Europe
ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေး ဖိအားပေးရန် ရုရှား၏ ထိပ်တန်းရေနံကုမ္ပဏီနှစ်ခုကို အမေရိကန် ပိတ်ဆို့အရေးယူ

ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ယူကရိန်းတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေး သဘောတူရန် ရုရှားအား ဖိအားပေးရေးအတွက် ကြိုးပမ်းမှုအနေဖြင့် ရုရှား၏အကြီးဆုံးရေနံကုမ္ပဏီ Rosneft နှင့် Lukoil တို့ကို ပိတ်ဆို့အရေးယူမှုများအား အမေရိကန်ဘဏ္ဍာရေးဌာနက အောက်တိုဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။
“ယခုအချိန်ဟာ သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့နဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ အချိန်ဖြစ်ပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ကိုးကားဖော်ပြခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အနေဖြင့် လိုအပ်ပါက ထပ်မံအရေးယူရန် အသင့်ရှိကြောင်း၊ ရုရှားအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လိုက်နာရန်နှင့် ပူးပေါင်းပါဝင်ရန် အမေရိကန် မဟာမိတ်များအား တိုက်တွန်းကြောင်း ဘက်ဆန့်က ပြောကြားခဲ့သည်။
နိုင်ငံပိုင် Rosneft နှင့် ပုဂ္ဂလိကပိုင် Lukoil တို့မှာ ရုရှား၏ ရေနံစိမ်းတင်ပို့မှု စုစုပေါင်း၏ ထက်ဝက်နီးပါး သို့မဟုတ် ယခုနှစ် ပထမနှစ်ဝက်တွင် တစ်ရက်လျှင် စည်ပေါင်း ၂.၂ သန်းခန့်ကို ပူးတွဲထုတ်လုပ်သည့် အကြီးဆုံးရုရှားရေနံကုမ္ပဏီနှစ်ခုဖြစ်ကြသည်ဟု ဘလွန်းဘတ်၏ ခန့်မှန်းချက်အရ သိရသည်။
ရုရှား-ယူကရိန်း ပဋိပက္ခ ပြေလည်သွားမည်ဟု မျှော်လင့်ထားသောကြောင့် “ကြာရှည် အချင်းများနေမှာ မဟုတ်ဘူး” ဟု အိမ်ဖြူတော်၌ အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်း ထရမ့်က “အချိန်တန်ပြီလို့ ခံစားမိတယ်” ဟု ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အမေရိကန်-ရုရှားအကြီးအကဲများ လတ်တလောကာလ တွေ့ဆုံမှုအစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ အကြောင်းရင်းမှာ လက်ရှိတွေ့ဆုံဆွေးနွေးမှုသည် ရလဒ်များ ရရှိမည် မဟုတ်သောကြောင့်ဖြစ်သည်ဟုလည်း အောက်တိုဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
“ကျွန်တော်တို့ရောက်ရမယ့်နေရာကို ရောက်လိမ့်မယ်လို့ မခံစားရပါဘူး။ ဒါကြောင့် ဖျက်သိမ်းလိုက်တာပါ” ဟု ထရမ့်က တွေ့ဆုံမှုအစီအစဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးကတည်းက အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များသည် ရုရှားအပေါ် ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှုများ အကြိမ်ကြိမ် ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
U.S. sanctions Russia’s top 2 oil producers to press for ceasefire in Ukraine
WASHINGTON, Oct. 22 (Xinhua) — U.S. Treasury Department on Wednesday announced sanctions on Russia’s two largest oil producers, Rosneft and Lukoil, in a bid to pressure Moscow to agree to an immediate ceasefire in Ukraine.
“Now is the time to stop the killing and for an immediate ceasefire,” U.S. Treasury Secretary Scott Bessent was cited in a statement as saying.
Bessent said U.S. President Donald Trump’s administration is prepared to take further action if necessary, while urging U.S. allies to join in and adhere to U.S. sanctions on Russia.
State-controlled Rosneft and privately held Lukoil are the two largest Russian oil producers, jointly accounting for nearly half of Russia’s total crude-oil exports, or around 2.2 million barrels a day in the first half of this year, according to Bloomberg estimates.
“I just felt it was time,” Trump said at the White House on Wednesday afternoon, adding that he hoped “they won’t be on for long” since he hoped the Russia-Ukraine conflict would be settled.
Trump also confirmed on Wednesday that he had canceled a planned meeting between US and Russian leaders, saying the talks wouldnot be productive.
“It didn’t feel like we were going to get to the place we have to get. So I canceled it,” Trump said of the meeting.
The United States and its allies have imposed multiple rounds of financial and trade sanctions on Russia since the Russia-Ukraine conflict broke out in February 2022. ■
English Caption
Russian national flag waves at the Kremlin in Moscow, Russia, Jan. 6, 2023. (Photo by Alexander Zemlianichenko Jr/Xinhua)