Connect with us

Asia

ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ရလဒ်များနှင့်စပ်လျဉ်း၍ အကျဉ်းချုပ်ရှင်းလင်းပွဲကို ကာဂျစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြုလုပ်

ယခုလအစောပိုင်းက ပေကျင်း၌ ကျင်းပခဲ့သည့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ရလဒ်များနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းပွဲကို ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကက်၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ယခုလအစောပိုင်းက ပေကျင်း၌ ကျင်းပခဲ့သည့် ကမ္ဘာ့အမျိုးသမီးခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၏ ရလဒ်များနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်းပွဲကို ကာဂျစ္စတန်နိုင်ငံ မြို့တော်ဘစ်ရှ်ကက်၌ အောက်တိုဘာ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကာဂျစ္စတန်နိုင်ငံရှိ ကုလသမဂ္ဂအမျိုးသမီးများအရေးအဖွဲ့နှင့် ကာဂျစ္စတန် အမျိုးသမီးကွန်ဂရက်တို့မှ ကိုယ်စားလှယ်များအပြင် အခြားအဖွဲ့အစည်းများနှင့် ကဏ္ဍအသီးသီးတို့မှ အမျိုးသမီးခေါင်းဆောင်များ ပါဝင်ခဲ့သည်။
အစည်းအဝေး ရလဒ်များကို အကောင်အထည်ဖော်ကာ အမျိုးသမီးရေးရာ နှီးနှောဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် တရုတ်-ကာဂျစ္စတန် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးတွင် ပါဝင်နိုင်ရန်အတွက် တရုတ်-ကာဂျစ္စတန်နှင့် လက်တွဲဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ကာဂျစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျိုကျန်းဖိန်က ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့အမျိုးသမီးရေးရာ ခေါင်းဆောင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် ကျားမတန်းတူညီမျှမှုကို မြှင့်တင်ရေးနှင့် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် သိသာထင်ရှားသည့် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံဘက်မှ ပါဝင်တက်ရောက်သူများက မှတ်ချက်ပြုခဲ့သည်။
အမျိုးသမီးများ ပိုမိုကောင်းမွန်သော ဘဝရရှိစေရေးနှင့် နှစ်နိုင်ငံကြား အမျိုးသမီးများ ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်များ မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်လေ့လာသင်ယူမှု အားကောင်းစေရန် အဆင်သင့်ရှိသည်ဟုလည်း ၎င်းတို့က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


………………..
(English Version)
Chinese Embassy in Kyrgyzstan hosts briefing on outcomes of Global Leaders’ Meeting on Women
BISHKEK, Oct. 22 (Xinhua) — A briefing on the outcomes of the Global Leaders’ Meeting on Women, which was held earlier this month in Beijing, took place on Wednesday in Bishkek, the capital of Kyrgyzstan.
The event gathered representatives from UN Women in Kyrgyzstan and the Congress of Women of Kyrgyzstan, as well as women leaders from various sectors and organizations.
Speaking at the briefing, Chinese Ambassador to Kyrgyzstan Liu Jiangping said that China stands ready to work with Kyrgyzstan to implement the outcomes of the meeting, boost exchanges and cooperation on women’s affairs, and thereby contribute to the building of a China-Kyrgyzstan community with a shared future.
The participants of the Kyrgyz side noted that, as a leader in global women’s affairs, China has made outstanding contributions to promoting gender equality and the comprehensive development of women globally.
They also expressed their readiness to strengthen cooperation and mutual learning with China to help more women achieve a better life and to promote new progress in women’s cooperation between the two countries. ■
English Caption
Photo taken on Oct. 22, 2025 shows a briefing on the outcomes of the Global Leaders’ Meeting on Women, which was held earlier this month in Beijing, in Bishkek, Kyrgyzstan. (Xinhua/Jiang Youlin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.