Connect with us

International Organizations

ချဲလ်ဆီးတိုက်စစ်မှူး ကိုးလ်ပါလ်မာ ပေါင်ခြံဒဏ်ရာကြောင့် ‌ခြောက်ပတ်ခန့်နားရမည်ဟု မာရက်စကာ အတည်ပြု

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် MetLife အားကစားရုံတွင် ပြုလုပ်သည့် ဖီဖာကလပ် ၂၀၂၅ ကမ္ဘာ့ဖလား ချဲလ်ဆီးဘောလုံးအသင်း (အင်္ဂလန်)နှင့်ပဲရစ်စိန့်ဂျာမိန်းအသင်း(ပြင်သစ်)တို့ ယှဥ်ပြိုင်သည့် ဖိုင်နယ်ပွဲစဥ်တွင် ချဲလ်ဆီးအသင်းမှ ကိုးလ်ပါမား(ယာ) ဂိုးသွင်းယူသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

လန်ဒန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
ချဲလ်ဆီးဘောလုံးအသင်းတိုက်စစ်မှူး ကိုးလ်ပါလ်မာသည် ရရှိထားသည့် ပေါင်ခြံဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရန် နောက်ထပ်ခြောက်ပတ်ခန့်နားရမည်ဖြစ်ကြောင်း ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက အတည်ပြုပြောဆိုခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ကစားသမားသည် စက်တင်ဘာ ၂၀ ရက် ပြိုင်ပွဲတွင် ဒဏ်ရာပြန်ဖြစ်ကာ ကစားပွဲမှ ထွက်ပြီးကတည်းက ပြိုင်ပွဲပါဝင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အဆိုပါဒဏ်ရာပြဿနာသည် ချဲလ်ဆီးအသင်း ဖီဖာကလပ်ကမ္ဘာ့ဖလားတွင် အနိုင်ရပြီးနောက် တိုတောင်းသောရာသီအကြိုကာလအတွင်း ပထမဆုံး ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
ယခု ပရီးမီးယားလိဂ်ရာသီတွင် စုစုပေါင်း သုံးပွဲသာ ကစားရသေးသည့် ပါလ်မာအဖို့ လာမည့် နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်နည်းပြ Thomas Tuchel ကို အထင်ကြီးစေရေး လုပ်ဆောင်ရန် အချိန်နည်းပါးလျက်ရှိသည်။
ချဲလ်ဆီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများမတိုင်မီ ပါလ်မာကို အနားပေးထားရန်ဆုံးဖြတ်ခဲ့ပြီး နိုဝင်ဘာမှာ ကြံ့ခိုင်မှုကောင်းမွန်စေဖို့အကောင်းဆုံးအခွင့်အရေးပေးခဲ့ခြင်းဖြစ်သည်။သို့သော်လည်း မာရက်စကာ က အခုအခါမှာ ၎င်း ပြန်လည်ကစားရန် နောက်လကုန်သို့ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်မှားသွားခဲ့ပါတယ်” ဟု မာရက်စကာ က အောက်တိုဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကံမကောင်းစွာနဲ့ပဲ သူနောက်ထပ်ခြောက်ပတ်လောက်နားရဖို့ လိုအပ်တာ သေချာသလောက်ပဲ၊ ဒီတော့ ဒါကနောက်ဆုံးအခြေအနေပဲ”
လွန်ခဲ့သည့်ရာသီ ပရီးမီးယားလိဂ်တွင် ၁၅ ဂိုးသွင်းယူခဲ့သည့် ပါလ်မာ၏ဒဏ်ရာသည် ခွဲစိတ်စရာလိုအပ်မည် မဟုတ်ဟု ၎င်းယုံကြည်ကြောင်းလည်း ချဲလ်ဆီးနည်းပြက ထပ်ပြောခဲ့သည်။
“ကျွန်တော်တို့တတ်နိုင်သမျှကာကွယ်ဖို့ကြိုးစားနေပါတယ်” ဟု မာရက်စကာ ပြောကြားခဲ့သည်။ “အရေးအကြီးဆုံးကတော့ သူပြန်ကစားတဲ့အခါ အပြည့်အဝကြံ့ခိုင်နေဖို့ပါပဲ” ဟု မာရက်စကာက ပြောခဲ့သည်။
“ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက မှော်ဆရာတွေမဟုတ်ပါဘူး၊ ခြောက်ပတ်ဆိုတာ လုံလောက်တယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့တစ်ဆင့်ချင်း လုပ်ဆောင်ဖို့လိုအပ်ပါတယ်၊ သူ အဆင်ပြေလာမှာပါ သေချာပါတယ်၊ သူ သက်သက်သာသာ ပုံရှိပါတယ်၊ ဒဏ်ရာပြန်လည်သက်သာဖို့ သူကြိုးစားနေပါတယ်၊ လိုအပ်တဲ့ကုသမှု အားလုံးလည်းလုပ်ဆောင်နေပါတယ်” ဟု မာရက်စကာက ပြောခဲ့သည်။
နော်တင်ဟမ်ဖောရက်စ်နှင့် အောက်တိုဘာ ၁၈ ရက် ကစားမည့် ပရီးမီးယားလိဂ် ခရီးစဥ်မတိုင်မီပြောကြားရာတွင် ပါလ်မာ မပါဝင်ခြင်းက ထိခိုက်မှုကြီးမားကြောင်း မာရက်စကာက ဝန်ခံခဲ့သည်။
“ကိုးလ်ရဲ့နေရာမှာ အစားထိုးဖို့ဆိုတာ ခက်ပါတယ်၊ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ ကစားသမားတစ်ဦးပါ၊ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ်၊ ဒီလိုကစားသမားမျိုးဆိုတာ အစားထိုးဖို့အမြဲတမ်း ခက်ခဲပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။
“ကျွန်တော်တို့မှာနောက်ထပ်တစ်ယောက်မရှိပါဘူး၊ ကိုးလ်က ပြိုင်ဘက်ကင်းကစားသမားပါ”
