Connect with us

International Organizations

လီဝန်ဒေါစကီး ဒူးကောက်ကြောဒဏ်ရာရရှိမှုကြောင့် ဘာစီလိုနာအတွက် ထိုးနှက်ချက်ပိုများလာ

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၌ ဘိုင်ယန်မြူးနစ်နှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲအတွင်း ဘာစီလိုနာမှ လီဝန်ဒေါစကီး၏ ကစားဟန်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ကြွက်သားဒဏ်ရာရသွားခဲ့ပြီး ဒဏ်ရာရနေသည့် နောက်ဆုံး ကစားသမားဖြစ်လာခြင်းနှင့်အတူ ဘာစီလိုနာအတွက်လည်း ဒဏ်ရာရကစားသမားများနှင့်ပတ်သက်၍ စိုးရိမ်မှုများ နက်ရှိုင်းလာခဲ့သည်။ အဆိုပါပိုလန်လက်ရွေးစင်တိုက်စစ်မှူးမှာ နိုင်ငံပွဲများကစားခဲ့စဥ် ဘယ်ဘက်ပေါင်ဒူးကောက်ကြောဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဘာစီလိုနာဆေးအဖွဲ့က အတည်ပြုခဲ့ သည်။ ဘာစီလိုနာက လီဝန်ဒေါစကီး ပြန်ကစားနိုင်မည့်အချိန်ကို တိကျစွာထုတ်ပြန်ခြင်းမရှိသော်လည်း စပိန်နေ့စဥ်သတင်းစာ ဒိုင်ယာရီယိုအေအက်စ်ကမူ သီတင်း ၄ ပတ်ကြာခန့် အနားယူရမည်ဖြစ်ကြောင်း ခန့်မှန်းဖော်ပြခဲ့သည်။
လီဝန်ဒေါစကီးမှာ နိုင်ငံတကာပွဲစဥ်သီတင်းပတ်ကာလအတွင်း ဒဏ်ရာရပြီး ဘာစီလိုနာသို့ ပြန်ရောက် လာသည့် တတိယမြောက်ကစားသမားလည်း ဖြစ်ခဲ့သည်။ ကွင်းလယ်ကစားသမား ဒါနီအိုလ်မိုမှာ စပိန်လက်ရွေးစင်းအသင်းနှင့် လေ့ကျင့်ရေးတွင် ခြေသလုံးဒဏ်ရာရခဲ့ပြီး သီတင်းပတ် ၃ ပတ်ကြာ အနားယူရမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။ အလားတူ ဖာရန်တောရက်စ်ကလည်း ကြွက်သား ဒဏ်ရာအသေးစားရခဲ့ခြင်းကြောင့် စပိန်အသင်းမှ နုတ်ထွက်ခဲ့ရကာ ဘာစီလိုနာသို့ ပြန်ရောက်လာခဲ့ သည်။ သို့သော် ဖာရန်တောရက်စ်မှာ အောက်တိုဘာ ၁၈ ရက်တွင် ဂျီရိုနာကို အိမ်ကွင်း၌ လက်ခံ ကစားရမည့် လာလီဂါပွဲတွင် ကြံ့ခိုင်မှုပြည့်ဝပြီး ပါဝင်ကစားနိုင်ဖွယ်ရှိနေသည်။
လီဝန်ဒေါစကီးနှင့် အိုလ်မိုတို့ နှစ်ဦးစလုံးမှာ အောက်တိုဘာ ၂၆ ရက်တွင် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်း၌ကစားရမည့် ယခုရာသီ ပထမဆုံးကလပ်စီကိုပွဲစဥ်ကိုလည်း လွဲချော်ဖွယ်ရှိနေသည်။
ရာဖင်ဟာနှင့် လာမင်းယမားလ်တို့မှာမူ ပြန်ကစားနိုင်မည်ဟုမျှော်လင့်ထားကြသလို ယမားလ်၏ တင်ပါးဆုံအရိုးဒဏ်ရာ အကင်းမသေမှုကြောင့် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်ကလည်း ယမားလ်၏ ပွဲကစားချိန်မိနစ်အရေအတွက်ကို ဂရုတစိုက်အသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Lewandowski’s hamstring injury adds to Barca woes
MADRID, Oct. 15 (Xinhua) — FC Barcelona’s injury concerns deepened as striker Robert Lewandowski became the latest player sidelined with a muscle injury.
The Polish forward sustained a hamstring problem in his left thigh while on international duty, Barcelona confirmed in a medical report. The club did not specify a recovery time, but Spanish daily Diario AS estimated an absence of around four weeks.
Lewandowski is the third Barca player to return injured during the international break. Midfielder Dani Olmo picked up a calf injury in training with Spain and is expected to miss three weeks, while Ferran Torres left Spain’s squad with a slight muscle strain but should be fit for Saturday’s La Liga home match against Girona.
Both Lewandowski and Olmo are likely to miss the season’s first Clasico away to Real Madrid on October 26.
Meanwhile, Raphinha and Lamine Yamal are expected to be available, though coach Hansi Flick will manage Yamal’s minutes carefully due to his recurring pelvic issue. ■
Photo:
Robert Lewandowski of FC Barcelona in action during a UEFA Champions League against Bayern Munich in Barcelona, Spain, Oct. 23, 2024. (Photo by Joan Gosa/Xinhua)