Connect with us

International Organizations

တည်ကန်ဘောများကို အားပြုသည့် နည်းဗျူဟာက ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျာမနီအသင်းကို အကျိုးပြုနေ

ဂျာမနီနိုင်ငံ ဆင်န်ရှိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ဂျာမနီအသင်းနှင့် လူဇင်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ဂျာမနီအသင်းမှ ဂျိုရှူအာ ကင်းမစ်ချ် (ဝဲ-ဒုတိယ) နှင့် အလက်ဇန်းဒါး ပက်ဗ်‌လော့ဗစ် (ဝဲ-တတိယ) တို့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
ဂျာမနီအသင်းအနေဖြင့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ရရှိခဲ့သည့် သွင်းဂိုးရှစ်ဂိုးအနက် ငါးဂိုးအား တည်ကန်ဘောများမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီသို့ ချီတက်ရာတွင် လက်နက်သစ်တစ်မျိုးကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။
မြောက်အိုင်ယာလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ဂျာမနီအတွက် ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး နစ်ခ် ဝေါ်လ်တမ်မာဒီက အသင်းအနေဖြင့် တည်ကန်ဘောများကို အသုံးချရာတွင် တိုးတက်မှုရှိလာပြီဟု ချီးကျူးပြောဆိုခဲ့သည်။ “အဲဒါက နိုင်ပွဲရရှိမှုရာခိုင်နှုန်း မြင့်တက်လာအောင် အထောက်အကူပေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲတွင် သွင်းဂိုးအားလုံး၏ လေးပုံတစ်ပုံကျော်မှာ တည်ကန်ဘောများမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ရာ ထိုကိန်းဂဏန်းများက ကမ္ဘာ့ဖလားချန်ပီယံဆုကို လေးကြိမ်ဆွတ်ခူးထားသည့် ဂျာမနီအား လွှမ်းမိုးထားပုံရသည်။ လူဇင်ဘတ်၊ မြောက်အိုင်ယာလန်တို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပြီးခဲ့သည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များတွင် ဂျာမနီအသင်း ရရှိခဲ့သည့် သွင်းဂိုးငါးဂိုးအနက် လေးဂိုးမှာ အလွတ်တည်ကန်ဘောနှင့် ထောင့်ကန်ဘောများမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ အောင်မြင်မှုအတွက် set-piece နည်းပြဖြစ်သူ အသက် ၄၀ နှစ် အရွယ် ဒိန်းမတ်နိုင်ငံသား မက်စ် ဘုဂါရိတ်အား အဓိက အသိအမှတ်ပြုရမည်ဖြစ်ကာ ၎င်းအနေဖြင့် ဂျာမနီအသင်း၏ တည်ကန်ဘော အသုံးချနိုင်စွမ်းကို မြှင့်တင်ပေးရန် ၂၀၂၁ ခုနှစ်က အသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းနည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်းက ၎င်း၏အသင်းမှာ ကစားကွက် (open play) မှတစ်ဆင့် အခွင့်အရေးများ ပိုမိုဖန်တီးနိုင်ရန် လိုအပ်နေသေးသော်လည်း တည်ကန်ဘောများတွင် အားသာချက်ရှိခြင်းက ခံစစ်ပိုင်း စုစည်းကျစ်လျစ်သည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရာတွင် အလှည့်အပြောင်းတစ်ခုကို ဖန်တီးနိုင်သည်ဟု အလေးအနက်ပြောကြားခဲ့သည်။
“အဲဒါက အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တွေမှာ အနိုင်ရဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ” ဟု ခံစစ်အစွန်လူ ဒါးဗစ်ရောင်းမ်က ဆိုသည်။ နာဂယ်စ်မန်းကလည်း တည်ကန်ဘောများကို လေ့ကျင့်ခြင်းမှာ အသင်း၏ ပွဲကြိုပြင်ဆင်မှုများအတွက် အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ဟု ပြောသည်။
“ကျွန်တော်တို့ရဲ့ နည်းဗျူဟာအားလုံးကို ပြောမပြချင်ပေမဲ့ အဲဒါက ကျွန်တော်တို့အသင်းကို ပိုပြီးခန့်မှန်းရခက်စေတယ်” ဟု ဝေါ်လ်တမ်မာဒီက ဆိုသည်။
ဂျိုရှူအာ ကင်းမစ်ချ်နှင့် ဖလော်ရီယန် ဗက်ဇ်တို့မှာ အလွတ်တည်ကန်ဘောနှင့် ထောင့်ကန်ဘောများကို ပိုမိုဦးစားပေးလေ့ကျင့်လျက်ရှိကာ ၎င်းတို့မှာ တည်ကန်ဘောနှင့်ပတ်သက်၍ အထူးကျွမ်းကျင်ပိုင်နိုင်သူများအဖြစ် ရှုမြင်ခံထားရသည်။ “ကျွန်တော်တို့ အဲဒီအပိုင်းမှာ ပိုပြီးအားစိုက်ထားပါတယ်” ဟု နာဂယ်စ်မန်းက ပြောကြားခဲ့ကာ ထိုအကြောင်းအရာမှာ ကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအကြား ပုံမှန်ဆွေးနွေးစရာတစ်ခု ဖြစ်လာသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
