International Organizations
ချန်ပီယံလိဂ်တွင် ဘာစီလိုနာ ဂိုးပြတ်အနိုင်ရခဲ့ပြီး ဗီလာရီးရဲလ်နှင့် အက်သလက်တီကိုတို့ ရှုံးနိမ့်

မက်ဒရစ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် ဘာစီလိုနာက ဖာမင် လိုပက်ဇ်၏ ဟက်ထရစ်သွင်းဂိုး အပါအဝင် အိုလံပီယာကော့စ်ကို အိမ်ကွင်း၌ ၆-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ယခုရာသီ၌ ဒုတိယမြောက် ချန်ပီယံလိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့သော်လည်း ယခုပွဲစဉ်၌ အငြင်းပွားစရာနှင့် အကြိတ်အနယ် အခြေအနေအချို့ ရှိခဲ့သည်။
ဒဏ်ရာမှပြန်လည်ကောင်းမွန်လာသည့် လိုပက်ဇ်၏ သွင်းဂိုးနှစ်ဂိုးဖြင့် ဘာစီလိုနာက ပထမပိုင်းတွင် ဦးဆောင်ထားခဲ့သော်လည်း ဒုတိယပိုင်း ၅၂ မိနစ်တွင် အိုလံပီယာကော့စ် ပင်နယ်တီရရှိခဲ့ရာ အာယို့ အယ်လ်ကာဘီက ကန်သွင်း၍ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့သည်။
အယ်လ်ကာဘီ၏ ခေါင်းတိုက်ချက်မှာ ဘာစီလိုနာဂိုးထဲသို့ ဝင်သွားသော်လည်း ကွင်းလယ်ဒိုင်က ဂိုးမပေးဘဲ အဲရစ် ဂါစီယာ၏ လက်ထိဘောအတွက် ပင်နယ်တီကန်သွင်းစေခဲ့ခြင်းက အိုလံပီယာကော့စ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။
ယင်းနောက် မကြာမီ အိုလံပီယာကော့စ်ဘက်မှ ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရသည့်အတွက် နည်းပြ ဟိုဆေး လူးဝစ်စ် မန်ဒီလစ်ဘာအဖို့ ပို၍ပင် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ အိုလံပီယာကော့စ် ကစားသမား ဆန်တီယာဂို ဟက်ဇီက ဘောလုံးဖျက်ထုတ်ရန် ကြိုးပမ်းရာတွင် မာ့ခ် ကာဆာဒို၏ မျက်နှာကို လက်နှင့်ရိုက်မိခဲ့သည့်အတွက် ဒုတိယအကြိမ် အဝါကတ်ထိကာ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။
ထို့နောက် အိုလံပီယာကော့စ်ဂိုးသမား ကွန်စတန်တီနိုစ် ဇိုလာကစ်စ်ကို ကျော်ဖြတ်ရန်ကြိုးပမ်းနေစဉ် မားကပ်စ် ရက်ရှ်ဖို့ဒ် ပြစ်ဒဏ်ကျူးလွန်ခံရသည့်အတွက် ဘာစီလိုနာအသင်း ပင်နယ်တီရရှိခဲ့ရာ လာမင်း ယမားလ်က ကန်သွင်းခဲ့သည်။
အိုလံပီယာကော့စ်အသင်း တစ်ယောက်လျော့ဖြင့် ကစားနေရပြီး စိတ်ဓာတ်ကျဆင်းသွားချိန်တွင် လိုပက်ဇ်က ဟက်ထရစ်ရရှိစေမည့် သွင်းဂိုးကို သွင်းယူခဲ့သလို ရက်ရှ်ဖို့ဒ်က နှစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ဘာစီလိုနာအသင်းက ၆-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မန်ချက်စတာစီးတီးအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် မန်ချက်စတာစီးတီးက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ပွဲချိန် ၁၇ မိနစ်တွင် ရီကို လူးဝစ်စ်၏ ဖန်တီးပေးမှုကို တိုက်စစ်မှူး အာလင် ဟာလန်းက ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်၍လည်းကောင်း၊ ပွဲချိန် မိနစ် ၄၀ တွင် ဆယ်ဗင်ညို၏ ပါးပါးနပ်နပ် ပေးပို့မှုကို ဘာနာဒို ဆေးလ်ဗားက ပိတ်သွင်း၍လည်းကောင်း အနိုင်ဂိုးများသွင်းယူခဲ့ပြီးနောက် စီးတီးက ဒုတိယပိုင်းတွင် ပွဲကိုထိန်းချုပ်ကစားကာ အနိုင်ရလဒ်ကို ရယူသွားခဲ့သည်။
အခြားပွဲစဉ်တစ်ပွဲတွင် အက်သလက်တီကိုမက်ဒရစ်က အာဆင်နယ်အား အဝေးကွင်း၌ ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး အာဆင်နယ်အတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း ၁၄ မိနစ်အတွင်း သွင်းယူခဲ့ခြင်းဖြစ်ကာ ဂါဘရီရယ် မာဂါဟေးစ်နှင့် ဂါဘရီရယ် မာတင်နယ်လီတို့က တစ်ဂိုးစီသွင်းယူခဲ့ပြီး ဗစ်တာ ယိုကယ်ရက်စ်က တစ်ဦးတည်း နှစ်ဂိုးသွင်းယူခဲ့သည်။ (Xinhua)

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က ဘာစီလိုနာအသင်းနှင့် အိုလံပီယာကော့စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ ဘာစီလိုနာအသင်းမှ လာမင်း ယမားလ် (ယာ-ပထမ) ဂိုးသွင်းရန်ကြိုးပမ်းနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ လာဆယ်ရာမီကာ အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းမှ အာလင် ဟာလန်း (ရှေ့) ထိုးဖောက်ကစားနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ ဗီလာရီးရဲလ်မြို့ရှိ လာဆယ်ရာမီကာ အားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက်က မန်ချက်စတာစီးတီးအသင်းနှင့် ဗီလာရီးရဲလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးအသင်းသားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
