Connect with us

International Organizations

အင်္ဂလန်က လတ်ဗီးယားကို ဂိုးပြတ်အနိုင်ယူကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်

လတ်ဗီးယားနိုင်ငံ ရီဂါမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က လတ်ဗီးယားအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲစဉ်၌ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွင် အင်္ဂလန်အသင်းက လတ်ဗီးယားအသင်းကို တိုက်စစ်မှူး ဟယ်ရီကိန်း၏ သွင်းဂိုးနှစ်ဂိုး အပါအဝင် ၅ ဂိုးပြတ် ‌အနိုင်ရခဲ့ပြီး ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။
နည်းပြ သောမတ်စ် တူချယ်က ဝေးလ်စ်အသင်းကို အနိုင်ယူခဲ့သည့် ပွဲထွက်လူစာရင်းအား အပြောင်းအလဲနှစ်ခု ပြုလုပ်ခဲ့ပြီး မာ့ခ်ဂူဟီအစား မိုင်လက်စ် လူးဝစ်စ်-စကယ်လီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့သလို ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသည့် အသင်းခေါင်းဆောင် ကိန်းကလည်း တိုက်စစ်ကို ဦးဆောင်ခဲ့သည်။
ပွဲချိန် ၂၆ မိနစ်တွင် အင်္ဂလန်အသင်း အဖွင့်ဂိုးရရှိခဲ့ပြီး အန်သနီ ဂေါ်ဒွန်က ဘယ်ခြမ်းမှ အတွင်းသို့ချိုးဝင်ကာ အဝေးထောင့်ဆီသို့ သေသေသပ်သပ် ဝေ့ဝိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဟယ်ရီကိန်းက ပွဲချိန်အစောပိုင်းတွင် ၎င်း၏ ဂိုးပေါက်လွဲချော်မှုများကို သင်ပုန်းချေသည့်အနေဖြင့် ပထမပိုင်းမပြီးဆုံးမီတွင် နှစ်ဂိုးဆက်တိုက်သွင်းယူခဲ့ကာ ပွဲချိန် ၄၄ မိနစ်တွင် ဂိုးဧရိယာအစပ်နားမှ တည်တည်ငြိမ်ငြိမ် အဆုံးသတ်၍လည်းကောင်း၊ နာကျင်အချိန်ပိုတွင် VAR က လက်ထိဘောအဖြစ် သတ်မှတ်ခဲ့သည့်အတွက် ရရှိခဲ့သော ပင်နယ်တီမှတစ်ဆင့်လည်းကောင်း အသီးသီးသွင်းယူခဲ့ခြင်းဖြစ်သည်။
ဟယ်ရီကိန်းမှာ ယခုပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ရာ အင်္ဂလန်အတွက် နက်ထ် လော့ဟောက်စ်၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ကာ ပွဲစဉ်တစ်ပွဲတည်းတွင် တစ်ဂိုးထက် ပိုမိုသွင်းယူနိုင်သည့်ပွဲပေါင်း ၁၃ ပွဲ ရှိလာပြီဖြစ်သည်။
လတ်ဗီးယားခံစစ်၏ တောင့်ခံနိုင်စွမ်းမှာ ပွဲချိန် ၅၈ မိနစ်တွင် အလုံးစုံပြိုဆင်းသွားခဲ့ပြီး မက်ဆင်စ် တိုနီဆက်စ် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သလို အင်္ဂလန်အသင်း၏ လူစားဝင်ကစားသမား အီဘာရီချီ အီဇီက ပွဲချိန်နှောင်းပိုင်းတွင် အနိမ့်ကန်ချက်ဖြင့် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။
ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် အင်္ဂလန်အသင်းမှာ ခြေစစ်ပွဲ ခြောက်ပွဲလုံးတွင် ရာနှုန်းပြည့် အနိုင်ရထားသည့် စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ကာ အုပ်စု-K တွင် ရမှတ် ၁၈ မှတ်ဖြင့် ထိပ်ဆုံးမှရပ်တည်နေပြီး ဒုတိယနေရာမှ အယ်လ်ဘေးနီးယားကို ခုနစ်မှတ်ဖြတ်ထားနိုင်သည့်အတွက် နှစ်ပွဲကစားရန် ကျန်ရှိနေသော်လည်း လာမည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်သည်။
အုပ်စု-K ၏ အခြားပွဲစဉ်တစ်ပွဲတွင် ဆားဘီးယားက အန်ဒိုရာကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ရမှတ် ၁၀ မှတ်ဖြင့် အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။
အုပ်စု-F တွင် ပေါ်တူဂီနှင့် ဟန်ဂေရီတို့၏ ပွဲစဉ်၌ နာကျင်အချိန်ပိုတွင် သွင်းယူခဲ့သည့် ဒေါမနစ် ဆိုဘော့စ်ဆလိုင်၏ ချေပဂိုးကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့ရာ ပေါ်တူဂီအနေဖြင့် စောစောစီးစီး ခြေစစ်ပွဲအောင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီး အိုင်ယာလန်ကမူ တစ်ယောက်လျော့ အာမေးနီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါအုပ်စုတွင် ပေါ်တူဂီက ရမှတ် ၁၀ မှတ်ဖြင့် ပထမ၊ ဟန်ဂေရီက ရမှတ် ၅ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
အုပ်စု-I တွင် အီတလီက အစ္စရေးကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး မတ်တီယို ရီတေဂီက နှစ်ဂိုးသွင်းယူခဲ့ကာ အက်စတိုးနီးယားနှင့် မော်လ်ဒိုဗာတို့၏ ပွဲစဉ်မှာမူ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
ထို့အတူ အုပ်စု-E တွင် စပိန်က ဘူလ်‌ဂေးရီးယားကို မစ်ကယ် မယ်ရီနို၏ ခေါင်းတိုက်သွင်းဂိုး နှစ်ဂိုး အပါအဝင် ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး လက်ရှိဥရောပချန်ပီယံအသင်းမှာ သက်သောင့်သက်သာ နိုင်ပွဲရရှိခဲ့သလို တူကီယဲကလည်း ဂျော်ဂျီယာကို ခြေစွမ်းအရရော ဂိုးရလဒ်အရပါ ပြတ်ပြတ်သားသား အသာရခဲ့ပြီး ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)

