Connect with us

Europe

စည်းကြပ်ခွန် သက်ရောက်မှုများကြား တရုတ်နိုင်ငံက အမေရိကန်ကို ကျော်တက်ကာ ဂျာမနီ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံဖြစ်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်၏မြို့တော် ဟိုင်ခိုတွင် စတုတ္ထအကြိမ် တရုတ် နိုင်ငံတကာ လူသုံးကုန်ပစ္စည်းပြပွဲ (CICPE) ၌ ပေါ်ရှေး (Porsche) အမှတ်တံဆိပ် မော်တော်ယာဉ်များအား ပြသထားပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ပထမရှစ်လတာအတွင်း တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ကျော်တက်ကာ ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာခဲ့သည်ဟု ဂျာမနီ ဖက်ဒရယ်စာရင်းအင်းရုံးက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ထိုအပြောင်းအလဲက အမေရိကန်၏ စည်းကြပ်ခွန်နှင့် ကုန်သွယ်ရေး အတားအဆီးများ၏ သက်ရောက်မှု ကြီးမားလာသည်ကို ထင်ဟပ်နေကာ ယင်းသက်ရောက်မှုများက အတ္တလန္တိတ်ဖြတ်ကျော် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို တင်းမာစေပြီး ဂျာမနီနိုင်ငံ၏ ပို့ကုန်လုပ်ငန်း အရှိန်အဟုန်ကို အားလျော့စေသည်ဟု လေ့လာဆန်းစစ်သူများက ဆိုသည်။
ဇန်နဝါရီလမှ ဩဂုတ်လအထိ ဂျာမနီမှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုပမာဏ စုစုပေါင်းမှာ ယူရို ၁၀၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၇ ဘီလီယံ) ရှိခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၆.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ဩဂုတ်လ တစ်လတည်း၌ပင် ပို့ကုန်ပမာဏမှာ ယမန်နှစ်ကာလတူထက် ၂၀.၁ ရာခိုင်နှုန်း ကျဆင်းကာ ယူရို ၁၀.၉ ဘီလီယံရှိခဲ့သည့်အတွက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ ထို့အတူ အမေရိကန်ဘက်မှ သွင်းကုန်ပမာဏမှာ ယူရို ၆၃.၄ ဘီလီယံ ရှိခဲ့ရာ အပြန်အလှန်ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ ၁၆၄.၄ ဘီလီယံ (ဒေါ်လာ ၁၉၁ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်မှုမှာမူ ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိခဲ့ပြီး အလားတူကာလအတွင်း ယူရို ၁၆၆.၃ ဘီလီယံ (ဒေါ်လာ ၁၉၃ ဘီလီယံ) အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၁ ရက်၌ စတင်အသက်ဝင်လာခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်အရ အမေရိကန်က ဥရောပသမဂ္ဂ၏ ပို့ကုန်အများစုအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံခဲ့သည်။ အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒမှာ ပို့ကုန်များ အကြီးအကျယ်ကျဆင်းမှုနောက်ကွယ်မှ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟု ဂျာမန် လက်ကားရောင်းဝယ်ရေး၊ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဒက်ခ် ယန်ဒူရာက ပြောကြားခဲ့ကာ ဂျာမနီထုတ် မော်တော်ယာဉ်များ၊ စက်ယန္တရားများနှင့် ဓာတုပစ္စည်းများ၏ ဝယ်လိုအားမှာ သိသိသာသာ ကျဆင်းသွားသည်ဟု ဆိုသည်။
သဘောထားစစ်တမ်း ကောက်ယူခဲ့သည့် ဂျာမနီစီးပွားရေးလုပ်ငန်းများအနက် ထက်ဝက်ကျော်မှာ အမေရိကန်နှင့် ကုန်သွယ်မှုလျှော့ချရန် စီစဉ်နေကာ ယင်းတို့အနက် လေးပုံတစ်ပုံခန့်မှာလည်း အမေရိကန်၌ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်ဖွယ်ရှိသည်ဟု ဂျာမနီ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၏ အဆိုအရ သိရသည်။
စီးပွားရေးပညာရှင် ဟာမန်း ဆီမွန်ကလည်း အမေရိကန်၏ စည်းကြပ်ခွန် သတ်မှတ်မှုများကြောင့် ဂျာမနီပို့ကုန်လုပ်ငန်းရှင်များအတွက် ပြင်းထန်သော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့ကာ အမေရိကန်၌ ဈေးကွက်ဝေစု ဆုံးရှုံးသွားသည့် ကုမ္ပဏီများအနေဖြင့် ယင်းတို့၏ လုပ်ငန်းဖွံ့ဖြိုးမှုကို အထောက်အကူပေးနိုင်မည့် အခြားဒေသများကို ရှာဖွေသင့်သည်ဟု သတိပေးခဲ့သည်။
ဂျာမနီအနေဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးပိုလျှံမှု ဖြစ်ပွားရာ အဓိကအကြောင်းရင်းအဖြစ် ကာလကြာရှည် တည်ရှိခဲ့သည့် မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းမှာ ထိခိုက်မှုများကို အပြင်းထန်ဆုံး ကြုံတွေ့ရလျက်ရှိသည်။ အမေရိကန်က ပြည်ပမှတင်သွင်းသော မော်တော်ယာဉ်များနှင့် ဆက်စပ်ထုတ်ကုန်များအပေါ် ဧပြီလ၌ စည်းကြပ်ခွန် တိုးမြှင့်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံ၏ မော်တော်ယာဉ် တင်ပို့မှုများမှာ ဖိအားအောက်တွင် အဆက်မပြတ် ကျရောက်ခဲ့ရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/7HP

