International Organizations
အင်္ဂလန်တိုက်စစ်မှူး Watkins ဒဏ်ရာပြဿနာကြောင့် လတ်ဗီးယားအသင်းနဲ့ကစားမည့် ပွဲတွင် မပါဝင်နိုင်

လန်ဒန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အင်္ဂလန်တိုက်စစ်မှူး Ollie Watkins သည် ဒဏ်ရာပြဿနာကြောင့် ကစားသမားစာရင်းမှ ထုတ်ထားခြင်းခံထားရသောကြောင့် အောက်တိုဘာ ၁၄ ရက် ပြုလုပ်မည့် လတ်ဗီးယားအသင်းနှင့် ကမ္ဘာဖလားခြေစစ်ပွဲတွင် ပါဝင်နိုင်ခြင်း မရှိကြောင်းသိရသည်။
အသက် ၂၉ နှစ်အရွယ်ကစားသမားသည်ဝင်ဘာလေတွင် အင်္ဂလန်အသင်းက Wales အသင်းကို ၃-၀ ဖြင့်အနိုင်ရရှိခဲ့သည့်ပွဲ ဒုတိယပိုင်းတွင် လူစားထိုးခံခဲ့ရသည်။ အစောပိုင်းတွင် အသင်းအတွက် ဒုတိယ မြောက်ဂိုးသွင်းယူနိုင်ခဲ့သည့် Watkins သည် ပထမပိုင်းပြီးခါနီးတွင် ဂိုးရရှိခွင့်တစ်ကြိမ်လွဲချော်ခဲ့ပြီး ဂိုးတိုင်နဲ့တိုက်မိခဲ့ကာ ဒုတိယပိုင်းတွင် ပြန်လည်ကစားနိုင်ခြင်းမရှိဖြစ်ခဲ့သည်။
အက်စတွန်ဗီလာတိုက်စစ်မှူး အဆင်ပြေကြောင်း မန်နေဂျာ Thomas Tuchel က အစပိုင်းတွင် ပြောဆိုခဲ့သော်လည်း Watkins သည် ၎င်း၏ကလပ်သို့ပြန်ခဲ့ရပြီး Riga ခရီးစဥ်လွဲချော်မည်ဖြစ်ကြောင်းသိရသည်။
လတ်ဗီးယားအသင်းကို အနိုင်ရရှိခဲ့လျှင် အင်္ဂလန်အသင်းသည် လာမည့်နွေရာသီကမ္ဘာဖလားပြိုင်ပွဲအတွက် နှစ်ပွဲကျန်ရှိပြီး ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
Wales အသင်းနှင့်ပွဲတွင်မပါဝင်ခဲ့သည့် အသင်းခေါင်းဆောင် Harry Kane ပြန်လာမည်ဟု မျှော်လင့်ရသည်။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးသည် တော့တင်ဟမ်လေ့ကျင့်ရေးကွင်းတွင် အောက်တိုဘာ ၁၃ ရက်က အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး Kane ပါဝင်နိုင်မည်ဟု လက်ခံယုံကြည်ကြောင်း Tuchel က ပြောကြားခဲ့သည်။
Watkins လူစားလဲခံရပြီးနောက် Anthony Gordon သည် ပွဲဒုတိယပိုင်းတွင် ဗဟိုနေရာကို တစ်ဖန်ရွှေ့ပြောင်း ကာ အထင်ကြီးလောက်အောင်ကစားနိုင်ခဲ့သည်။ ဘာစီလိုနာအသင်းတွင် အငှားဖြင့်ကစားနေသည့် Marcus Rashford သည်လည်း နောက်ထပ်ရွေးချယ်စရာဖြစ်သည်။ မန်ချက်စတာယူနိုက်တက် အသင်းပိုင် ကစားသမားသည် ဘယ်ခြမ်းမှကစားရသည်ကိုပိုသဘောကျသော်လည်း တိုက်စစ်ကစားသည့်အတွေ့အကြုံရှိပြီး လက်ရှိလူစာရင်းတွင် Kane နောက် ဒုတိယနေရာတွင်ရှိနေကာ အင်္ဂလန်အသင်းအတွက် ၁၈ ဂိုး သွင်းယူထားသူ ဖြစ်သည်။ (Xinhua)
……………………..
(English Version)
Watkins withdraws from England squad after injury in Wales win
LONDON, Oct. 13 (Xinhua) — England striker Ollie Watkins has been ruled out of Tuesday’s World Cup qualifier against Latvia due to injury.
The 29-year-old was substituted at half-time during England’s 3-0 victory over Wales at Wembley, having earlier scored his team’s second goal. Watkins collided with the post late in the first half after missing a chance and did not return for the second period.
Although manager Thomas Tuchel initially said the Aston Villa forward was “OK,” Watkins has since returned to his club and will miss the trip to Riga.
A win against Latvia would see the Three Lions secure qualification for next summer’s World Cup with two games to spare.
Captain Harry Kane, who missed the Wales match, is expected to return. The Bayern Munich striker trained with the squad at Tottenham’s training ground on Monday, and Tuchel said he was “convinced” Kane would be available.
With Watkins sidelined, Anthony Gordon could once again move into a central role after impressing there in the second half against Wales. Marcus Rashford, currently on loan at Barcelona, is another option. The Manchester United owned player prefers to play from the left but has experience leading the line and has 18 goals for England, second only to Kane in the current squad.
Photo : Ollie Watkins (bottom) of England celebrates victory with teammate Harry Kane after the UEFA Euro 2024 semifinal match between England and the Netherlands in Dortmund, Germany on July 10, 2024. (Xinhua/Meng Dingbo)