Asia
ဝန်ကြီးချုပ်သစ်အား အောက်တိုဘာ ၂၁ ရက်တွင် ရွေးချယ်ရန် ဂျပန်အာဏာရပါတီနှင့် အတိုက်အခံပါတီတို့ သဘောတူ
တိုကျို၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ၏ နေရာတွင် အစားထိုးမည့် ဝန်ကြီးချုပ်သစ်တစ်ဦးအား အောက်တိုဘာ ၂၁ ရက်၌ ရွေးချယ်တင်မြှောက်ရန် ဂျပန်အာဏာရပါတီနှင့် အတိုက်အခံပါတီတို့အကြား အောက်တိုဘာ ၁၇ ရက်က သဘောတူညီမှုရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ရာထူးမှနုတ်ထွက်တော့မည့် ဝန်ကြီးချုပ် အီရှီဘာ၏ အရိုက်အရာဆက်ခံသူအား ရွေးချယ်ရန်အတွက် ဒိုင်းယက်လွှတ်တော် အထူးအစည်းအဝေး စတင်မည့် အောက်တိုဘာ ၂၁ ရက်၌ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရန် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် အဓိက အတိုက်အခံပါတီဖြစ်သည့် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရက်တစ်ပါတီတို့အကြား သဘောတူညီခဲ့သည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
လာမည့် ဒိုင်းယက်လွှတ်တော် အစည်းအဝေးကာလမှာ ၅၈ ရက် ကြာမြင့်မည်ဖြစ်ကာ ဒီဇင်ဘာ ၁၇ ရက်၌ ပြီးဆုံးမည်ဟုလည်း ယင်းပါတီများက အတည်ပြုခဲ့သည်။
အောက်တိုဘာ ၄ ရက် LDP ပါတီခေါင်းဆောင် ရွေးချယ်ပွဲတွင် ဆာနာအဲ တာကာအိချိက အနိုင်ရရှိထားသည်။ အာဏာရပါတီ ခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ်သစ် ဖြစ်လာရန် ဂျပန်နိုင်ငံ၏ လွှတ်တော်ဖြစ်သည့် ဒိုင်းယက်လွှတ်တော်က အတည်ပြုခန့်အပ်ရမည်ဖြစ်သည်။
ဒိုင်းယက်လွှတ်တော်၏ လွှတ်တော်နှစ်ရပ်လုံးက ဝန်ကြီးချုပ်အား ရွေးချယ်ရန် ဆန္ဒမဲပေးမည်ဖြစ်သော်လည်း ရွေးချယ်သည့် ကိုယ်စားလှယ်လောင်း မတူညီပါက အားကောင်းသော အောက်လွှတ်တော်က ရွေးချယ်ထားသူသာလျှင် အနိုင်ရမည်ဖြစ်သည်။ ပထမအကျော့တွင် မဲအများစုရရှိသည့် ကိုယ်စားလှယ်လောင်းမှာ ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ သို့သော် မည်သည့်ကိုယ်စားလှယ်လောင်းကမှ မဲအများစု မရရှိပါက မဲအများဆုံးရသည့် ကိုယ်စားလှယ်လောင်းနှစ်ဦးအား ဒုတိယအကျော့အဖြစ် ထပ်မံမဲပေးဆုံးဖြတ်သွားမည်ဖြစ်ကာ ဒုတိယအကျော့တွင် မဲအများစု မရရှိလျှင်ပင် မဲအရေအတွက် ပိုမိုရရှိသူက အနိုင်ရမည်ဖြစ်သည်။
တာကာအိချိအနေဖြင့် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရမည်ဆိုပါက ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် အခြားသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် စီးပွားရေးအစီအမံများကို အလျင်အမြန် ချမှတ်သွားမည်ဖြစ်ကာ လေ့လာဆန်းစစ်မှုများ လုပ်ဆောင်ရန်အတွက် ထပ်တိုးဘတ်ဂျက် မူကြမ်းကို ဒီဇင်ဘာလ အစောပိုင်းတွင် လွှတ်တော်ထံ တင်သွင်းဖွယ်ရှိကြောင်း Jiji Press က ဖော်ပြခဲ့သည်။ (Xinhua)

ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ခေါင်းဆောင်ရွေးချယ်ပွဲတွင် အနိုင်ရပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ LDP ပါတီရုံးချုပ်၌ ဆာနာအဲ တာကာအိချိ (ယာ) နှင့် ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာတို့ လက်ဆွဲနှုတ်ဆက်နေပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Kim Kyung-Hoon/REUTERS/Pool via Xinhua)
………………
(English Version)
Japan’s ruling, opposition parties agree to pick new PM on Oct. 21
TOKYO, Oct. 17 (Xinhua) — Japan’s ruling and opposition parties on Friday agreed to elect a new prime minister to replace Shigeru Ishiba on Oct. 21, local media reported.
The ruling Liberal Democratic Party (LDP) and the main opposition Constitutional Democratic Party of Japan agreed to hold the parliamentary vote to pick the successor to outgoing Ishiba on Oct. 21, the day when an extraordinary Diet session kicks off, Kyodo News reported.
The two parties also confirmed that the term of the upcoming Diet session will be 58 days, ending on Dec. 17.
Sanae Takaichi won the LDP presidential election on Oct. 4. For the leader of the ruling party to become the next prime minister, they must be appointed by the Diet, Japan’s parliament.
Both houses of the Diet vote to choose the prime minister, but if they make different choices, the powerful lower house’s pick prevails. A candidate who wins a majority in the first round is named prime minister. If no one secures a majority, a runoff vote is held between the top two vote-getters, and the one with more votes is chosen even without a majority.
Jiji Press reported that if Takaichi is elected prime minister, she will immediately formulate economic measures to deal with rising prices and other issues and is expected to submit a supplementary budget bill to the parliament for review in early December.
English Caption 1
Former Economic Security Minister Sanae Takaichi speaks during a leadership election campaign of Liberal Democratic Party (LDP) in Tokyo, Japan, Sept. 22, 2025. (Franck Robichon/Pool via Xinhua)
English Caption 2
Sanae Takaichi (R) shakes hands with Japanese Prime Minister Shigeru Ishiba, also former president of Japan’s ruling Liberal Democratic Party (LDP), after winning LDP presidential election at the LDP headquarters in Tokyo, Japan, Oct. 4, 2025. (Kim Kyung-Hoon/REUTERS/Pool via Xinhua)
