Connect with us

International Organizations

ဆန္ဒပြမှုနှင့်ကန့်ကွက်မှုများရင်ဆိုင်ခဲ့ရပြီးနောက် မိုင်ယာမီတွင်ကစားမည့်ပွဲစဥ်ကို လာလီဂါအဖွဲ့ချုပ် ဖျက်သိမ်း

ပွဲအတွင်း ကန်သွင်းနေသော ဘာစီလိုနာမှလာမင်းယမားလ် (ယာမှ ဒုတိယ) အား တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တို ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့တွင် ဗီလာရီးရဲလ်နှင့်ဘာစီလိုနာတို့၏ လာလီဂါပွဲစဥ်ကျင်းပမည့် အငြင်းပွားဖွယ်ရာ အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း လာလီဂါအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက် သည်။
လွန်ခဲ့သည့် သီတင်းပတ်ကုန်ရက်က ကစားခဲ့သည့် လာလီဂါပွဲစဥ်တိုင်းတွင် ပွဲမကစားမီ ၁၅ စက္ကန့်ကြာ ဆန္ဒပြခဲ့ကြသည့် ပြိုင်ဘက် ကလပ်အသင်းများနှင့်ကစားသမားများ၏ ကန့်ကွက်မှုကို ကြုံတွေ့ခဲ့ရပြီးနောက် ယခုကဲ့သို့ ဖျက်သိမ်းလိုက်သည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့တွင်ကျင်းပမည့် အဆိုပါပွဲစဥ်နှင့်ပတ်သက်၍ သင့်လျော်သည့်ဆွေးနွေးမှုများ နည်းပါးခဲ့ခြင်းကို စပိန်ဘောလုံးသမားများသမဂ္ဂ (AFE) က ဝေဖန်ပြစ်တင်ခဲ့သလို ကစားသမားများ၏ ကျန်းမာရေးအတွက် စွန့်စားရနိုင်ခြေရှိမှုကိုလည်း အခိုင်အမာထောက်ပြခဲ့ပြီးနောက် ကန့်ကွက် ဆန္ဒပြမှုများကို တာဝန်ယူတုံ့ပြန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင် သီတင်းပတ်များအတွင်းက စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မရေရာမှုများနှင့်အတူ မိုင်ယာမီတွင် တရားဝင် လာလီဂါပွဲကျင်းပရေးစီစဥ်သူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အဆိုပါ အစီအစဥ်ကို ဖျက်သိမ်းလိုက်ပြီဟု အသိပေးကြောင်း လာလီဂါအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။ အလားတူ လွန်စွာနောင်တရပြီး အဆိုပါအစီအစဥ်ကို ထပ်မံလုပ်ဆောင်တော့မည်မဟုတ်ကြောင်းလည်း ထပ်လောင်းဖော်ပြထားသည်။
အလားတူ စပိန်နိုင်ငံ၏ ပြင်ပတွင် လာလီဂါပွဲစဥ်တစ်ပွဲကို တရားဝင်ကျင်းပခြင်းက လာလီဂါပြိုင်ပွဲ၏ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှု၊ လာလီဂါကလပ်များအား နိုင်ငံတကာသို့ ပိုမိုအားကောင်းစွာ ပျံ့နှံရောက်ရှိ စေမှု၊ ကစားသမားများ၏တည်ရှိမှု၊ အမေရိကန်နိုင်ငံကဲ့သို့ မဟာဗျူဟာကျသော စျေးကွက်တစ်ခုတွင် စပိန်ဘောလုံးပုံရိပ်ကို မြှင့်တင်ရေးများအတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်စေလိမ့်မည် ဖြစ်ကြောင်း ကြေညာချက်တွင် ရှင်းလင်းဖော်ပြခဲ့သည်။ (Xinhua)
………………….
(English Version)
Miami game canceled by La Liga after protests and opposition
MADRID, Oct. 22 (Xinhua)
La Liga has announced the cancellation of its controversial plan to hold the match between Villarreal and FC Barcelona in Miami.
The news follows opposition from rival clubs and players, who staged a 15-second protest before every La Liga game last weekend. The protest was in response to the Spanish footballers’ union (AFE) insisting that the Miami game posed health risks to its members and criticized the lack of proper consultation regarding the plan to host the game in the United States.
“La Liga informs that, following discussions with the promoter of the Official LA LIGA Match in Miami, the latter has announced its decision to cancel the event due to the uncertainty generated in Spain in recent weeks,” informed the statement issued by La Liga, which adds that it “deeply regrets” the project will not proceed.
“Hosting an official match outside our borders would have been a decisive step in the global expansion of our competition, strengthening the international presence of the clubs, the positioning of the players, and the brand of Spanish football in a strategic market like the United States,” explained the statement. ■
Photo:
Lamine Yamal (2nd R) of Barcelona shoots during the match. (Photo by Joan Gosa/Xinhua)