Connect with us

Africa & Middle East

အီဂျစ်နိုင်ငံက Grand Egyptian ပြတိုက် တရားဝင်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် ယာယီပိတ်မည်

အီဂျစ်နိုင်ငံ Giza မြို့ရှိ Grand Egyptian ပြတိုက်တွင် ကြည့်ရှုနေသည့် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ၏ Grand Egyptian Museum ပြတိုက်ကို နိုဝင်ဘာ အစောပိုင်းတွင် တရားဝင်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန် အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၃ ရက် အထိ အများပြည်သူကြည့်ရှုခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်က ပြတိုက်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
တစ်နှစ်နီးပါးကြာ အစမ်းဖွင့်လှစ်ခဲ့ပြီးနောက် ပြတိုက်ကို နိုဝင်ဘာ ၁ ရက်တွင် တရားဝင် အခမ်းအနားဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာ ၄ ရက်တွင် ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
ပြတိုက်စမ်းသပ်ဖွင့်လှစ်သည့်အဆင့်တွင် ရှေးဟောင်းအီဂျစ်သမိုင်းကာလအသီးသီးမှ ရှေးဟောင်းပစ္စည်းများနှင့် ကြီးမားသောရုပ်တုကြီးများကို ခမ်းနားသည့်လှေကားတွင် ပြသထားပြီး ထောင်နှင့်ချီသည့် ရှေးခေတ်လူ့အသုံးအဆောင်ပစ္စည်းများပြသထားသည့် ပြခန်းပေါင်း ၁၂ ခု ပါဝင်ခဲ့သည်။
ဖွင့်ပွဲအဓိကအရာအဖြစ် ပြုပြင်ထိန်းသိမ်းရန် တူတပ်ခမန် (Tutankhamun) ခန်းမကြီးကို အစမ်းဖွင့်လှစ်သည့် ကာလတစ်လျှောက် ပိတ်ထားခဲ့သည်။ အဆိုပါခန်းမကြီးတွင် ဘုရင်ငယ်တစ်ပါး၏ ပြီးပြည့်စုံသောစုဆောင်းမှု အဖြစ် ၎င်း၏ရွှေမျက်နှာဖုံး၊ ခေါင်းတလားနှစ်ခုနှင့် အခြားအဖိုးတန်ရတနာများအပါအဝင် ပစ္စည်းပေါင်း ၅,၃၉၈ ခု ပြသထားမည်ဖြစ်ကြောင်း အီဂျစ်နိုင်ငံ၏ တရားဝင်သတင်းအေဂျင်စီ MENA ၏အဆိုအရ သိရသည်။
Giza ပိရမစ်များအနီးတွင်တည်ရှိပြီး စတုရန်းကီလိုမီတာ ၅၀၀,၀၀၀ နီးပါး အကျယ်ရှိသည့် GEM သည် လူ့အဖွဲ့အစည်းတစ်ရပ်၏ ယဥ်ကျေးမှုတိုးတက်လာခြင်းကို ရည်ညွှန်းသည့် ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းသုတေသနပြတိုက်အဖြစ် သတ်မှတ်ခံထားရကြောင်း အီဂျစ်နိုင်ငံ ခရီးသွားလာရေးနှင့် ရှေးဟောင်းသုတေသနဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

အီဂျစ်နိုင်ငံ Giza မြို့ရှိ Grand Egyptian ပြတိုက်တွင် ပိရမစ်ကြီးများကို ကြည့်ရှုနေကြသည် ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

……….
(English Version)
Egypt shuts down Grand Egyptian Museum in preparation for official opening
CAIRO, Oct. 14 (Xinhua) — Egypt’s Grand Egyptian Museum (GEM) is temporarily closed to the public from Oct. 15 to Nov. 3 in preparation for its official opening, scheduled for early November, according to an announcement published Monday on the museum’s official website.
Following a nearly year-long soft-opening phase, the museum will be officially inaugurated in a grand ceremony on Nov. 1 and will reopen on Nov. 4.
The museum’s trial phase included 12 galleries displaying thousands of artifacts, as well as the Grand Staircase showcasing monumental statues and artifacts from different periods of ancient Egyptian history.
Throughout the soft-opening period, officials kept the vast Tutankhamun Hall closed to preserve it as the centerpiece of the grand opening. The hall will feature the complete collection of the young king — some 5,398 pieces — including his iconic golden mask, two coffins, and other treasures, according to Egypt’s official MENA news agency.
Located near the iconic Giza pyramids and spanning nearly 500,000 square meters, the GEM is billed as the world’s largest archaeological museum dedicated to a single civilization, Egypt’s Ministry of Tourism and Antiquities said.
Photo (1)- Tourists view exhibits at the Grand Egyptian Museum in Giza, Egypt, Oct. 14, 2025. (Xinhua/Ahmed Gomaa)
Photo (2)- Tourists view the Giza Pyramids while visiting the Grand Egyptian Museum in Giza, Egypt, Oct. 14, 2025. (Xinhua/Ahmed Gomaa)