…………………
(English Version)
Barcelona claims big win, Villarreal, Atletico lose in Champions League
MADRID, Oct. 21 (Xinhua) — FC Barcelona claimed its second Champions League win of the season with a 6-1 triumph at home against Olympiakos, featuring a hat-trick from Fermin Lopez, though the match proved more challenging and controversial than the final score suggested.
Barca looked to be cruising at halftime with two goals from the returning Lopez, before Olympiakos pulled one back thanks to Ayoub El Kaabi’s 52nd-minute penalty.
The Greek side was annoyed at the referee’s decision, which came after Eric Garcia was penalized for handball in a move that ended with El Kaabi heading into the Barca net.
Olympiakos coach Jose Luis Mendilibar was even less pleased when his side was reduced to 10 men shortly afterwards. Santiago Hezze received a second yellow card for brushing Marc Casado’s face while attempting to protect the ball.
Barcelona were then awarded a penalty after Marcus Rashford was fouled after touching the ball past Olympiakos goalkeeper Konstantinos Tzolakis, with Lamine Yamal dispatching the spot-kick.
With Olympiakos demoralized and reduced to 10 players, Lopez completed his hat-trick, and Rashford added two goals to secure a 6-1 victory.
Meanwhile, Villarreal was heavily beaten by Manchester City, with Erling Haaland opening the scoring with a neat finish from Rico Lewis’s assist in the 17th minute, and Bernardo Silva doubling the lead in the 40th minute after a clever pass from Savinho. City then controlled the second half to secure the 2-0 win.
In another match, Atletico Madrid’s visit to Arsenal ended in a 4-0 defeat, with the Premier League leader scoring four goals in 14 second-half minutes through Gabriel Magalhaes, Gabriel Martinelli, and two from Viktor Gyokeres.
English Caption 1
Marcus Rashford (2nd R) of FC Barcelona vies with Konstantinos Tzolakis, goalkeeper of Olympiacos during the Champions League football match between FC Barcelona and Olympiacos in Barcelona, Spain, Oct. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 2
Lamine Yamal (1st R) of FC Barcelona shoots during the Champions League football match between FC Barcelona and Olympiacos in Barcelona, Spain, Oct. 21, 2025. (Photo by Joan Gosa/Xinhua)
English Caption 3
Erling Haaland (front) of Manchester City breaks through during the Champions League football match between Manchester City and Villarreal CF in La Ceramica stadium, Villarreal, Spain, on October 21, 2025. (Xinhua/Stinger)
English Caption 4
Players of Manchester City celebrate a goal during the Champions League football match between Manchester City and Villarreal CF in La Ceramica stadium, Villarreal, Spain, on October 21, 2025. (Xinhua/Stinger)