ပါလ်မာသည် ပရီးမီးယားလိဂ်ပြိုင်ပွဲများတွင် နော်တင်ဟမ်ဖောရက်စ်၊ ဆန်းဒါးလန်း ၊တော့တင်ဟမ်ဟော့စပါး၊ ဘန်လေ၊ အာဆင်နယ်တို့နှင့် ပြိုင်ပွဲများအပြင် ဝုဗ်နှင့်ယှဥ်ပြိုင်ရမည့် လိဂ်ဖလားပွဲစဥ် လွဲချော်မည်ဟု မျှော်လင့်ရသည်။
ခန့်မှန်းခြေခြောက်ပတ်ကြာ နားနေရစဥ်ကာလအတွင်း ချန်ပီယံလိဂ်ပွဲစဥ် အေဂျက်စ်၊ Qarabag FK ၊ ဘာစီလိုနာ၊ အသင်းများနှင့်ကစားမည့်ပွဲစဥ်များ ဆီးဘီးယားနှင့်အယ်လ်ဘေးနီးယားတို့နှင့်ကစားရမည့် အင်္ဂလန်အသင်း၏ ကမ္ဘာဖလားခြေစစ်ပွဲစဥ်များ လွဲချော်နိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)
……………………
(English Version)
Chelsea’s Palmer sidelined for six more weeks with groin injury, confirms Maresca
LONDON, Oct. 17 (Xinhua) — Chelsea manager Enzo Maresca has confirmed that forward Cole Palmer will be out for another six weeks as he continues to recover from a persistent groin injury.
The 23-year-old has not featured in a competitive match since September 20, when he was forced off due to a recurrence of the issue that first surfaced during the Blues’ shortened pre-season following their Club World Cup triumph.
Palmer has made only three Premier League appearances this season and is running out of time to impress England manager Thomas Tuchel ahead of next summer’s World Cup.
Chelsea opted to rest Palmer before the international break to give him the best chance of being fit by November. However, Maresca has now pushed his return date back to the end of next month.
“I was wrong,” Maresca told a news conference on Friday. “Unfortunately, he needs to be out probably six more weeks. So, yes, this is the update.”
The Chelsea boss added that he remains confident that Palmer, who scored 15 Premier League goals last season, will not require surgery.
“We try to protect Cole as much as we can,” Maresca said. “The most important thing is when he comes back, he is fully fit.”
“The medical staff are not magicians. We hope six weeks are enough. We need to see it step-by-step. For sure, he’s going to be OK.”
“He looks relaxed. He has tried to recover from the injury and is doing all the therapy.”
Speaking ahead of Chelsea’s Premier League trip to Nottingham Forest on Saturday, Maresca admitted Palmer’s absence would be a significant blow.
“To replace Cole is difficult, because Cole is a very important player for us – probably one of the best players in the Premier League – so to replace that kind of player is always difficult,” he said.
“We don’t have another player like Cole, because Cole is unique.”
Palmer is expected to miss Premier League fixtures against Nottingham Forest, Sunderland, Tottenham Hotspur, Burnley and Arsenal, as well as a League Cup tie at Wolves.
The estimated six-week recovery period would also see him sidelined for Champions League matches against Ajax, Qarabag FK and Barcelona, and for England’s World Cup qualifiers against Serbia and Albania.
Photo : Cole Palmer (R) of Chelsea FC shoots during the final match between Chelsea FC (England) and Paris Saint-Germain (France) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 13, 2025. (Xinhua/Xu Chang)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.