Asia
ကမ္ဘောဒီးယားနိုင်ငံတွင် လေးလနီးပါးအတွင်း အွန်လိုင်းလိမ်လည်မှုသံသယဖြင့် လူ ၃,၄၅၅ ဦးကို ဖမ်းဆီး

ဖနွမ်းပင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုစင်တာများအား နှိမ်နင်းသည့်စစ်ဆင်ရေးများအတွင်း သံသယ ရှိသောကြောင့် ဖမ်းဆီးရမိသူအရေအတွက် တိုးလာကာ ယခုအချိန်အထိ ၃,၄၅၅ ဦး ရှိလာကြောင်း အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးအထူးကော်မတီက အောက်တိုဘာ ၁၅ ရက်နှောင်းပိုင်း ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အာဏာပိုင်များသည် ဇွန် ၂၇ ရက်မှ ယနေ့အထိ နိုင်ငံ၏ ပြည်နယ်နှင့်မြို့ကြီး ၂၅ ခုအနက် နိုင်ငံတစ်ဝန်းရှိ စုစုပေါင်း ပြည်နယ်နှင့်မြို့ကြီး ၁၈ ခုရှိ ခြံဝင်း ၉၂ ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ဖမ်းဆီးရမိခဲ့သော သံသယတရားခံများသည် မတူညီသောနိုင်ငံပေါင်း ၂၀ မှဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
ဒါဇင်နှင့်ချီသည့် ဂိုဏ်းခေါင်းဆောင်များအား တရားစွဲဆိုရန် တရားရုံးသို့ပို့ဆောင်ပြီးဖြစ်ကြောင်းနှင့် အခြားသူ အများစုကို ၎င်းတို့၏ မွေးဖွားရာဇာတိနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင် လုံခြုံရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် လူမှုဘဝဘေးကင်းရေး ထိန်းသိမ်းကာကွယ်ရန်အတွက် ဆိုက်ဘာလိမ်လည်မှုကွန်ရက်များအား နိုင်ငံအနှံ မကြုံစဖူး နှိမ်နင်းမှုများ စတင်ပြုလုပ်လျက်ရှိကြောင်းသိရသည်။ (Xinhua)
………………………
(English Version)
Cambodia arrests 3,455 online scam suspects in nearly 4 months
PHNOM PENH, Oct. 16 (Xinhua) — The number of suspects arrested in crackdown operations on online scam centers in Cambodia has increased to 3,455 so far, said a press release issued by the Ad-Hoc Committee to Combat Online Scams late Wednesday.
The authorities have raided a total of 92 compounds in 18 cities and provinces across the kingdom’s 25 cities and provinces since June 27 to date, the press release said, adding that the arrested suspects are from 20 different nationalities.
Dozens of ringleaders have been sent to courts for prosecution, while most others have been deported back to their birth countries, the press release said.
The Southeast Asian country has launched an unprecedented nationwide crackdown on cyber scam networks, aiming at maintaining and protecting security, public order, and social safety.