International Organizations
၇၂ ကြိမ်မြောက် မကာအို Grand Prix ကားမောင်းပြိုင်ပွဲ နိုဝင်ဘာတွင် ကျင်းပမည်

မကာအို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ၏ နှစ်စဥ်ကျင်းပသည့် နိုင်ငံတကာကားမောင်းပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိပြုလုပ်မည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီက အောက်တိုဘာ ၁၂ ရက်၌ အတည်ပြုပြောဆိုခဲ့သည်။
ပြိုင်ပွဲတွင် မကာအို Grand Prix – FIA FR ကမ္ဘာ့ဖလားပြိုင်ပွဲ၊ မကာအို GT Cup – FIA GT ကမ္ဘာ့ဖလား၊ မကာအို Guia ပြိုင်ပွဲ- Kumho FIA TCR ကမ္ဘာဖလား၊ မကာအို ဖော်မြူလာ ၄ ပြိုင်ပွဲ- FIA F4 ကမ္ဘာ့ဖလား၊ မကာအို မော်တော်ဆိုင်ကယ် Grand Prix – ၅၇ကြိမ်မြောက်၊ မဟာပင်လယ်အော်ဒေသ GT Cup (GT4) နှင့် မကာအို Roadsport စိန်ခေါ်ပွဲဟူ၍ ပြိုင်ပွဲ ခုနစ်ပွဲ ပါဝင်ကြောင်း မကာအို Grand Prix ပြိုင်ပွဲ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ (MGPOC) က ပြောကြားခဲ့သည်။
MGPOC ၏အဆိုအရ ရှေ့လာမည့်သီတင်းပတ်များအတွင်း အခြားလှုပ်ရှားမှုအများအပြားလည်း ပြုလုပ်မည် ဟု သိရသည်။ ဥပမာအနေဖြင့် မကာအို Grand Prix မိသားစု ကာနီဗယ်ပွဲတော်ကို Tap Seac ပန်းခြံတွင် နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက်များတွင်မူ အဆိုပါနေရာ၌ ကားပြပွဲတစ်ခုပြုလုပ်မည်ဟုသိရသည်။
ကော်မတီက မော်တော်ကားပြိုင်ပွဲယဥ်ကျေးမှုကို ပိုမိုမြှင့်တင်ရန် ယခုနှစ်တွင် ဓာတ်ပုံပြိုင်ပွဲကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
72nd Macao Grand Prix to kick off in November
MACAO, Oct. 13 (Xinhua) — The 72nd Macao Grand Prix, the annual international motorsport event of China’s Macao Special Administrative Region, will take place from Nov. 13 to 16 this year, the organizing committee confirmed on Monday.
The Macao Grand Prix Organizing Committee (MGPOC) said that the event will feature seven races: Macao Grand Prix – FIA FR World Cup, Macao GT Cup – FIA GT World Cup, Macao Guia Race – Kumho FIA TCR World Tour Event of Macao, Macao Formula 4 Race – FIA F4 World Cup, Macao Motorcycle Grand Prix – 57th Edition, Greater Bay Area GT Cup (GT4), and Macao Roadsport Challenge.
According to the MGPOC, a series of peripheral activities will also be held in the coming weeks. For instance, the Macao Grand Prix Family Carnival will be held at Tap Seac Square on Nov. 1 and 2, followed by an auto show at the same venue on Nov. 8 and 9.
To further promote motorsport culture, the committee added, the photography contest will continue this year.
Photo : Maro Engel (front) of Germany drives during the Macao GT Cup-FIA GT World Cup race at the 71st Macao Grand Prix in Macao, south China, Nov. 17, 2024. (Xinhua/Cheong Kam Ka)