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့် Open Space of the 2025 IAA Mobility ပြပွဲ၌ မာစီဒီးစ်-ဘန့်ဇ် အမှတ်တံဆိပ် မော်တော်ယာဉ်များကို ပြသထားသည့်နေရာ၌ လာရောက်လေ့လာနေသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
China overtakes U.S. as Germany’s top trading partner amid tariff strains
BERLIN, Oct. 24 (Xinhua) — China has replaced the United States as Germany’s largest trading partner in the first eight months of 2025, according to data from Germany’s Federal Statistical Office.
Analysts say the shift reflects the growing impact of U.S. tariffs and trade barriers, which are straining transatlantic economic ties and weakening Germany’s export momentum.
From January to August, Germany’s exports to the United States totaled 101 billion euros (117 billion U.S. dollars), down 6.5 percent from a year earlier. Exports in August alone fell 20.1 percent year over year to 10.9 billion euros, the steepest decline since November 2021. Imports from the United States reached 63.4 billion euros, bringing total bilateral trade to 164.4 billion euros (191 billion dollars). By contrast, trade between Germany and China proved more resilient, rising to 166.3 billion euros (193 billion dollars) during the same period.
Under a trade deal that took effect on Aug. 1, the United States imposed a 15 percent tariff on most European Union exports. Dirk Jandura, president of the Federation of German Wholesale, Foreign Trade and Services, said the U.S. tariff policy was a key factor behind the slump in exports, noting that demand for German-made cars, machinery and chemicals had dropped sharply.
According to the Association of German Chambers of Commerce and Industry, more than half of the German firms it polled plan to scale back trade with the United States, and roughly a quarter expect to suspend or cancel investment projects there.
Economist Hermann Simon said U.S. tariffs have created serious challenges for German exporters, warning that companies losing market share in the United States will have to explore other regions to sustain growth.
The automotive industry, long a pillar of Germany’s trade surplus with the United States, has been hit hardest. Since Washington raised tariffs on imported vehicles and related products in April, German car exports have come under sustained pressure. xhtxs.cn/7HP
English Caption 1
This photo taken on April 14, 2024 shows Porsche cars displayed at the fourth China International Consumer Products Expo (CICPE) in Haikou, capital city of south China’s Hainan Province. (Xinhua/Yang Guanyu)
English Caption 2
People visit the exhibition zone of Mercedes-Benz at the Open Space of the 2025 IAA Mobility in Munich, Germany, Sept. 11, 2025. (Xinhua/Zhang Fan)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.