Asia
လေဆိပ်အဆောက်အအုံသစ်က တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေး၊ယဥ်ကျေးမှုပေါင်းစည်းရေး တောက်ပသည့် သင်္ကေတ ဖြစ်လာ

မာလေ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အပေါ်စီးမှ မြင်ရသည့် Velana နိုင်ငံတကာလေဆိပ်အဆောက်အအုံသစ်နေရာသည် အိန္ဒိယသမုဒ္ဒရာ၏ စိမ်းပြာရောင်ရေပြင်တစ်လျှောက် စီးဆင်းနေသည့် ဖဲကြိုးတစ်ခုလို လင်းလက်လျက်ရှိသည်။ ၎င်း၏ လှိုင်းတွန့်ပုံစံ မျက်နှာစာနှင့် ချောမွေသည့်သဲပြင်၏အရောင်သည် မော်လ်ဒိုက်ပင်လယ်ကမ်းခြေနှင့် လေပြည်ညှင်းများကို ပဲ့တင်ထပ်လျက် တရစပ်ပြန့်ပြောလျက်ရှိသော ကျွန်းရူခင်းနှင့် ရောစပ်လျက်ရှိသည်။
အနီးတွင် တရုတ်-မော်လ်ဒိုက် ချစ်ကြည်ရေးတံတားက ရေလက်ကြားကို ကျော့ကျော့မော့မော့ဖြတ်ကျော်လျက် သိသာထင်ရှားသည့် မော်လ်ဒိုက်မြိုတော်၏နောက်ခံပုံရိပ်ကို အတူတကွပုံဖော်ပေးနေသည်။
တရုတ်နိုင်ငံ Harbour အင်ဂျင်နီးယားရင်း ကုမ္ပဏီလီမိတက်(CHEC) ကတည်ဆောက်သည့် လေဆိပ် အဆောက်အအုံသစ်ကို ယခုနှစ် ဇူလိုင်က တရားဝင်အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့သည် ။မော်လ်ဒိုက်နိုင်ငံ၏ နှစ် ၆၀ ပြည့်လွတ်လပ်ရေးအထိမ်းအမှတ် တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတ Mohamed Muizzu က လေဆိပ်သစ်ကို ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံ၏ သမိုင်းဝင်အောင်မြင်မှုဟု ခေါ်ဆိုခဲ့သည်။
မော်လ်ဒိုက်နိုင်ငံသားတွေအတွက်တော့ ဒီစီမံကိန်းသည် ကာလကြာရှည် မက်ခဲ့ရသော အိပ်မက်တစ်ခု အကောင်အထည်ပေါ် ဖြည့်စွမ်းပေးခြင်းပင်ဖြစ်သည်။
“ကျွန်းနိုင်ငံတစ်ခုအဖြစ် လေဆိပ်ဟာ ကျွန်တော်တို့အတွက် အရာအားလုံးဆိုတဲ့အဓိပ္ပာယ်ရပါတယ်” “သူတို့က ကျွန်တော်တို့ကို ကမ္ဘာနှင့်ချိတ်ဆက်ပေးတယ် ၊ကမ္ဘာ့ ဘယ်နေရာမဆိုပေါ့ ၊မော်လ်ဒိုက်နိုင်ငံသားအများစုက လေဆိပ်ကို ကျွန်တော်တို့ရဲ့လွတ်လပ်ခြင်းရဲ့ သင်္ကေတနဲ့ လွတ်မြောက်ခြင်း အဖြစ်ရူမြင်ကြတယ်” ဟု မော်လ်ဒိုက် လေဆိပ်ကုမ္ပဏီလီမိတက်၏ လေဆိပ်စီမံကိန်းဌာန ဒုတိယအရာရှိချုပ် Ibrahim Ali Habeeb က ပြောကြားခဲ့သည်။
၁၉၈၁ ခုနှစ်တွင်ဖွင့်လှစ်ခဲ့သည့်လေဆိပ်အဆောက်အအုံဟောင်းသည် ခရီးသည်များပြားလာမှုကြောင့် နောက်တွင်ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း Habeeb က ပြောကြားခဲ့သည်။ “ နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့ ပြည်သူတွေဟာ ခေတ်မီလေဆိပ်သစ်တစ်ခု မျှော်လင့်ခဲ့ကြသည် ယခုအချိန်တွင် ကျွန်တော်တို့၏ တရုတ်မိတ်ဆွေများ အကူအညီဖြင့် အိပ်မက်ကတကယ်ဖြစ်လာခဲ့ပါပြီ” ဟု ၎င်းက ပြောကြားခဲ့သည်။
လေဆိပ်အဆောက်အအုံသစ်သည် ကမ္ဘာ့ခရီးသွားပန်းတိုင်နေရာတစ်ခုအဖြစ် မော်လ်ဒိုက်၏စွမ်းရည်ကို ကြီးမားစွာမြှင့်တင်ပေးခဲ့ပါသည်။၎င်းအဆောက်အအုံသစ်ကိုအသုံးပြုခြင်းဖြင့် Velana နိုင်ငံတကာလေဆိပ်တွင် နှစ်စဥ် ခရီးသည်လက်ခံနိုင်မှု ၂ သန်းမှ ၇ သန်းအထိ မြင့်တက်လာခဲ့သည်။ အသိဉာဏ်ရှိ ခရီးဆောင်အိတ် ကိုင်တွယ်ဖြေရှင်းမှုစနစ်၊ထိရောက်သည့် အကောက်ခွန်ရှင်းလင်းရေးစနစ်နှင့် နိုင်ငံတကာခရီးစဥ်မှတစ်ဆင့် ရေယာဥ်ပျံသို့ ကူးပြောင်းရန်အတွက် ပေါင်းစပ်ကောင်တာများ ပါရှိသည့် လေဆိပ်အဆောက်အအုံသစ်သည် ပိုမိုထိရောက်သည့် ခရီးသွားအတွေ့အကြုံပေးဝေခဲ့သည်။
