Connect with us

International Organizations

ဒဏ်ရာရဒါနီကာဗာဂျယ် ပွဲကစားခွင့်နှစ်ပွဲ ပိတ်ခံရ

ရီးရဲလ်မက်ဒရစ်အသင်းဘောလုံးကစားသမား ဒါနီကာဗာဂျယ် ပြိုင်ပွဲအတွင်း ဂိုးကန်သွင်းနေစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ချန်ပီယံလိဂ်ပွဲစဥ် အိုလံပစ်မာဆေးလ်အသင်းကို ၂-၁ ဖြင့် အိမ်ကွင်းတွင်အနိုင်ရရှိခဲ့သည့် စက်တင်ဘာ ၁၆ ရက် ပွဲတွင် အနီကတ်အပြခံခဲ့ရသောကြောင့် ရီးရဲလ်မက်ဒရစ်အသင်း နောက်ခံလူ ဒါနီကာဗာဂျယ်ကို UEFA က ပွဲကစားခွင့်နှစ်ပွဲ ပိတ်ပင်ခဲ့ကြောင်း သိရသည်။
တစ်ဖက်ဂိုးသမား Geronimo Rulli ကို ခေါင်းနှင့်တိုက်ခဲ့သည့်အတွက် ရီးရဲလ်နောက်ခံလူ ဒါနီကာဗာဂျယ်သည် ပွဲကစားချိန် ၇၂ မိနစ်တွင် ဒိုင်လူကြီး၏အနီကတ်ပြထုတ်ပယ်ခြင်းကိုခံခဲ့ရသည်။ အခြားကစားသမားအ‌ပေါ် ရန်လိုတိုက်ခိုက်မှုနှင့် UEFA က ၎င်းကို အရေးယူခဲ့ပြီး နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒါနီကာဗာဂျယ်သည် ကာဇက်စတန်နိုင်ငံမြို့‌တော် အယ်လ်မတ်တီကို သွားရောက်ကာ Kairat အသင်းနှင့် စက်တင်ဘာ ၃၀ ရက်ည ကစားမည့်ပွဲကို လွဲချော်မည်ဖြစ်သလို ဂျူဗင်တပ်အသင်းနှင့် အောက်တိုဘာ ၂၂ ရက် အိမ်ကွင်းပွဲကိုလည်း ဆိုင်းငံ့ရမည်ဖြစ်သည်။ သို့သော်လည်း စက်တင်ဘာ ၂၇ ရက်က အက်သလက်တီကို မက်ဒရစ်အသင်းကို ၅-၂ ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့ရသည့်ပွဲတွင် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းသည် နှစ်ပွဲလုံး လွဲချော်မည့်အခြေအနေတွင် ရှိနေခြင်းလည်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Two-game ban for injured Carvajal
MADRID, Sept. 30 (Xinhua) — Real Madrid full-back Dani Carvajal has been given a two-game ban by UEFA for the red card he was shown in his side’s 2-1 Champions League win at home to Olympique de Marseille on September 16.
The defender was sent off in the 72nd minute of the game for a headbutt on visiting goalkeeper, Geronimo Rulli, with UEFA sanctioning him for “aggression on another player” and imposing a two-match suspension.
Carvajal misses Tuesday night’s visit to play Kairat in the Kazakhstani city of Almaty and will also be suspended for the home game against Juventus on October 22, although he would have missed both games anyhow after injuring his calf in Saturday’s 5-2 thrashing by Atletico Madrid.
Photo : Dani Carvajal of Real Madrid shoots to score during the match. (Photo by Gustavo Valiente/Xinhua)