Connect with us

Europe

အမေရိကန် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၅ မျိုး ဝယ်ယူရန် ယူကရိန်း စီစဉ်

ယူကရိန်းနိုင်ငံ Mariupol မြို့ရှိ ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုနံဘေးမှ ဖြတ်၍ လမ်းလျှောက်သည့် အမျိုးသမီးတစ်ဦးကို ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ၎င်း၏နိုင်ငံသည် Patriot လေကြောင်းရန်ကာကွယ်ရေးစနစ် ၂၅ မျိုးကို ဝယ်ယူရေးအတွက် အမေရိကန်နိုင်ငံနှင့် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်လျက်ရှိသည်ဟု ကြေညာကြောင်း Interfax-Ukraine သတင်းဌာနက အောက်တိုဘာ ၂၀ ရက်၌ ဖော်ပြခဲ့သည်။
ဇယ်လန်းစကီးက ယူကရိန်းသည် ဤစနစ်များစွာကို အရေးတကြီး လိုအပ်နေပြီး လုံခြုံရေး အာမခံချက်အဖြစ် ရေရှည်တွင် နောက်ထပ်အရေအတွက်များ ထပ်မံလိုအပ်မည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဝယ်ယူရန် အခြားနိုင်ငံများမှလည်း စောင့်ဆိုင်းနေကြရကြောင်း သိရှိထားသည့်အားလျော်စွာ ဇယ်လန်းစကီးက အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ ယူကရိန်းအား ပံ့ပိုးကူညီရန် ဆန္ဒရှိပါက ထိုလေကြောင်းရန်ကာကွယ်ရေးစနစ်အား ယူကရိန်းကို ဦးစားပေးရောင်းချနိုင်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းသည် ၎င်း၏ပထမဆုံး Patriot စနစ်ကို ၂၀၂၃ ခုနှစ် ဧပြီက လက်ခံရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
Ukraine plans to purchase 25 U.S. Patriot air defense systems
KIEV, Oct. 20 (Xinhua) — Ukrainian President Volodymyr Zelensky announced that his country is preparing a contract with the United States to purchase 25 Patriot air defense systems, the Interfax-Ukraine news agency reported Monday.
Zelensky emphasized that Ukraine needs several of these systems urgently, while additional units will be required in the longer term as a security guarantee.
Acknowledging that there is already a queue for the Patriots, Zelensky said the United States could prioritize Ukraine if there is political will.
Ukraine received its first Patriot system in April 2023. ■
English Caption
A woman walks past a damaged building in Mariupol, Ukraine, April 1, 2022. (Photo by Victor/Xinhua)