Connect with us

International Organizations

သြစတြေးလျနိုင်ငံ၏ အိုလံပစ်ချန်ပီယံ Titmus ရေကူးပြိုင်ပွဲများမှအနားယူတော့မည်

ပဲရစ် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အလွတ်ကူးပြိုင်ပွဲဖိုင်နယ်ပွဲစဥ်အတွင်း Ariarne Titmus ယှဥ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် သြဂုတ် ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဆစ်ဒနီ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံမှ အိုလံပစ်ချန်ပီယံ လေးကြိမ်ရရှိထားပြီး အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲ ကမ္ဘာ့စံချိန်တင်ထားသူ Ariarne Titmus သည် ရေကူးပြိုင်ပွဲများမှအနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“ရေကူးခြင်းကို ကျွန်မ အမြဲချစ်ခင်စွဲလမ်းခဲ့ပါတယ်၊ ငယ်ငယ်ကတည်းက ကျွန်မရဲ့ဝါသနာဖြစ်ခဲ့တာပါ” ဟု Titmus က အောက်တိုဘာ ၁၆ ရက်၌ လူမှုကွန်ရက် ဗီဒီယိုပို့စ်တစ်ခုတွင် ပြောခဲ့သည်။ “ဒါပေမဲ့ ဒီအချိန်မှာကျွန်မ အားကစားကနေ အနားယူရတော့မယ်ထင်ပါတယ်၊ ကျွန်မအတွက်အမြဲအရေးကြီးခဲ့တဲ့ ဘဝရဲ့အရာတချို့က အခုအချိန်မှာ ကျွန်မအတွက် ရေကူးခြင်းထက် အနည်းငယ်ပိုအရေးကြီးလာတယ်ဆိုတာ သတိပြုမိခဲ့တယ်”
အသက် ၂၅ နှစ်အရွယ် Titmus သည် ၎င်း၏အသက်မွေးဝမ်းကျောင်းဘဝကို တိုကျို ၂၀၂၀ နှင့် ပဲရစ် ၂၀၂၄ ပြိုင်ပွဲများတွင် အိုလံပစ်ရွှေတံဆိပ်လေးဆု အပါအဝင် ရွှေတံဆိပ်ရှစ်ခု ရရှိခဲ့ပြီး အဆုံးသတ်ခဲ့ပြီဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ချန်ပီယံ ရွှေတံဆိပ်လေးခုအပါအဝင် ဆုတံဆိပ်ပေါင်း ကိုးခုကို ရရှိထားသူလည်းဖြစ်သည်။ (Xinhua)
…………………..
(English Version)
Australian Olympic champion Titmus retires from swimming
SYDNEY, Oct. 16 (Xinhua) — Australia’s four-time Olympic champion and women’s 200m freestyle world record holder Ariarne Titmus has announced her retirement from competitive swimming.
“I’ve always loved swimming, it’s been my passion since I was a little girl,” Titmus said in a video posted on social media on Thursday. “But I guess I’ve taken this time away from the sport and realized some things in my life that have always been important to me are just a little bit more important to me now than swimming.”
Titmus, 25, finished her career with eight Olympic medals at the Tokyo 2020 and Paris 2024 Games, including four golds. She also won nine world championships medals, including four golds.
Photo : Ariarne Titmus in action during the women’s 800m freestyle final at the Paris 2024 Olympic Games, on Aug. 3, 2024. (Xinhua/Du Yu)