တရုတ်အင်ဂျင်နီယာများ၏ လမ်းညွှန်မှုအောက်တွင် စီမံကိန်းတွင် အဆင့်မြင့်နည်းပညာအများအပြား အသုံးပြုခဲ့ကြောင်းသိရသည်။
အပူထုတ်လွှတ်မှုလျော့နည်းသည့်မှန်များ သဘာဝအလင်းရောင်ရရှိမှုကိုထိန်းသိမ်းထားပြီး အပူကူးပြောင်းမှုကိုလျှော့ချပေးမည်ဖြစ်ပြီး အဆောက်အအုံ၏ စွမ်းအင်သုံးစွဲမှုကို လျော့နည်းစေသည်။ စိုထိုင်းသည့်ကမ်းရိုးတန်းရာသီဥတုနှင့်သင့်လျော်သည့် တစ်နေရာတည်း အားကောင်းကောင်းတိုက်ခတ်စေသည့် လေထွက်ပေါက်များသည် တည်ငြိမ်သော လေအေးပေးစနစ် လုပ်ဆောင်မှုနှင့် ခရီးသည်များအတွက် သက်သောင့်သက်သာရှိမှုကို သေချာစေသည်။ အသိဉာဏ်ရှိ နေရာချလမ်းညွှန်စနစ်က ပုံမှန်လေယာဥ်နေရာချစနစ်ကိုအစားထိုးပြီး လေယာဥ်များ အလိုအလျောက် လမ်းညွှန်မှုအပြည့်အဝရှရှိစေသည်။
“ကျွန်တော်တို့အသုံးပြုခဲ့တဲ့ပစ္စည်းတွေက ကုန်ကျစရိတ်လျှော့ချစဥ်မှာ ဘေးကင်းမှုအမြင့်မားဆုံးအဆင့်ကို ရရှိခဲ့ပါတယ်” “ ယခုစီမံကိန်းသည် တရုတ်နိုင်ငံ၏အဆင့်အတန်း၊တီထွင်ဆန်းသစ်မှုနှင့်ထိရောက်မှုကို သယ်ဆောင်ပြီးကမ္ဘာနဲ့မျှဝေခဲ့ပါတယ်” ဟု Li ကမှတ်ချက်ပြုပြောကြားပါတယ်။
Habeeb က လေဆိပ်အဆောက်အအုံသစ်သည် နည်းပညာဆိုင်ရာခေတ်မီမှုနှင့် ယဥ်ကျေးမှုအပေါ်လေးစားမှု ပေါင်းစပ်ထားကြောင်း အလေးပေးပြောဆိုခဲ့သည်။
“ တရုတ် အင်ဂျင်နီယာပညာ က မော်လ်ဒိုက် ရိုးရာဓလေ့နှင့် တွေ့ဆုံခဲ့ခြင်း ခေတ်မီစနစ်တွေကနေ အကွေးအကောက်စိတ်ကူးပုံဖော်မှုတွေအထိ လေဆိပ်အဆောက်အအုံသစ်သည် တရုတ်နိုင်ငံနှင့် မော်လ်ဒိုက်နိုင်ငံအကြား ပြည်သူမှပြည်သူသို့ဆက်သွယ်ရေးနှင့်ယဥ်ကျေးမှုပေါင်းစည်းရေးအတွက် ပြည့်စုံသော နမူနာတစ်ခုအဖြစ် ရပ်တည်နေကြောင်း” ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

မော်လ်ဒိုက်နိုင်ငံ မာလေရှိ Velana နိုင်ငံတကာလေဆိပ်အတွင်းဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)
……………………….
(English Version)
New terminal becomes shining symbol of China-Maldives friendship, cultural convergence
MALE, Oct. 13 (Xinhua) — From above, the new terminal building of Velana International Airport gleams like a flowing ribbon along the turquoise waters of the Indian Ocean. Its wave-like facade and smooth, sand-colored tones echo the beaches and sea breeze of the Maldives, blending seamlessly with the island landscape.
Nearby, the China-Maldives Friendship Bridge extends gracefully across the channel, together forming a striking silhouette of the Maldivian capital.
Built by China Harbour Engineering Company Limited (CHEC), the new terminal was officially inaugurated in July this year. On July 26 — part of celebrations marking the 60th anniversary of the Maldives’ independence — President Mohamed Muizzu unveiled the terminal, calling it a “landmark achievement for the nation’s future.”
