Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက သတ္တုတွင်းသုံးထရပ်ကားများ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းရေးစံနှုန်းများနှင့်ကိုက်ညီစေရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ဂျကာတာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းရှိ သတ္တုတွင်းလုပ်ငန်းများတွင် အသုံးပြုလျက်ရှိသည့် ကုန်တင်ကားများအားလုံး Euro 4 ကာဗွန်ထုတ်လွှတ်မှုစံနှုန်းနှင့်ကိုက်ညီရန် တောင်းဆိုသည့်ဥပဒေတစ်ရပ်ကို ပြင်ဆင်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာနဝန်ကြီး Agus Gumiwang Kartasasmita က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
သတ္တုတူးဖော်ရေးလုပ်ငန်းများ၌ အသုံးပြုလျက်ရှိသည့် ယာဥ်အများစုသည် Euro 2 နှင့် Euro 3 စံနှုန်းသာ ကိုက်ညီပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာဖြစ်စေသည့် အကြောင်းခံများဖြစ်နေဆဲဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
ဝန်ကြီးဌာနသည် ခရီးကြမ်းသွားယာဥ်များနှင့် သတ္တုတွင်းလုပ်ငန်းသုံးယာဥ်များတွင် ကာဗွန်ထုတ်လွှတ်မှု လျော့နည်းရေးစံနှုန်းများနှင့်ကိုက်ညီရေး သေချာစေရေးအတွက် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
သတ္တုတွင်းလုပ်ငန်းသုံးကုန်တင်ယာဥ်အများစုကို ပြည်ပမှတင်သွင်းထားရပြီး စီးပွားရေးလုပ်ငန်းရှင်များအား ကာဗွန်ထုတ်လွှတ်မှုစည်းမျဥ်းစည်းကမ်းများနှင့် လိုက်လျောညီထွေရှိသည့် ပြည်တွင်းထုတ်ကုန်တင်ယာဥ်များ အသုံးပြုကြရန် Kartasasmita က မှတ်ချက်ပြုပြောဆိုခဲ့သည်။
စီစဥ်ထားသောအရေးယူဆောင်ရွက်ချက်သည် အင်ဒိုနီးရှားနိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုများကို ထိန်းချုပ်ရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုသန့်ရှင်းသော နည်းပညာမြှင့်တင်ရန် ကျယ်ကျယ်ပြန့်ပြန့်တွန်းအားပေးမှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(English Version)
Indonesia to require low-emission standards for mining trucks
JAKARTA, Oct. 14 (Xinhua) — Indonesia is preparing a regulation that will require all trucks used in mining activities nationwide to meet Euro 4 emission standards, Minister of Industry Agus Gumiwang Kartasasmita said here Tuesday.
Most vehicles deployed in mining operations “still meet only Euro 2 or Euro 3 standards and contribute to environmental problems,” the minister said.
He added that the ministry is coordinating with relevant agencies to ensure lower-emission requirements apply to off-road and mining vehicles.
Kartasasmita noted that many trucks used in mines are imported, calling on businesses to adopt domestically produced trucks that comply with applicable emission rules.
The planned measure is part of Indonesia’s broader push to curb industrial emissions and promote cleaner technology in the transport sector, he said.