International Organizations
အာဂျင်တီးနားအသင်း၏ ခြေစမ်းပွဲအား အန်ဇို ဖာနန်ဒက်ဇ် လွဲချော်မည်

ဗျူနိုအေးရိစ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ကွင်းလယ်ကစားသမား အန်ဇို ဖာနန်ဒက်ဇ်မှာ ညာဘက်ဒူးခေါင်း ရောင်ရမ်းမှုကြောင့် ပွာတိုရီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲအား လွဲချော်မည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA) က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ ချဲလ်ဆီးကွင်းလယ်လူမှာ အောက်တိုဘာ ၁၀ ရက်က မိုင်ယာမီတွင် ဗင်နီဇွဲလားအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
သို့သော် အန်ဇိုက ၎င်း၏ ဒဏ်ရာပြဿနာအား မမှုကြောင်း ပွဲအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ဒဏ်ရာရလျက် ဘောလုံးကစားခြင်းမှာ အသင်းဂျာစီကို ဝတ်ဆင်ထားခြင်း၏ တောင်းဆိုချက်တစ်ခု ဖြစ်သည်ဟု ဆိုသည်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က အဆိုပါ အသက် ၂၄ နှစ်အရွယ် ကမ္ဘာ့ဖလားချန်ပီယံ ကစားသမား၏ နေရာတွင် အစားထိုးမည့်သူကို ကြေညာခြင်းမရှိသေးပေ။ အောက်တိုဘာ ၁၄ ရက်တွင် ပွာတိုရီကိုနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲအား လုံခြုံရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကြောင်းရင်းများကြောင့် ချီကာဂိုမြို့အစား ဖို့ထ် လော်ဒါဒေးမြို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဥရုဂွေးကစားသမား နစ်ကိုးလပ်စ် ဒယ်လာခရုဇ်နှင့် ဘောလုံးယှဉ်လုနေသည့် အာဂျင်တီးနားကစားသမား အန်ဇို ဖာနန်ဒက်ဇ် (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၄ ရက်က ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်၌ ချဲလ်ဆီးကစားသမား အန်ဇို ဖာနန်ဒက်ဇ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
Enzo Fernandez ruled out of Argentina friendly
BUENOS AIRES, Oct. 12 (Xinhua) — Enzo Fernandez will miss Argentina’s friendly against Puerto Rico due to inflammation in his right knee, the Argentine Football Association (AFA) said.
The Chelsea midfielder sustained the injury during his team’s 1-0 win over Venezuela in Miami on Friday.
He played down the problem after the match, telling reporters that playing through injuries is “one of the demands of wearing this shirt.”
The AFA did not immediately name a replacement for the 24-year-old World Cup winner.
Tuesday’s match will be played in Fort Lauderdale after being moved from Chicago for security and logistical reasons.
English Caption 1
Enzo Fernandez of Argentina celebrates after scoring during the Group C match between Argentina and Mexico at the 2022 FIFA World Cup at Lusail Stadium in Lusail, Qatar, Nov. 26, 2022. (Xinhua/Cao Can)
English Caption 2
Enzo Fernandez (R) of Argentina vies with Nicolas de la Cruz of Uruguay during the 2026 FIFA World Cup South American qualification match against Uruguay in Buenos Aires, Argentina, on Nov. 16, 2023. (Photo by Martin Sabala/Xinhua)
English Caption 3
Chelsea’s Enzo Fernandez celebrates after scoring the first goal during the English Premier League match between Chelsea FC and Liverpool FC in London, Britain, May 4, 2025. (Xinhua)