North America
ဖို့ဒ်ကားကုမ္ပဏီ တတိယသုံးလပတ် စွမ်းဆောင်မှုအားကောင်း
နယူးယောက်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်ကားထုတ်လုပ်သူ ဖို့ဒ်မော်တာကုမ္ပဏီ က ၂၀၂၅ ခုနှစ် တတိယသုံးလပတ်တွင် ဘဏ္ဍာရေးရလဒ်များ အားကောင်းခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၉ ရာခိုင်နှုန်း တိုးတက်ကာ အမေရိကန်ဒေါ်လာ ၅၀.၅ ဘီလီယံ ဝင်ငွေစံချိန်တင်ရရှိခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
တတိယသုံးလပတ်တွင် ဖို့ဒ်၏အသားတင်ဝင်ငွေမှာ ဒေါ်လာ ၂.၄ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁.၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ ချိန်ညှိပြီး အတိုးနှင့် အခွန်မဆောင်မီ ဝင်ငွေ (EBIT) မှာမူ အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူကာလနှင့်တူညီကြောင်း သိရသည်။
ကားထုတ်လုပ်ရေးကုမ္ပဏီက ၂၀၂၅ ခုနှစ်တစ်နှစ်လုံးအတွက်ကြိုတင်ခန့်မှန်းချက်များအရ ချိန်ညှိပြီး EBIT ဒေါ်လာ ၆ ဘီလီယံမှ ၆.၅ ဘီလီယံ ၊ ချိန်ညှိပြီးငွေသားစီးဆင်းမှုပမာဏ ဒေါ်လာ ၂ ဘီလီယံ မှ ၃ ဘီလီယံနှင့် အရင်းအနှီးအသုံးစရိတ် ဒေါ်လာ ၉ ဘီလီယံ ဝန်းကျင်ရှိမည်ဟုသိရသည်။
“Ford Pro ရဲ့တာရှည်ခံနိုင်မှုနဲ့ ကျွန်တော်တို့ရဲ့ကုန်ကျစရိတ်နဲ့အရည်အသွေးအပေါ် အာရုံစိုက်တဲ့ စနစ်တွေ ကျွန်တော်တို့ရဲ့ထူးခြားတဲ့ထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုတွေကြောင့် ဝင်ငွေ ဒေါ်လာ ၅၀ ဘီလီယံကျော် နောက်ထပ် သုံးလပတ်ကာလတစ်ခုကို ဖို့ဒ်က ပုံဖော်ခဲ့ပါတယ်” ဟု ဖို့ဒ်၏ ဥက္ကဋ္ဌနှင့်စီအီးအို Jim Farley က ပြောကြားခဲ့သည်။
“ကျွန်တော်တို့က ပိုမိုအားကောင်းပြီး လုပ်ငန်းသွက်လက်မြန်ဆန်တဲ့ ကုမ္ပဏီတစ်ခုအဖြစ် ၂၀၂၆ ခုနှစ်ကို ဦးတည်သွားနေပါတယ်၊ ကျွန်တော်တို့ အကောင်အထည်ဖော်မှုတွေအပေါ် ဆက်လက်အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး သုံးစွဲသူတွေအတွက် ကြီးမားတဲ့တန်ဖိုးတွေ ဖန်တီးပေးမယ့် တွန်းအားပေးမှု၊ မိတ်ဖက်လုပ်ဆောင်မှုတွေနဲ့ နည်းပညာတွေမှာ မှန်ကန်တဲ့မဟာဗျူဟာအဆုံးအဖြတ်တွေကို လျင်မြန်စွာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Ford reports strong Q3 performance
NEW YORK, Oct. 23 (Xinhua) — U.S. automaker Ford Motor Co. on Thursday reported strong financial results in the third quarter of 2025, with revenue reaching a record 50.5 billion U.S. dollars, up 9 percent year over year.
Ford’s net income in the third quarter came in at 2.4 billion dollars, up 1.6 percent year over year. Adjusted earnings before interest and taxes (EBIT) were 2.6 billion dollars, equal to the amount in the same period last year.
The automaker anticipates full-year 2025 adjusted EBIT of 6 billion dollars to 6.5 billion dollars, adjusted free cash flow of 2 billion dollars to 3 billion dollars, and capital expenditures of about 9 billion dollars.
“Ford posted another strong quarter, delivering more than 50 billion dollars in revenue powered by our incredible products and services, the durability of Ford Pro and our disciplined focus on cost and quality,” said Jim Farley, Ford president and CEO.
“We are heading into 2026 as a stronger and more agile company. We will continue to focus on execution and on quickly making the right strategic calls on propulsion, partnerships and technology that will create tremendous value for our customers,” he said.
Photo : This photo taken on Feb. 8, 2024 shows the Ford lineup at the 2024 Chicago Auto Show at McCormick Place in Chicago, the United States. (Photo by Joel Lerner/Xinhua)
