Connect with us

Africa & Middle East

ဟားမက်စ်အဖွဲ့အနေဖြင့် လက်နက်စွန့်ရန် ငြင်းပယ်မည်ဆိုပါက ချေမှုန်းခံရမည်ဟု အမေရိကန် ဒုတိယသမ္မတ ပြော

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်အတွင်း သတင်းထောက်များကို ရှင်းလင်းပြောကြားနေသည့် အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
ဟားမက်စ်အဖွဲ့အနေဖြင့် လက်နက်စွန့်ရန် ငြင်းဆန်မည်ဆိုပါက ချေမှုန်းခံရမည်ဖြစ်ကြောင်း၊ ဂါဇာဒေသတွင် မည်သည့်ပြည်ပတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချထားဖွယ်ရှိသည်ကို အစ္စရေးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။
ဟားမက်စ်အဖွဲ့ဘက်က ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဟားမက်စ် တိုက်ခိုက်ရေးသမားများကို သက်ညှာပေးဖွယ်ရှိကြောင်း ဂါဇာမြောက်ပိုင်းရှိ ကီယတ်ဂတ်ထ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဗန့်စ်က ပြောကြားခဲ့သည်။ “ဟားမက်စ်အဖွဲ့က ပူးပေါင်းဆောင်ရွက်မှု မရှိရင်တော့ သူတို့တွေ ချေမှုန်းခံရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
ပြည်ပတပ်ဖွဲ့ဝင်များ ထားရှိမှုနှင့်ပတ်သက်၍ အိမ်ဖြူတော်က အစ္စရေးအား ဖိအားပေးမည်မဟုတ်ဟု ဗန့်စ်က အလေးအနက်ပြောဆိုခဲ့ကာ ယင်းသည် အစ္စရေးဘက်က သဘောတူရန် လိုအပ်သည့် ကိစ္စရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ တူကီယဲနိုင်ငံကလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကြားဝင်စေ့စပ်သူများအနေဖြင့် ဖြစ်နိုင်ဖွယ်ရှိသော အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်အတွက် ကြိုးပမ်းနေစဉ် အဆိုပါ အမေရိကန် တာဝန်ရှိသူက စိန်ခေါ်မှုများက စောင့်ကြိုနေသည်ဟု ဝန်ခံပြောဆိုခဲ့သည်။ “အဲဒါက အလုပ်ဖြစ်လိမ့်မယ်လို့ ရာနှုန်းပြည့် တပ်အပ်ပြောနိုင်လားလို့ မေးလာရင် ဟင့်အင်းလို့ပဲ ဖြေရပါလိမ့်မယ်။ ဒါပေမဲ့ ခက်ခဲတဲ့အရာတွေကို ကြိုးစားပြီးလုပ်ရတာပဲလေ” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဓားစာခံများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများ ပြန်လည်ရရှိမှု နှေးကွေးနေသည့်အပေါ် စိတ်ပျက်မှုများနှင့် ပတ်သက်၍လည်း ၎င်းက ဖြေရှင်းခဲ့သည်။ “ဓားစာခံတချို့ဟာ အပျက်အစီးပုံ အထပ်ထပ်အောက်မှာ ပိတ်မိနေတာပါ။ တချို့ဓားစာခံတွေဆိုရင် ဘယ်မှာရှိနေမှန်းတောင် ဘယ်သူမှ မသိကြဘူး” ဟု ဗန့်စ်က ပြောကြားခဲ့ကာ အနည်းငယ် သည်းခံစောင့်ဆိုင်းကြရန် မေတ္တာရပ်ခံခဲ့သည်။
အပစ်အခတ်ရပ်စဲမှုအား ချိုးဖောက်နေသည်ဟူသော အပြန်အလှန် စွပ်စွဲချက်များကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့်တိုင် အစ္စရေးရော ဟားမက်စ်ကပါ ၎င်းတို့၏ ကတိကဝတ်ကို လူသိရှင်ကြား ထပ်လောင်းအတည်ပြုခဲ့သည်။
အစ္စရေးသို့ အောက်တိုဘာ ၂၁ ရက်က ရောက်ရှိလာသည့် ဗန့်စ်မှာ ဝန်ကြီးချုပ် နေတန်ယာဟု အပါအဝင် အစ္စရေးခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ယူဆရသည်။ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သားမက်ဖြစ်သူ ဂျရတ် ကက်ရှ်နာတို့မှာမူ ဗန့်စ်၏ ခရီးစဉ်မတိုင်မီကပင် အစ္စရေးသို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။ (Xinhua)
……………….
(English Version)
U.S. vice president Vance says Hamas will be “obliterated” if it rejects disarmament
JERUSALEM, Oct. 21 (Xinhua) — U.S. Vice President JD Vance said on Tuesday that Hamas would be “obliterated” if it refuses to disarm, and that Israel will decide which foreign troops, if any, may be deployed in Gaza.
Speaking at a press conference in Kiryat Gat, just north of Gaza, Vance said Hamas fighters could be spared if the group cooperates. “If it doesn’t cooperate … Hamas is going to be obliterated,” he said.
Vance emphasized that the White House will not pressure Israel on the presence of foreign troops, calling it “a question for the Israelis to agree to.” He added that Türkiye could play a significant role
As mediators are working toward a possible second phase of the truce, the U.S. official acknowledged the challenges ahead. “Can I say with 100 percent certainty that it’s going to work? No … but you do difficult things by trying,” he said.
He also addressed frustrations over the slow recovery of hostages and bodies. “Some of these hostages are buried under thousands of pounds of rubble. Some of the hostages, nobody even knows where they are,” he said, appealing for “a little bit of patience.”
The truce has faced tests from mutual accusations of violations, but both Israel and Hamas have publicly reaffirmed their commitment.
Vance, who arrived in Israel on Tuesday, is expected to meet Israeli leaders, including Prime Minister Benjamin Netanyahu. U.S. Special Envoy to the Middle East Steve Witkoff and Jared Kushner, son-in-law of U.S. President Donald Trump, were already in Israel ahead of Vance’s visit.
English Caption
U.S. Vice President JD Vance speaks to reporters during a press briefing at the White House in Washington, D.C., the United States, Oct. 1, 2025. (Xinhua/Hu Yousong)