မြောက်အိုင်ယာလန်ကဲ့သို့ ခံစစ်ကစားပုံ ကျစ်လျစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အားကောင်းသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်သည့်အခါတွင် တည်ကန်ဘောများက မကြာခဏဆိုသလို ပွဲအဖြေကို ပြောင်းလဲပေးနိုင်သည်ဟု နာဂယ်စ်မန်းက ပြောသည်။ “အဲဒါက ပွဲရလဒ်ကို ပြောင်းလဲပေးတဲ့အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာ ကျွန်တော်တို့ အဲဒါကို ကြုံတွေ့ခဲ့ပြီးပါပြီ” ဟု ၎င်းက ပြောကြားသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဆင်န်ရှိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ဂျာမနီအသင်းနှင့် လူဇင်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ဂျာမနီအသင်းနည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်း အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က ဂျာမနီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် A ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ဂျာမနီကစားသမားများ အသင်းလိုက်ဓာတ်ပုံ ရိုက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Germany’s set-piece focus paying off on road to World Cup
BERLIN, Oct. 14 (Xinhua) — Germany has found a new weapon on its road to the 2026 FIFA World Cup, with five of its eight qualifying goals coming from set pieces.
After scoring his first international goal in a 1-0 win over Northern Ireland, striker Nick Woltemade praised the team’s progress in dead-ball situations. “It can help you increase your win rate,” he said.
At Euro 2024, more than a quarter of all goals came from set pieces, a statistic that appears to have influenced the four-time World Cup winners. In Germany’s recent qualifiers against Luxembourg and Northern Ireland, four of the five goals came from free kicks or corners.
Much of that success has been attributed to set-piece coach Mads Buttgereit, a 40-year-old Dane who joined the national team setup in 2021 to improve efficiency in those situations.
Head coach Julian Nagelsmann said his side still needs to create more chances from open play, but emphasized that strong set pieces can make the difference against defensively organized opponents.
“That’s an efficient way to win tight games,” said full-back David Raum. Nagelsmann added that set-piece training has become a vital part of the team’s preparation.
“I don’t want to reveal all of our tactics, but this makes us more unpredictable as a team,” Woltemade said.
Joshua Kimmich and Florian Wirtz have been practicing free kicks and corners more frequently and are regarded as the team’s “special forces” in that area. “We’ve increased the work on that,” Nagelsmann said, noting that the subject has become a regular talking point among players and staff.
Facing compact, physical opponents like Northern Ireland, Nagelsmann said, set pieces can often unlock a game. “It can be a can opener,” he said. “We’ve experienced that in the last few matches.”
English Caption 1
Joshua Kimmich (2nd L) and Aleksandar Pavlovic (3rd L) of Germany celebrate scoring during the 2026 World Cup European Qualifiers football match between Germany and Luxembourg in Sinsheim, Germany, Oct. 10, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Julian Nagelsmann, head coach of Germany, celebrates during the 2026 World Cup European Qualifiers football match between Germany and Luxembourg in Sinsheim, Germany, Oct. 10, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Players of Germany pose for a group photo before the UEFA Nations League A semifinal match between Germany and Portugal in Munich, Germany, June 4, 2025. (Photo by Philippe Ruiz/Xinhua)