Connect with us

Europe

ရုရှားဓာတ်ငွေ့တင်သွင်းမှုများကို ၂၀၂၈ ခုနှစ် ဇန်နဝါရီနောက်ဆုံးထား၍ အဆင့်ဆင့်ရပ်ဆိုင်းရန် အီးယူ သဘောတူ

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ရုရှား၏ စွမ်းအင်ကုမ္ပဏီကြီး Gazprom ၏ လိုဂိုကို ၂၀၂၂ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံများက ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုများအား တဖြည်းဖြည်းချင်း အဆင့်ဆင့်ရပ်ဆိုင်းရန် စည်းမျဉ်းများနှင့်ပတ်သက်၍ ၎င်းတို့၏ရပ်တည်ချက်ကို အောက်တိုဘာ ၂၀ ရက်၌ သဘောတူခဲ့ကြပြီး ၎င်းသဘောတူညီချက်မှာ ယင်းအဖွဲ့၏ REPowerEU မဟာဗျူဟာအရ ရုရှားရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှု အဆုံးသတ်ရေးအတွက် ယင်းအဖွဲ့၏ ကြိုးပမ်းမှုတွင် အဓိကခြေလှမ်းတစ်ရပ်ဖြစ်စေခဲ့သည်။
အီးယူကောင်စီ၏အဆိုအရ ယခုသဘောတူညီခဲ့သည့် အဆိုပြုချက်သည် ရုရှားဓာတ်ငွေ့တင်သွင်းမှုများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်တားမြစ်မည်ဖြစ်ပြီး လက်ရှိစာချုပ်များအတွက် အကန့်အသတ်ရှိသည့် အကူးအပြောင်းကာလကို ခွင့်ပြုပေးမည်ဖြစ်သည်။ ကာလတိုစာချုပ်များအား ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပေးထားပြီး နှစ်ရှည်စာချုပ်များကိုမူ ၂၀၂၈ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ခွင့်ပြုပေးမည်ဖြစ်သည်။
သဘောတူညီခဲ့ကြသည့် ထိုအဆိုပြုချက်က စွမ်းအင်ကုမ္ပဏီများအား ပွင့်လင်းမြင်သာမှုနှင့် စောင့်ကြည့်မှုကို မြှင့်တင်ရန် သဘာဝဓာတ်ငွေ့တင်သွင်းမှု စာချုပ်အားလုံး၏ မူလဇာစ်မြစ်နှင့် ကြာချိန်တို့ကို ဖွင့်ချရန်လည်း လိုအပ်‌ကြောင်း သိရသည်။
သို့သော်လည်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က “RePowerEU ကြောင့် ကျွန်တော်တို့ရဲ့ ဘေးကင်းတဲ့စွမ်းအင်ထောက်ပံ့မှု ဖြတ်တောက်ခံနေရပါပြီ” ဟု ဆိုရှယ်မီဒီယာပလက်ဖောင်း X တွင် ပြောကြားလျက် အဆိုပါအစီအစဉ်ကို ဝေဖန်ခဲ့သည်။
အဆိုပါမူဝါဒသည် “အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်လုံခြုံရေးကို ပျက်ပြားစေ” ပြီး “စွမ်းအင်မှာ နိုင်ငံရေးနှင့် မပတ်သက်သင့်” ကြောင်း ၎င်းက ငြင်းခုံခဲ့သည်။
အဆိုပါအစီအစဥ် ဥပဒေမဖြစ်လာခင် ဥရောပပါလီမန်နှင့် ညှိနှိုင်းရန် လိုအပ်သေးသည်။ ယင်းအစီအစဉ်အား အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းစည်းမျဉ်းမှာ ရုရှားရုပ်ကြွင်းလောင်စာများနှင့် ဝေးကွာသော အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်ရန်အတွက် ၂၀၂၂ ခုနှစ်တွင် စတင်ခဲ့သည့် ကျယ်ပြန့်သော REPowerEU အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။
အီးယူ၏ ခန့်မှန်းချက်အရ ရုရှားဓာတ်ငွေ့သည် ၂၀၂၅ ခုနှစ်တွင် အီးယူတင်သွင်းမှုများ၏ ၁၃ ရာခိုင်နှုန်းခန့်ရှိဆဲဖြစ်ပြီး တန်ဖိုးအားဖြင့် နှစ်စဉ် ယူရို ၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၄၉ ဘီလီယံ) ကျော်ရှိကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
EU agrees to phase out Russian gas imports by January 2028
BRUSSELS, Oct. 20 (Xinhua) — European Union (EU) countries on Monday agreed their position on rules to gradually phase out imports of Russian natural gas, marking a key step in the bloc’s efforts to end reliance on Moscow’s fossil fuels under its REPowerEU strategy.
According to the Council of the EU, the proposal would prohibit imports of Russian gas from Jan. 1, 2026, while allowing a limited transition period for existing contracts. Short-term contracts may continue until June 17, 2026, and long-term contracts may run until Jan. 1, 2028.
The proposal also requires energy companies to disclose the origin and duration of all gas import contracts to enhance transparency and monitoring.
However, Hungarian Foreign Minister Peter Szijjarto criticized the plan, saying on social media platform X that “With RePowerEU, our safe energy supply is being killed.”
He argued that the policy “destroys the energy security of EU member states” and that “energy should not be about politics.”
The initiative still needs to be negotiated with the European Parliament before becoming law. Once approved, the regulation will form part of the wider REPowerEU plan, launched in 2022 to accelerate the transition away from Russian fossil fuels.
According to EU estimation, Russian gas still accounts for about 13 percent of EU imports in 2025, worth over 15 billion euros (17.49 billion U.S. dollars) annually. ■
English Caption
The logo of Russia’s energy giant Gazprom is seen at a petrol station in Moscow, Russia, on April 28, 2022. (Photo by Alexander Zemlianichenko Jr/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.