Asia
သီရိလင်္ကာရေတပ်က မူးယစ်ဆေးဝါး ၈၃၉ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိ

ကိုလံဘို၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
သီရိလင်္ကာရေတပ်သည် တောင်ပိုင်းပင်လယ်ပြင်တွင် အထူးရှာဖွေမှုစစ်ဆင်ရေးအတွင်း ခရစ္စတယ်မက်သ်အဖက်တမင်း ၆၇၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၅၆ ကီလိုဂရမ်နှင့် ဆေးခြောက် ၁၂ ကီလိုဂရမ် အပါအဝင် မူးယစ်ဆေးဝါး ၈၃၉ ကီလိုဂရမ်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိတ် ၅၁ အိတ်ဖြင့်ထည့်ထားပြီး ပင်လယ်ပြင်တွင် စွန့်ပစ်ထားခဲ့သည့် မူးယစ်ဆေးဝါးများကို ရေတပ်က ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးရန်အတွက် Tangalle ငါးဖမ်းဆိပ်ကမ်းသို့ ယူဆောင်ခဲ့ခြင်းဖြစ်သည်။
ရေတပ်၏အဆိုအရ အရှေ့ပိုင်းနှင့် တောင်ပိုင်းရေတပ်စစ်ဌာနချုပ်များ၏ ပူးပေါင်းစစ်ဆင်ရေး နေ့ရက်များအပြီးတွင် အဆိုပါမူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရသည် အများပြည်သူနှင့်အမျိုးသားလုံခြုံရေးကို အဓိကခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမြစ်ဖြတ်ချေမှုန်းရန် အခိုင်အမာလုပ်ဆောင်လျက်ရှိကြောင်း ရေတပ်က ပြောကြားခဲ့သည်။
သီရိလင်္ကာနိုင်ငံတွင် သမ္မတ Anura Kumara Dissanayake ၏ လမ်းညွှန်မှုအောက်တွင် နိုင်ငံတစ်ဝန်း မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိပြီး မူးယစ်ဆေးဝါးကုန်ကူးမှုများတိုက်ဖျက်ရန် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် အတူတကွညှိနှိုင်းဆောင်ရွက်နေကြောင်း ရေတပ်က ပြောကြားခဲ့သည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့မူးယစ်ဆေးဝါးဌာနသို့ ဥပဒေအရတရားစွဲဆိုရန် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ရေတပ်က ပြောကြားခဲ့သည်။
သီရီလင်္ကာနိုင်ငံ၌ လက်ရှိအစိုးရစီမံအုပ်ချုပ်မှုအောက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုစစ်ဆင်ရေးလုပ်ငန်းများ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ လွန်ခဲ့သည့် ၉ လအတွင်း ရဲတပ်ဖွဲ့က စုစုပေါင်း ဘိန်းဖြူ ၁,၂၄၈ ကီလိုဂရမ်နှင့် ခရစ္စတယ် မက်သ်အဖက်တမင်း ၁,၈၅၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလအစောပိုင်း၌ ပြောကြားခဲ့သည်။ (Xinhua)
……….
(English Version)
Sri Lankan navy seizes over 839 kg of drugs
COLOMBO, Oct. 15 (Xinhua) — Sri Lanka’s Navy seized over 839 kg of drugs, including 670 kg of crystal methamphetamine, 156 kg of heroin, and 12 kg of hashish during a special search operation in the southern seas on Tuesday, officials said in a press release on Wednesday.
The narcotics, packed in 51 sacks and abandoned at sea, were detected by the navy and brought to the Tangalle Fisheries Harbor for inspection.
According to the Navy, the seizure followed several days of joint operations by Eastern and Southern Naval Commands.
The navy said the government remains firmly committed to eradicating the drug menace, which poses a major threat to public and national security.
Sri Lanka is conducting a nationwide anti-drug operation under the guidance of President Anura Kumara Dissanayake, bringing together security and law enforcement agencies for coordinated actions against drug trafficking, the navy said.
The seized narcotics have been handed over to the Police Narcotics Bureau for further legal proceedings, the navy said.
Sri Lanka has ramped up anti-drug operations under the current administration, and the police have seized a total of 1,248 kg of heroin and 1,852 kg of crystal methamphetamine during the past nine months, a spokesperson said earlier this month.