International Organizations
ဖီဖာအဆင့်သတ်မှတ်ချက်၌ အဆင့် ၇၃ သို့ ဂါနာ နှစ်နေရာမြင့်တက်

အက်ကာရာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ဂါနာအသင်းသည် အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့်နှစ်နေရာမြင့်တက်ပြီး အဆင့် ၇၃ သို့ တက်လှမ်းခဲ့သည်။
ဂါနာအသင်းသည် လာမည့်နွေရာသီတွင် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုတို့၌ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၎င်းတို့၏နေရာကို ကြိုတင်စာရင်းသွင်းရန် ဗဟိုအာဖရိကသမ္မတအသင်းနှင့်ကစားပွဲ၌ ၅-၀ ဂိုးနှင့် ကိုမိုရော့စ်အသင်းနှင့်ကစားပွဲ၌ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ယခုလ၏ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် စွမ်းဆောင်ရည်များ မြင့်တက်လာပြီးနောက် ထိုသို့မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးငါးနေရာကို စပိန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်နှင့် ပေါ်တူဂီတို့က သိမ်းပိုက်ထားခြင်း ဖြစ်သည်။
တိုးတက်မှုရှိသော်ငြားလည်း အာဖရိကတွင် ဂါနာ၏ အဆင့်မှာမူ မပြောင်းလဲသေးဘဲ အဆင့် ၁၄ ၌သာ ရှိနေဆဲဖြစ်သည်။ အာဖရိက၌ မော်ရိုကိုက ထိပ်ဆုံးမှဆက်လက်ဦးဆောင်နေပြီး မော်ရိုကိုပြီးလျှင် အဆင့် ၂ မှ ၅ အထိမှာ ဆီနီဂေါ၊ အီဂျစ်၊ အယ်လ်ဂျီးရီးယားနှင့် နိုင်ဂျီးရီးယားတို့ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Ghana up two places to 73rd in latest FIFA ranking
ACCRA, Oct. 17 (Xinhua) — Ghana has climbed two places to 73rd in the latest FIFA world rankings released on Friday.
The Black Stars’ rise comes after strong performances in this month’s 2026 World Cup qualifiers, where they beat the Central African Republic 5-0 and Comoros 1-0 to book their place at next summer’s tournament in the United States, Canada and Mexico.
Spain, Argentina, France, England and Portugal occupy the top five positions in the global rankings.
Despite the improvement, Ghana’s standing within Africa remains unchanged at 14th. Morocco continues to lead the continental rankings, followed by Senegal, Egypt, Algeria and Nigeria. ■
English Caption
Players of Ghana pose for group photos before the Group H match between South Korea and Ghana at the 2022 FIFA World Cup at Education City Stadium in Al Rayyan, Qatar, Nov. 28, 2022. (Xinhua/Xin Yuewei)