Connect with us

International Organizations

ဘိုင်ယန်မြူးနစ်က ကလပ်ဘရုဂေးကို ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ်တွင် ရလဒ်ကောင်းများကို ဆက်တိုက်ရယူနိုင်ခဲ့

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကလပ်ဘရုဂေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းသားများ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်က ကလပ်ဘရုဂေးကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံတွင် ၁၂ ပွဲဆက်တိုက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် ဘိုင်ယန်အသင်းမှာ အုပ်စုအဆင့်၌ ပီအက်စ်ဂျီနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက်အရ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။
ပွဲချိန် ၅ မိနစ်တွင် ဘိုင်ယန်အသင်းမှ အသက် ၁၇ နှစ်သာရှိသေးသည့် လန်းနက်ထ် ကားလ်က တစ်ကိုယ်တော် ဆွဲပြေးလာပြီး အဖွင့်ဂိုးသွင်းယူခဲ့သည့်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်သည့် အသက်အငယ်ဆုံး ဂျာမန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့နောက် တိုက်စစ်မှူးဟယ်ရီကိန်းက ကွန်ရက်ဒ် လိုင်မာ၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် ဘိုင်ယန်အတွက် ဒုတိယဂိုးသွင်းယူခဲ့သည်။
ကလပ်ဘရုဂေးအသင်းက အခွင့်အရေးအနည်းငယ်သာ ဖန်တီးနိုင်ခဲ့ပြီး လူးဝစ်စ် ဒီယက်ဇ်က ဘိုင်ယန်အတွက် တတိယဂိုးသွင်းယူခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင် ဘရုဂေးဂိုးသမား နော်ဒင် ဂျက်ကာစ် ကာကွယ်ရာမှ လျှံထွက်လာစဉ် လူစားဝင်ကစားသမား နစ်ကိုးလပ်စ် ဂျက်ဆင်က အနီးကပ်ပိတ်သွင်း၍ စတုတ္ထဂိုးသွင်းယူခဲ့သည်။
ဘိုင်ယန်မြူးနစ်က ပွဲချိန်အများစုကို ကစားကွက်အသာစီးဖြင့် ထိန်းချုပ်ထားခဲ့ပြီး ဘရုဂေးဂိုးသမား ဂျက်ကာစ်မှာမူ ယခုထက်ပိုပြီး ဂိုးမပြတ်အောင် ကြိုးစားပမ်းစား ကာကွယ်ခဲ့ရသည်။
ဘိုင်ယန်နှင့် ပီအက်စ်ဂျီတို့မှာ ရမှတ်ချင်းတူနေသည့်အတွက် ဘိုင်ယန်အနေဖြင့် နိုဝင်ဘာ ၄ ရက်တွင် ပဲရစ်၌ သွားရောက်ကစားရမည့် ပွဲစဉ်မှာ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ရေးအတွက် အဆုံးအဖြတ်ဖြစ်လာဖွယ်ရှိသည်။
“ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်ရော ကျွန်တော့်ရဲ့ ခြေစွမ်းအတွက်ပါ သိပ်ပျော်ပါတယ်။ အသင်းဖော်တွေနဲ့အတူ ကစားရတာက သိပ်ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော်က အခွင့်အရေးတွေကို အသုံးချပြီး ဂိုးသွင်းချင်တဲ့ ကစားသမားမျိုးပါ” ဟု ကားလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ချန်ပီယံလိဂ် ပွဲစဉ်-၃ ၏ အခြားပွဲစဉ်များတွင် လီဗာပူးလ်က အိန်းထရက်ချ် ဖရန့်ဖွတ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုအဆင့်၌ ဒုတိယမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့သည်။ ထို့အတူ ချဲလ်ဆီးက အေဂျက်စ်ကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဆိုပါပွဲစဉ်၌ ပင်နယ်တီအများအပြား ရရှိခဲ့ကာ အေဂျက်စ်ကွင်းလယ်လူ တေလာမှာ စောစောစီးစီး အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
စပို့တင်းအသင်းက မာဆေးလ်အသင်းကို နောက်ကျဂိုးနှစ်ဂိုးနှင့်အတူ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂါလာတာဆာရေးက ဘိုဒို/ဂလင့်မ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ကာ ဗစ်တာ အိုဆင်မန်က နှစ်ဂိုးသွင်းယူခဲ့ပြီး တစ်ဂိုးဖန်တီးပေးခဲ့သည်။ မိုနာကိုနှင့် တော့တင်ဟမ်၊ အတ္တလန်တာနှင့် ဆလားဗီးယားအသင်းတို့၏ ပွဲစဉ်များမှာမူ ဂိုးမရှိသရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကလပ်ဘရုဂေးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပွဲစဉ်၌ ဘိုင်ယန်မြူးနစ် ကစားသမား နစ်ကိုးလပ်စ် ဂျက်ဆင် (ဝဲ) ဂိုးသွင်းယူနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်-၃ ၌ လီဗာပူးလ်အသင်းသားများ ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းနှင့် လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်-၃ ၌ အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းမှ နသန်နီရယ် ဘရောင်း (အလယ်) နှင့် လီဗာပူးလ်အသင်းမှ ဖလော်ရီယန် ဗက်ဇ် (ယာ) တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

……………..
(English Version)
Bayern maintains perfect Champions League run after Brugge thrashing
BERLIN, Oct. 23 (Xinhua) — Bayern Munich beat Club Brugge 4-0 in the UEFA Champions League on Wednesday, its 12th consecutive win in all competitions.
The result keeps Bayern level on points with Paris Saint-Germain in the group, behind on goal difference.
Seventeen-year-old Lennart Karl opened the scoring inside five minutes with a solo run, becoming the youngest German player to score in the Champions League. Harry Kane added Bayern’s second after a cross from Konrad Laimer.
Club Brugge created few chances, as Luis Diaz made it 3-0 with a shot that went in off the underside of the bar. Substitute Nicolas Jackson added a late fourth from close range after an initial save by Jackers.
Bayern controlled most of the match, with goalkeeper Nordin Jackers preventing a wider margin.
With both teams matched on points, Bayern’s visit to Paris on Nov. 4 could be decisive in the race for top spot.
“I’m really happy about the goal and my performance, it’s just a lot of fun playing with the guys,” Karl said after the match. “I’m the kind of player who likes to take his chances and put the ball in the net.”
Elsewhere in the third round, Liverpool beat Eintracht Frankfurt 5-1 for its second group-stage win. Chelsea won 5-1 against Ajax in a match with multiple penalties after an early red card for Taylor.
Sporting scored twice late to defeat Marseille 2-1, while Galatasaray beat Bodo/Glimt 3-1, with Victor Osimhen scoring two and assisting one.
AS Monaco and Tottenham drew 0-0, as did Atalanta and Slavia.
English Caption 1
Players of Bayern Munich celebrate scoring during during the UEFA Champions League football match between Bayern Munich and Club Brugge in Munich, Germany, Oct. 22, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 2
Nicolas Jackson (L) of Bayern Munich shoots to score during the UEFA Champions League football match between Bayern Munich and Club Brugge in Munich, Germany, Oct. 22, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 3
Players of Liverpool FC celebrate scoring during the UEFA Champions League group stage 3rd round match between Eintracht Frankfurt and Liverpool FC in Frankfurt, Germany, Oct. 22, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 4
Nathaniel Brown (C) of Eintracht Frankfurt vies with Florian Wirtz (R) of Liverpool FC during the UEFA Champions League group stage 3rd round match between Eintracht Frankfurt and Liverpool FC in Frankfurt, Germany, Oct. 22, 2025. (Photo by Ulrich Hufnagel/Xinhua)