Connect with us

International Organizations

ကမ္ဘာ့ဖလားခြေစစ်ပွဲများကို ဟွန်ဒူးရပ်စ်နှင့် ကော်စတာရီကာ အလွယ်တကူအနိုင်ရရှိ

တေဂူဆီဂါလ်ပါ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
ဟွန်ဒူးရပ်စ်အသင်းသည် ဟေတီအသင်းနှင့် အောက်တိုဘာ ၁၃ ရက်က ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ပထမပိုင်းတွင် ၃ ဂိုး သွင်းယူကာ ဟေတီအသင်းကို အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်း၌ တတိယဂိုးကို ရိုမဲလ် ကွီယိုတိုက မသွင်းမီ ရီဂိုဘာတို ရီဗတ်စ်နှင့် အန်တိုနီ လိုဇာနိုတို့က ပထမပိုင်းနာရီဝက်အတွင်း ဂိုးသွင်းယူခဲ့ကြခြင်းဖြစ်သည်။
ထိုရလဒ်က ဟွန်ဒူးရပ်စ်အသင်းအား CONCACAF (ကွန်ကာကက်ဖ်) ခြေစစ်ပွဲ နောက်ဆုံးအဆင့်တွင် အုပ်စု C ထိပ်ဆုံး၌ နှစ်မှတ်အသာရစေသည်။
အုပ်စုသုံးအုပ်စုစီမှ ထိပ်တန်းအသင်းများသည် အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲသို့ အလိုအလျောက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဒုတိယအဆင့်အကောင်းဆုံး နှစ်သင်းမှာမူ ဖီဖာ playoff အဆင့်သို့ တက်ရောက်မည်ဖြစ်သည်။
အောက်တိုဘာ ၁၃ ရက်၏ တစ်ခုတည်းသော အခြားကွန်ကာကက်ဖ်ခြေစစ်ပွဲတွင် ကော်စတာရီကာအသင်းက နီကာရာဂွာအသင်းကို အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပထမပိုင်း၌ ကော်စတာရီကာအသင်းအတွက် အလွန်ဆို မာတီနက်ဇ်က နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း၌မူ မန်ဖရက် အူဂါဒီနှင့် ဖရန်စစ္စကို ကယ်လ်ဗိုတို့က တစ်ဂိုးစီ သွင်းယူခဲ့ကြသည်။ နီကာရာဂွာအသင်းအတွက်မူ ဂျူနီယာ အာတီဂါက ဂိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Honduras, Costa Rica cruise to World Cup qualifying wins
TEGUCIGALPA, Oct. 13 (Xinhua) — Honduras scored three first-half goals to cruise to a 3-0 home win over Haiti in their World Cup qualifier on Monday.
Rigoberto Rivas and Anthony Lozano struck inside the first half hour before Romell Quioto added a third goal on the stroke of halftime.
The result leaves Honduras two points clear at the top of Group C in the final round of CONCACAF qualifiers.
The top team from each of the three groups will automatically qualify for the 2026 tournament in the United States, Mexico and Canada. The two best-ranked runners-up will advance to the inter-confederation playoffs.
In Monday’s only other CONCACAF qualifier, Costa Rica eased to a 4-1 home victory over Nicaragua. Alonso Martinez scored two first-half goals for the hosts before Manfred Ugalde and Francisco Calvo struck in the second half. Junior Arteaga was on target for Nicaragua. ■