International Organizations
Moto GP ကမ္ဘာ့ချန်ပီယံ မားကွက်ဇ် ပခုံးခွဲစိတ်မှု အောင်မြင်

မက်ဒရစ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ကမ္ဘာ့ထိပ်တန်းမော်တော်ဆိုင်ကယ်စီးပြိုင်ပွဲ Moto GP ၏ ကမ္ဘာ့ချန်ပီယံ မာ့ခ်မားကွက်ဇ်သည် အင်ဒိုနီးရှားနိုင်ငံတွင် အောက်တိုဘာ ၅ ရက်က ၎င်း၏ဆိုင်ကယ်တိုက်မှု၌ ရရှိခဲ့သည့် ယာဘက်ပခုံးဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူခဲ့သည်။
မားကွက်ဇ်သည် ဒဏ်ရာကို တည်ငြိမ်စေရန်နှင့် အရွတ်ပျက်စီးမှုများကို ပြုပြင်ရန် လိုအပ်ကြောင်း ၎င်း၏ဆေးအဖွဲ့မှ ဆုံးဖြတ်ပြီးနောက် စပိန်နိုင်ငံ မြို့တော်မက်ဒရစ်ရှိ Ruber Internacional ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။
စပိန်နိုင်ငံသား မားကွက်ဇ်သည် စက်တင်ဘာလကုန်တွင် ဂျပန်နိုင်ငံ၌ အနိုင်ရပြီးနောက် ယခုနှစ် Moto GP ချန်ပီယံဆုကို ရရှိထားပြီး ယခုအခါတွင် Moto GP သရဖူ ခုနစ်ခု ရရှိထားသည်။
မားကွက်ဇ်သည် သြစတြေးလျနှင့် မလေးရှား Moto GP ပြိုင်ပွဲများကို သေချာပေါက် လွဲချော်မည်ဖြစ်သော်လည်း ၎င်း၏ ဒဏ်ရာသက်သာမှု အခြေအနေအပေါ် မူတည်၍ လာမည့်သီတင်းပတ်၌ ဗလင်စီယာမြို့ရှိ ၎င်း၏အိမ်ကွင်းပရိသတ်များရှေ့တွင် ရာသီမကုန်မီ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အတွင်း ပေါ်တူဂီ၌ ယှဉ်ပြိုင်ရန် အခွင့်အရေးရှိသည်။
ဆိုင်ကယ်ပြိုင်သမား မားကွက်ဇ်က ခွဲစိတ်မှုအပြီးတွင် လက်မောင်းအား လည်သိုင်းပတ်တီးစည်းထားကာ ပြုံးပြလျက် “ခွဲစိတ်မှုပြီးသွားပါပြီ၊ အားလုံး အဆင်ပြေပြေပါပဲ။ အရာအားလုံးအတွက် ကျေးဇူးပါ၊ ကျွန်တော် အခု နေပြန်ကောင်းတော့မယ့် အဆင့်ကို ရောက်နေပါပြီ၊ ကျွန်တော်တို့က ကမ္ဘာ့ချန်ပီယံတွေဆိုတာကိုတော့ မမေ့လိုက်ပါနဲ့ခင်ဗျာ” ဟု ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Successful shoulder operation for Moto GP world champion Marquez
MADRID, Oct. 13 (Xinhua) — Moto GP World Champion, Marc Marquez has had a successful operation on the injured right shoulder blade that he suffered in his crash in Indonesia on October 5.
Marquez had the operation at the Ruber Internacional Hospital in Madrid, Spain after his medical team decided it was needed to stabilize the injury and repair ligament damage.
The Spaniard already has this year’s Moto GP title in the bag after winning in Japan at the end of September and has now won seven Moto GP crowns.
He will certainly miss the Australian and Malaysian Moto GP races, but depending on how his injury progresses, Marquez has a chance of competing in Portugal between November 7 to 9, before the season ends in front of his home fans in Valencia the following week.
The rider posted a message on social media after his operation, showing him smiling with his arm in a sling: “The surgery is finished, everything worked well. Thanks for everything: I’m now in recovery mode, but don’t forget. WE ARE WORLD CHAMPIONS,” he wrote. ■
English Caption
Marc Marquez of Repsol Honda Team celebrates his eighth world championship and sixth in the Premier Class at the MotoGP Thai Grand Prix in Buriram, Thailand, Oct. 6, 2019. (Xinhua/Zhang Keren)