Connect with us

North America

ဟန်ဂေရီ၌ ပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထရမ့်ပြောကြား

အမေရိကန်နိုင်ငံ အလက်စ်ကာပြည်နယ် အန်ခိုးရိတ်ဂျ်မြို့၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့အား ၂၀၂၅ ခုနှစ် သြဂုတ် ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းသည် ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၆ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော် အခုလေးတင် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တယ်လီဖုန်းပြောလို့ပြီးတာပါ၊ ဒါက သိပ်ကို အကျိုးရှိတဲ့ကိစ္စပါပဲ” ဟု ထရမ့်က အမေရိကန်လူမှုမီဒီယာပလက်ဖောင်း Truth Social ၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ယူကရိန်းနဲ့ စစ်ပွဲကိစ္စကို ဆွေးနွေးပြီးသွားတော့ ရုရှားနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒီနေ့ တယ်လီဖုန်းနဲ့ စကားပြောဆိုမှုက ကြီးကြီးမားမား တိုးတက်ခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် လာမည့်သီတင်းပတ်တွင် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဦးဆောင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံ အဆင့်မြင့် အကြံပေးများ အစည်းအဝေး ကျင်းပရန် သဘောတူညီခဲ့ပြီး အစည်းအဝေးနေရာကိုမူ မဆုံးဖြတ်ရသေးကြောင်း ထရမ့်က ပြောကြားခဲ့သည်။
“ဖုန်းပြောတုန်းက သဘောတူညီခဲ့တဲ့နေရာဖြစ်တဲ့ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပက်စ်မှာ တွေ့ဆုံပြီး ရုရှားနဲ့ ယူကရိန်းကြားက မတင့်တယ်တဲ့ ဒီစစ်ပွဲကို အဆုံးသတ်အောင် ကျွန်တော်တို့ ဆောင်ကြဉ်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ဖို့ သမ္မတ ပူတင်နဲ့ ကျွန်တော် တွေ့ဆုံမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ စီစဉ်ထားသည့် အိမ်ဖြူတော်သို့ ချစ်ကြည်ရေးခရီးစဉ်မတိုင်မီ တစ်ရက်အလို၌ အဆိုပါဖုန်းပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။
ထရမ့်နှင့် ပူတင်တို့သည် ဩဂုတ်လက အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီမှုမရခဲ့ပေ။ ဥရောပသမဂ္ဂနှင့် နေတိုးတို့၏ ပံ့ပိုးကူညီမှုဖြင့် ယူကရိန်းမှာ “၎င်း၏မူလပုံစံအတိုင်း ပြန်လည်အနိုင်ရရန် အနေအထားတွင် ရှိနေသည်” ဟု ယုံကြည်ကြောင်း ထရမ့်က ဆိုရှယ်မီဒီယာတွင် စက်တင်ဘာနှောင်းပိုင်း၌ ပြောကြားခဲ့သည်။ (Xinhua)
………………..
(English Version)
Trump says to meet Putin in Hungary
WASHINGTON, Oct. 16 (Xinhua) — U.S. President Donald Trump said Thursday he will meet with Russian President Vladimir Putin in Budapest, Hungary, for talks aimed at ending the Russia-Ukraine conflict, following a phone conversation between the two leaders.
“I have just concluded my telephone conversation with President Vladimir Putin, of Russia, and it was a very productive one,” said Trump on Truth Social.
“We also spent a great deal of time talking about Trade between Russia and the United States when the War with Ukraine is over,” he said.
“I believe great progress was made with today’s telephone conversation,” he added.
Trump said the two countries agreed to hold a high-level advisors’ meeting next week, with Secretary of State Marco Rubio leading the U.S. delegation, adding that the meeting location is to be determined.
“President Putin and I will then meet in an agreed upon location, Budapest, Hungary, to see if we can bring this ‘inglorious’ War, between Russia and Ukraine, to an end,” Trump said.
The phone conversation came one day ahead of Ukrainian President Volodymyr Zelensky’s scheduled visit to the White House.
Trump and Putin met in the U.S. state of Alaska in August, but no deal was reached. In late September, Trump said on social media that he believes Ukraine, with the support of the European Union and NATO, “is in a position to fight and WIN all of Ukraine back in its original form.” ■
English Caption
U.S. President Donald Trump (R) and Russian President Vladimir Putin attend a joint press conference after concluding their talks in Anchorage, Alaska, the United States, on Aug. 15, 2025. (Xinhua/Wu Xiaoling)