Sorloth, pounced on a loose ball in the six-yard box to score just three minutes into the match, his first goal for the club.
Robin le Normand doubled the lead in the 32nd minute, turning in a corner flicked on by Griezmann. The French forward struck again in first-half stoppage time, finishing from close range after Julian Alvarez broke through and squared a pass.
Eintracht reduced the deficit in the 57th minute through Jonathan Burkardt, who finished from near the penalty spot. But Giuliano Simeone restored the three-goal cushion with a sharp finish from another corner.
Ten minutes from time, Alvarez was fouled in the box and converted the penalty himself, capping an excellent performance with Atletico’s fifth.
Earlier Tuesday, Kylian Mbappe scored a hat trick as Real Madrid cruised to a 5-0 win away to Kazakhstan’s Kairat. Eduardo Camavinga and Brahim Diaz added the other goals.
English Caption 1
Kylian Mbappe (R)of Real Madrid shoots during the UEFA Champions League match between Kairat Almaty and Real Madrid in Almaty, Kazakhstan, on Sept. 30, 2025. (Xinhua/Li Renzi)
English Caption 2
Players of Real Madrid celebrate a goal during the UEFA Champions League match between Kairat Almaty and Real Madrid in Almaty, Kazakhstan, on Sept. 30, 2025. (Xinhua/Li Renzi)
English Caption 3
Players of Real Madrid pose for photo before the UEFA Champions League match between Kairat Almaty and Real Madrid in Almaty, Kazakhstan, on Sept. 30, 2025. (Xinhua/Li Renzi)