Asia
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ဒိုဟာတွင် တွေ့ဆုံဆွေးနွေးဖွယ်ရှိ

ကဘူးလ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ကာတာနိုင်ငံ ဒိုဟာမြို့တော်တွင် တွေ့ဆုံဆွေးနွေးကြရန် ဖြစ်နိုင်ဖွယ်ရှိကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ TOLOnews က အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ အောက်တိုဘာ ၁၅ ရက် ညနေခင်းက သတင်းထုတ်ပြန်ခဲ့သည်။
အာဖဂန်နစ္စတန်ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နှင့်တွေ့ဆုံဆွေးနွေးရန် မကြာမီကာလတွင် ဒိုဟာသို့ ခရီးသွားမည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိအပစ်အခတ်ရပ်စဲမှုကို ဆက်လက်တိုးချဲ့ရန် ဖြစ်နိုင်ခြေရှိခြင်း စသည့် အကြောင်းအရာများပါဝင်လိမ့်မည် ဖြစ်ကြောင်း သိရသည်။
အာဖဂန်ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေးဝန်ကြီး Mawlawi Mohammad Yaqoob Mujahid က ဦးဆောင်လိမ့်မည်ဖြစ်ပြီး ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့တွင် ထိပ်တန်းလုံခြုံရေးနှင့် ထောက်လှမ်းရေးအရာရှိကြီးများ ပါဝင်နိုင်ကြောင်း သတင်းရင်းမြစ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ယခုအချိန်အထိ ဆွေးနွေးပွဲအချိန်၊ ဆွေးနွေးပွဲအစီအစဥ်တို့နှင့်ပတ်သက်၍ မည်သည့်အစိုးရဘက်ကမျှ တရားဝင်အတည်ပြုချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။
ပါကစ္စတန်နှင့်အာဖဂန်နစ္စတန် နှစ်နိုင်ငံနယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ရက်အတန်ကြာဖြစ်ပွား ခဲ့ပြီးနောက် နှစ်ဖက်စလုံးမှ အပစ်အခတ်ရပ်စဲရေးကြေညာကြောင်း အောက်တိုဘာ ၁၇ ရက်တွင် သီးခြားစီကြေညာချက်များ ထုတ်ပြန်ခဲ့သည်။(Xinhua)
…………………….
(English Version)
Afghanistan, Pakistan may hold talks in Doha: media
KABUL, Oct. 17 (Xinhua) — Afghanistan and Pakistan may hold talks in Doha, the capital of Qatar, according to a report by Afghanistan’s TOLOnews citing government sources on Wednesday evening.
The source said an Afghan delegation is expected to travel to Doha in the near future to hold talks with the Pakistani side. The discussions will reportedly include topics such as the possible extension of the current ceasefire agreement.
The source added that the Afghan delegation will be led by Minister of Defense Mawlawi Mohammad Yaqoob Mujahid, while the Pakistani delegation may include several senior security and intelligence officials.
So far, neither government has made any official confirmation regarding the timing or agenda of the talks.
Pakistan and Afghanistan issued separate statements on Wednesday announcing a ceasefire between the two sides, after days of cross-border exchanges of fire between the two countries.
Photo : This photo taken on Oct. 13, 2025 shows trucks stalled at the Pakistan-Afghanistan Torkham border, amid cross-border clashes in northwest Pakistan’s Torkham. (Str/Xinhua)