Connect with us

Africa & Middle East

အနောက်ဘက်ကမ်းဒေသအား သိမ်းပိုက်ရေးဆိုင်ရာ ဥပဒေပြုရေး လုပ်ငန်းစဉ်ကို အစ္စရေး ဆိုင်းငံ့

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ တဲလ်အဗစ်တရားရုံး၌ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Reuven Kastro/JINI via Xinhua)

ဂျေရုဆလမ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
လွန်ခဲ့သော တစ်ရက်က အစ္စရေးလွှတ်တော် (Knesset) ၌ ကနဦးအဆင့် မဲခွဲအတည်ပြုထားသည့် အနောက်ဘက်ကမ်းဒေသအား သိမ်းပိုက်ရေးဆိုင်ရာ ဥပဒေမူကြမ်းများအား အစ္စရေးက အောက်တိုဘာ ၂၃ ရက်၌ ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်မြို့အနီးရှိ အကြီးစား တိုးချဲ့အခြေချနေရာဖြစ်သည့် မာလီ အဒူမင်နှင့် အနောက်ဘက်ကမ်းဒေသအား အလုံးစုံသိမ်းပိုက်ရေးဆိုင်ရာ ဥပဒေမူကြမ်းများအား နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ရှေ့ဆက်ဆောင်ရွက်သွားမည် မဟုတ်ဟု အစ္စရေး ညွန့်ပေါင်းအစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ အိုဖီယာ ကတ်ဇ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အနောက်ဘက်ကမ်းဒေသနှင့် မာလီ အဒူမင်ရှိ အခြေချနေရာအားလုံး၌ အစ္စရေး ဥပဒေနှင့် အုပ်ချုပ်ရေးယန္တရား သက်ရောက်ရေးဆိုင်ရာ ဥပဒေမူကြမ်း နှစ်ရပ်ကို အစ္စရေးလွှတ်တော်က အောက်တိုဘာ ၂၂ ရက်၌ ထောက်ခံအတည်ပြုခဲ့ကြောင်း သိရသည်။
အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် အစ္စရေးသို့ ရောက်ရှိနေစဉ်အတွင်း အဆိုပါ မဲခွဲမှုကို ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ယင်းမဲခွဲဆုံးဖြတ်မှုမှာ လက်တွေ့အားဖြင့် အရေးမပါသော နိုင်ငံရေးထွင်လုံးတစ်ခုသာဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်က အစ္စရေးမှ မထွက်ခွာမီ တဲလ်အဗစ်မြို့ပြင်ရှိ ဘန်ဂူရီယွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဗန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“အဲဒါက နိုင်ငံရေးထွင်လုံးတစ်ခုဆိုရင် သိပ်ကိုမိုက်မဲရာကျတဲ့ နိုင်ငံရေးထွင်လုံးပါပဲ။ ကျွန်တော့်အမြင်မှာတော့ အဲဒါက စော်ကားတဲ့လုပ်ရပ်ပဲ” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ရုံးကလည်း အနောက်ဘက်ကမ်းဒေသအား သိမ်းယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုမှာ အစ္စရေးသို့ ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်၏ ခရီးစဉ်တွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်စေရန် အတိုက်အခံများဘက်က ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအရ ရန်စမှုဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နေတန်ယာဟု၏ လီကွတ်ပါတီက ထိုဥပဒေကြမ်းများကို ထောက်ခံမဲပေးခဲ့ခြင်းမရှိကြောင်း၊ လီကွတ်ပါတီ၏ ထောက်ခံမှုမရရှိပါက ထိုဥပဒေကြမ်းများမှာ မည်သို့မျှ အရာထင်နိုင်ဖွယ်မရှိကြောင်း ကြေညာချက်၌ ရှင်းလင်းဖော်ပြထားသည်။ (Xinhua)
………………..
(English Version)
Israel freezes legislative process for West Bank annexation
JERUSALEM, Oct. 23 (Xinhua) — Israel on Thursday froze the West Bank annexation bills that passed a preliminary vote in the Israeli parliament, or Knesset, the day before.
Ofir Katz, chairman of the government coalition, said in a statement that the bills for the full annexation of the West Bank and the annexation of the large-scale settlement of Maale Adumim near Jerusalem will not be advanced until further notice.
Israel’s parliament voted Wednesday in favor of the two bills to apply Israeli law and administration to all settlements in Maale Adumim and the West Bank.
The vote was carried out during U.S. Vice President JD Vance’s visit to the country.
Speaking to reporters at Ben Gurion International Airport outside Tel Aviv before his departure on Thursday, Vance said the vote was a “political stunt” which has no practical significance.
“If it was a political stunt, it was a very stupid political stunt, and I personally take some insult to it,” he said.
Israeli Prime Minister Benjamin Netanyahu’s office said in a statement that the parliamentary vote on annexation “was a deliberate political provocation by the opposition to sow discord during U.S. Vice President JD Vance’s visit to Israel.”
It explained that Netanyahu’s Likud party “did not vote for these bills … Without Likud support, these bills are unlikely to go anywhere.”
English Caption
Israeli Prime Minister Benjamin Netanyahu is seen at the Tel Aviv courthouse in Tel Aviv, Israel, on Dec. 10, 2024. (Reuven Kastro/JINI via Xinhua)