Connect with us

Africa & Middle East

တူကီယဲနိုင်ငံက ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာမှုအကူအညီပေးရေးသင်္ဘော စေလွှတ်

တူကီယဲနိုင်ငံ တောင်ပိုင်း မာဆင်ပြည်နယ် မာဆင်ဆိပ်ကမ်းမှ ဂါဇာကမ်းမြောင်သို့ ထွက်ခွာသွားသည့် လူသားချင်းစာနာမှုအကူအညီများတင်ဆောင်ထားသော ကုန်တင်သင်္ဘောတစ်စင်းကို ၂၀၂၄ ခုနှစ် မတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံသည် ဂါဇာကမ်းမြောင်သို့ လူသားချင်းစာနာမှုအကူအညီပေးရေးသင်္ဘောတစ်စင်းကို အောက်တိုဘာ ၁၄ ရက်က စေလွှတ်ခဲ့ပြီး “Akdeniz” အမည်ရှိ ယင်းသင်္ဘောမှာ နိုင်ငံတောင်ပိုင်းရှိ မာဆင်ဆိပ်ကမ်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ကြေညာခဲ့သည်။
“ကျွန်တော်တို့ရဲ့သင်္ဘောဟာ ဂါဇာမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ဒဏ်ရာတွေကို ကုစားဖို့နဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာစေဖို့အတွက် El Arish ဆိပ်ကမ်းကို ရောက်ရှိလာမှာပါ” ဟု ၎င်းက ဆိုရှယ်မီဒီယာ X ၌ ရေးသားခဲ့သည်။
အစိုးရအဖွဲ့အစည်းမဟုတ်သော အဖွဲ့အစည်း ၁၇ ဖွဲ့မှ ပံ့ပိုးကူညီမှုများနှင့်အတူ တူကီယဲနိုင်ငံ၏ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည့် အဆိုပါသင်္ဘောသည် အသင့်စား အစားအစာများ၊ စည်သွပ်ဘူးများနှင့် ကလေးနို့မှုန့်များ အပါအဝင် လူသားချင်းစာနာမှု အကူအညီ တန်ချိန် ၉၀၀ ခန့်ကို ပို့ဆောင်လျက်ရှိသည်။
တူကီယဲနိုင်ငံသည် အစ္စရေးနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းခွင့်ပြုချက်ဖြင့် ဇူလိုင် ၂၇ ရက်မှစ၍ စားနပ်ရိက္ခာတန်ချိန် ၄,၅၀၀ ခန့်ကို ထရပ်ကား ၃၃၃ စီးဖြင့် ရာဖာနယ်စပ်ဂိတ်ကို ဖြတ်၍ ဂါဇာသို့ ပို့ဆောင်ခဲ့ကြောင်း Yerlikaya က ပြောကြားခဲ့သည်။
နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများ တန်ချိန် ၄,၅၀၀ ကို တင်ဆောင်ထားသည့် ထရပ်ကား ၄၂၇ စီးမှာလည်း ဝင်ရောက်ဖြတ်သန်းခွင့်ရရန်အတွက် အီဂျစ်နိုင်ငံ၏ El Arish ဂိုဒေါင်များ၌ စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Türkiye sends humanitarian aid ship to Gaza
ANKARA, Oct. 14 (Xinhua) — Türkiye on Tuesday dispatched a humanitarian aid vessel to Gaza, with Interior Minister Ali Yerlikaya announcing the departure of the ship “Akdeniz” from the southern Port of Mersin.
“Our ship will arrive at El Arish Port to heal the wounds of our brothers and sisters in Gaza and bring hope to their tables,” he said in a post on social media X.
The vessel, coordinated by Türkiye’s Disaster and Emergency Management Authority with contributions from 17 non-governmental organizations, is transporting about 900 tons of humanitarian aid, including ready-to-eat meals, canned food, and baby formula.
Yerlikaya noted that since July 27, following Israel’s partial permissions, Türkiye has managed to deliver 333 trucks carrying approximately 4,500 tons of food supplies to Gaza through the Rafah border crossing.
He added that an additional 427 trucks, holding another 4,500 tons of humanitarian materials, remain in storage at Egypt’s El Arish warehouses awaiting clearance for entry. ■
English Caption
A cargo ship carrying humanitarian aid to the Gaza Strip leaves the port of southern Mersin province, Türkiye, on March 7, 2024. (Photo by Mustafa Kaya/Xinhua)