လတ်ဗီးယားနိုင်ငံ ရီဂါမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က လတ်ဗီးယားအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲစဉ်၌ အင်္ဂလန်ကစားသမားများ အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ အူဒီနဲမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က အီတလီအသင်းနှင့် အစ္စရေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲစဉ်၌ ပွဲမစတင်မီ အီတလီကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

အီတလီနိုင်ငံ အူဒီနဲမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က အီတလီအသင်းနှင့် အစ္စရေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲစဉ်၌ အီတလီကစားသမား ဂျီယန်လူကာ မန်ချီနီ (ယာ-အပေါ်) ခေါင်းတိုက်၍ဂိုးသွင်းရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

……………………
(English Version)
England dominates Latvia to secure World Cup qualification
BERLIN, Oct. 14 (Xinhua) — Harry Kane netted a brace as England sealed its place at the 2026 FIFA World Cup with a commanding 5-0 win over Latvia on Tuesday.
Coach Thomas Tuchel made two changes from the side that defeated Wales, with Myles Lewis-Skelly coming in for Marc Guehi and captain Kane returning from injury to lead the attack.
England eventually broke through in the 26th minute when Anthony Gordon cut inside from the left and curled a fine effort into the far corner.
Kane soon made amends for his earlier misses, striking twice before halftime, first with a composed finish from the edge of the box in the 44th minute, and then a penalty deep into stoppage time following a VAR-confirmed handball.
Kane’s double saw him surpass Nat Lofthouse’s record for multi-goal games for England, having now scored more than once in a match on 13 occasions.
Latvia’s defensive resilience crumbled in the 58th minute when Maksims Tonisevs conceded an own goal, before England substitute Eberechi Eze added the finishing touch late on, drilling home a low shot to complete the rout.
With the win, England maintains its perfect record in six qualifiers, sitting top of Group K with 18 points, seven ahead of second-placed Albania, confirming its ticket to next year’s World Cup with two matches remaining.
Also in Group K, Serbia cruised past Andorra 3-1 to sit third in the group with 10 points.
In Group F, Portugal missed the chance to qualify early after Dominik Szoboszlai’s stoppage-time strike earned Hungary a 2-2 draw, while Ireland edged 10-man Armenia 1-0. Portugal leads the group with 10 points, followed by Hungary on five.
In Group I, Mateo Retegui scored twice as Italy sailed past Israel 3-0, and Estonia and Moldova played out a 1-1 draw.
Meanwhile, Spain dominated Bulgaria 4-0 in Group E, with Mikel Merino’s two headers sealing a comfortable victory for the reigning European champions, while Türkiye outplayed Georgia 4-1.
English Caption 1
Harry Kane of England reacts during the 2026 FIFA World Cup European Qualifiers football match between Latvia and England in Riga, Latvia, Oct. 14, 2025. (Photo by Edijs Palens/Xinhua)
English Caption 2
Players of England celebrate during the 2026 FIFA World Cup European Qualifiers football match between Latvia and England in Riga, Latvia, Oct. 14, 2025. (Photo by Edijs Palens/Xinhua)
English Caption 3
Players of Italy pose for group photos before the FIFA World Cup 2026 European Qualifiers Group I match between Italy and Israel in Udine, Italy, Oct. 14, 2025. (Photo by Diego Petrussi/Xinhua)
English Caption 4
Gianluca Mancini (Top R) of Italy heads for the ball to score during the FIFA World Cup 2026 European Qualifiers Group I match between Italy and Israel in Udine, Italy, Oct. 14, 2025. (Photo by Diego Petrussi/Xinhua)