Connect with us

Europe

မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှု ရုရှား ပြုလုပ်

ပစိဖိတ်သမုဒ္ဒရာ၌ စစ်ရေးလေ့ကျင့်မှုအတွင်း လက်နက်ပစ်ခတ်မှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၂ ခုနှစ် ဇွန် ၁၀ ရက်တွင် ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းအား စခရင်ရှော့ဖမ်းယူထားသည့်ပုံ၌ တွေ့ရစဉ်

မော်စကို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသည် သမ္မတ ဗလာတီမာပူတင်မှ ကြီးကြပ်ကွပ်ကဲသည့် မဟာဗျူဟာမြောက် နျူကလီယားတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှုကို လုပ်‌ဆောင်ခဲ့ကြောင်း ကရင်မလင်နန်းတော်က အောက်တိုဘာ ၂၂ ရက်၌ ထုတ်ပြန်ခဲ့သည်။
တရားဝင်ထုတ်ပြန်ချက်အရ အဆိုပါလေ့ကျင့်မှုတွင် ရုရှားနိုင်ငံ၏ နျူကလီယားလက်နက်တပ်ဆင်ထားသည့် မြေပြင်၊ ရေကြောင်းနှင့် လေကြောင်းတပ်ဖွဲ့ သုံးခုစလုံး ပါဝင်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှုအတွင်း တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များနှင့် ဝေဟင်ပစ် ခရုဇ်ဒုံးကျည်များကို လက်တွေ့ပစ်လွှတ်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် Plesetsk State Test Cosmodrome မှ Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို Kamchatka ကျွန်းဆွယ်ရှိ Kura အကွာအဝေးဆီသို့ ပစ်လွှတ်ခြင်းနှင့် မဟာဗျူဟာမြောက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော Bryansk မှ Sineva ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ဘဲရန့်ပင်လယ်တွင် ပစ်လွှတ်ခြင်းတို့ ပါဝင်သည်။
ထို့အပြင် Tu-95MS တာဝေးပစ်ဗုံးကြဲလေယာဉ်များက စစ်လေ့ကျင့်မှုတွင် ပါဝင်ခဲ့ပြီး ဝေဟင်ပစ် ခရုဇ်ဒုံးကျည်များကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ရုရှားနိုင်ငံ၏ ကွပ်ကဲမှု နှင့် ထိန်းချုပ်မှုဖွဲ့စည်းတည်ဆောက်ပုံများ၏ အသင့်အနေအထားရှိမှုအဆင့်နှင့် စစ်ဆင်ရေးဆိုင်ရာ တာဝန်ရှိသူများ၏ ၎င်းတို့တာဝန်ကျရာ အဖွဲ့များအား စီမံခန့်ခွဲရာ၌ လက်တွေ့ကျွမ်းကျင်မှုကို စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ရေးလုပ်ငန်းဆောင်တာများ အားလုံး ပြီးမြောက်ခဲ့ကြောင်း ကရင်မလင်နန်းတော်မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)
………………
(English Version)
Russia conducts strategic nuclear forces drill
MOSCOW, Oct. 22 (Xinhua) — Russia conducted a strategic nuclear forces exercise overseen by President Vladimir Putin, the Kremlin said Wednesday.
According to the official statement, the training involved all three components of Russia’s nuclear triad in the land, sea and air. During the exercise, practical launches of intercontinental ballistic missiles and air-launched cruise missiles were carried out.
The exercise involved the launch of a Yars intercontinental ballistic missile from the Plesetsk State Test Cosmodrome toward the Kura range in Kamchatka, and a Sineva ballistic missile from the strategic nuclear-powered submarine Bryansk in the Barents Sea.
Also, Tu-95MS long-range bombers took part in the drills, firing air-launched cruise missiles.
The training tested the level of readiness of Russia’s command and control structures, as well as the practical skills of operational personnel in managing their assigned units, the Kremlin said, adding that all training tasks have been completed. ■
English Caption
Screengrab of footage released by the Russian Defense Ministry on June 10, 2022 shows weapon firing during drills in the Pacific Ocean.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.