Connect with us

Eastern Europe

ရုရှားအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော

ရုရှားနိုင်ငံ ဆိုချီမြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် Valdai International Discussion Club Think Tank အဖွဲ့၏ ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ ဆင်ဟွာသတင်းဌာနမှ မေးမြန်းသော မေးခွန်းများကို ဖြေကြားနေသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုချီ၊ ရုရှား၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို ပြန်လည်ချိန်ညှိ၍ အကောင်အထည်ဖော်ရေးအတွက် တရုတ်နိုင်ငံ အပါအဝင် အခြားသော နိုင်ငံများနှင့် လက်တွဲ၍ တက်တက်ကြွကြွ လုပ်ဆောင်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံက အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံမှာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ယန္တရားအချို့ အနောက်နိုင်ငံများ၏ လွှမ်းမိုးထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေသည့် အခြေအနေအား ပြောင်းလဲရာတွင် အထောက်အကူပြုနိုင်မည်ဟု ဆိုချီမြို့တွင် စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် Valdai International Discussion Club Think Tank အဖွဲ့၏ ၂၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ လက်ဗ်ရော့ဗ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အမေရိကန်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တွင် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပါဝင်မှုကို မြှင့်တင်မည့် ကြိုးပမ်းအားထုတ်မှုများကို ပိတ်ပင်တားဆီးနေသည့် တစ်ချိန်တည်းတွင် အနောက်နိုင်ငံများက ကမ္ဘာ့ဘဏ်တွင်လည်း ၎င်းတို့၏ အခန်းကဏ္ဍကို မလျော်မကန်အသုံးပြုနေသည်ဟု လက်ဗ်ရော့ဗ်က ဆိုသည်။
နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို ၎င်းတို့၏ တစ်ဖက်သတ်ဆန်သော၊ တစ်ကိုယ်ကောင်းဆန်သော ပထဝီနိုင်ငံရေး ရည်မှန်းချက်များအား ရှေ့ဆက်ဖော်ဆောင်ရန် မလျော်မကန်အသုံးပြုခြင်းမှာ အလွန်ဆိုးရွားသည့် အခြေအနေပင်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေကာ ကုန်သွယ်ရေး အငြင်းပွားမှုများအပေါ် ယင်းအဖွဲ့၏ ဖြေရှင်းနိုင်စွမ်းကိုလည်း အမေရိကန်က ဆယ်စုနှစ်များနှင့်ချီကာ ပိတ်ပင်ဟန့်တားခဲ့သည်ဟု လက်ဗ်ရော့ဗ်က ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)
………………..
(English Version)
Russia supports reforms of global governance system: FM
SOCHI, Russia, Oct. 1 (Xinhua) — Russia supports reforms of the global governance system and will work actively with China and other countries to refine and implement the Global Governance Initiative, Russian Foreign Minister Sergei Lavrov said Tuesday.
Speaking at the 22nd annual meeting of the Valdai International Discussion Club in Sochi, Lavrov told Xinhua that the Global Governance Initiative proposed by China can help change the situation in which certain mechanisms of global governance are subject to Western control.
Lavrov said the United States has blocked efforts to increase the share of Global South countries in the International Monetary Fund, while the West has abused its position in the World Bank.
This abuse of multilateral mechanisms to advance their own unilateral, selfish geopolitical aims is a disaster, he said.
The World Trade Organization needs reform, said Lavrov, noting that Washington has for decades obstructed the body’s ability to resolve trade disputes.
English Caption
Russian Foreign Minister Sergei Lavrov answers questions from Xinhua News Agency at the 22nd annual meeting of the Valdai International Discussion Club in Sochi, Russia, on Sept. 30, 2025. Tuesday. (Xinhua/Hao Jianwei)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.