For Maldivians, the project fulfills a long-cherished dream.
“As an island nation, airports mean everything to us,” said Ibrahim Ali Habeeb, deputy chief officer at the Projects Department of Maldives Airports Company Limited. “They connect us to the world — to every corner of the globe. Many Maldivians see the airport as a symbol of our independence and freedom.”
Habeeb said that the old terminal, opened in 1981, had long fallen behind growing passenger demand. “For years, our people have hoped for a modern terminal. Now, with help from our Chinese friends, that dream has come true,” he said.
The new terminal has greatly enhanced the Maldives’ capacity as a global tourist destination. With its commissioning, Velana International Airport’s annual passenger capacity has soared from 2 million to over 7 million. Equipped with an intelligent baggage handling system, streamlined customs clearance, and integrated counters for international-to-seaplane transfers, the terminal delivers a smoother and more efficient travel experience.
Under the guidance of Chinese engineers, a host of advanced technologies were applied to the project.
Low-emissivity glass walls reduce heat transfer while maintaining natural light, cutting building energy use. Jet-flow air outlets, optimized for the humid coastal climate, ensure stable air-conditioning performance and passenger comfort. An intelligent visual docking guidance system replaces manual marshaling, achieving fully automated aircraft guidance.
“The materials we used meet the highest safety standards while lowering costs,” Li noted. “This project carries the mark of Chinese standards, Chinese innovation, and Chinese efficiency — all shared with the world.”
Habeeb emphasized that the new terminal combines technological sophistication with cultural respect.
“Chinese engineering met Maldivian tradition — from modern systems to locally inspired carvings, the new terminal stands as a perfect example of people-to-people connection and cultural convergence between China and the Maldives,” he said.
Photo (1) This photo taken on Oct. 12, 2025, shows the new terminal building of Velana International Airport in Male, the Maldives. (Xinhua/Wu Yue)
Photo (2) This photo taken on Oct. 12, 2025, shows the inside of the new terminal building of Velana International Airport in Male, the Maldives. (Xinhua/Wu Yue)