Connect with us

International Organizations

အစာအိမ်ဝေဒနာခံစားနေရသည့် ဒီဂျောင်ကြောင့် အယ်ကလက်စီကိုပွဲမတိုင်မီ ဘာစီလိုနာအတွက် အချက်ပေးသံများမြင့်တက်လာ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ဘာစီလိုနာ၏ စီးပွားရေးဆိုင်ရာရုံးခန်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဓါတ်ပုံရိုက်ရန်ကိုယ်ဟန်ပြနေသော ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
အစာအိမ်နာဝေဒနာခံစားနေရခြင်းကြောင့် ဘာစီလိုနာ၏ အောက်တိုဘာ ၂၃ ရက် လေ့ကျင့်ရေး အစီအစဥ်များကို နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင် လွဲချော်သွားပြီးနောက် ယခုရာသီတွင် ပထမဆုံးအကြိမ်ကစားကြမည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏ ပွဲစဥ်မတိုင်မီ ၃ ရက်အလိုတွင် ဘာစီလိုနာအတွက် အချက်ပေးခေါင်းလောင်းသံများ မြင့်တက်လာခဲ့သည်။
ဒီဂျောင်မှာ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ အန်ဒရီးယပ်စ် ခရစ်စတန်ဆန်ကဲ့သို့ အလားတူအစာအိမ် ဝေဒနာကို ခံစားခဲ့ရခြင်းဖြစ်ပြီး ခရစ်စတန်ဆန်ကလည်း အောက်တိုလာ ၂၁ ရက်က အိမ်ကွင်း၌ အိုလံပီယာကို့စ်ကို အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သလို အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ဘာစီလိုနာ၏ လေ့ကျင့်ရေးအစီအစဥ်များကိုလည်း ဆက်လက်လွဲချော်ခဲ့သည်။
ဒီဂျောင်မှာ အောက်တိုဘာ ၂၆ ရက်တွင် ဆန်တီယာဂိုဘာနေဗျူးကွင်း၌ ကစားရမည့် အယ်ကလက်စီကို ပွဲစဥ်အမီ ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း ၎င်းသာပါဝင်ကစားနိုင်ခြင်း မရှိပါက အဆိုပါပွဲ အတွက် ပွဲပယ်ခံထားရသည့် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အတွက်လည်း နောက်ထပ် ခေါင်းကိုက်ရမည့်ပြသာနာဖြစ်လာမည်ဖြစ်သည်။
ဒီဂျောင်မှာ စပိန်လက်ရွေးစင်ကစားသမား ပက်ဒရီနှင့်အတူ ဘာစီလိုနာကွင်းလယ်ဗဟိုတွင် အဓိက ကျနေသူဖြစ်ပြီး မက်ကာဆာဒို သို့မဟုတ် ဖာမင်းလိုပက်ဇ််တို့ကလည်း ကွင်းလယ်တွင် ဝင်ရောက် ကစားပေးနိုင်စွမ်းရှိနေသည်။ ဒီဂျောင်သာ ၁၀၀ ရာခိုင်နှုန်းအပြည့် ကြံခိုင်မှုမပြည့်ဝခဲ့ပါက ကာဆာဒိုက ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပက်ဒရီနှင့်အတူတွဲကစားရဖွယ်ရှိပြီး ဖာမင်းလိုပက်ဇ်ကမူ လွတ်လပ်စွာ ကစားခွင့်ရဖွယ် ရှိနေသည်။
ဘာစီလိုအတွက် သတင်းကောင်းတစ်ရပ်မှာ ဒဏ်ရာများကြောင့် မကြာသေးခင်ကပွဲများကို လွဲချော်ခဲ့ကြသည့် တိုက်စစ်မှူးများဖြစ်သော ရာဖင်ဟာနှင့် ဖာရန်တောရက်စ်တို့ ၂ ဦးစလုံး မည်သည့် ပြဿနာမျှ မရှိဘဲ အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် လေ့ကျင့်ရေးအစီအစဥ်များကို ပြီးပြည့်စုံစွာ ပြုလုပ် နိုင်ခဲ့ခြင်းဖြစ်သည်။
ဒါနီအိုလ်မို၊ ဂါဗီနှင့် ဂျိုအန်ဂါဆီတို့ကမူ အောက်တိုဘာ ၂၆ ရက် အယ်ကလက်စီကိုပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝကြမည်မဟုတ်သလို ဇူလိုင်လကုန်ပိုင်းက ကျောဒဏ်ရာကို ခွဲစိတ်ခဲ့ရသည့် ဂိုးသမား မက်စ်အန်ဒရီ တာစတီဂျန်ကလည်း ဘာစီလိုနာ၏ ကာလရှည်ဒဏ်ရာရကစားသမားဖြစ်နေကာ အယ်ကလက်စီကို ပွဲကို လွဲချော်ကြမည်ဖြစ်သည်။ (Xinhua)
………………………
(English Version)
Stomach bug for De Jong sets alarm bells ringing for Barca ahead of El Clasico
MADRID, Oct. 23 (Xinhua)
Frenkie de Jong has set alarm bells ringing just three days away from the first Real Madrid vs FC Barcelona clash of the season after the Dutch midfielder missed Barcelona’s Thursday training session with a case of gastroenteritis.

De Jong has the same stomach bug that meant defender Andreas Christensen missed Tuesday’s Champions League win at home to Olympiakos, with the Denmark international also missing Thursday’s session.
Although it is probable De Jong will recover in time to travel for Sunday’s El Clasico in the Santiago Bernabeu Stadium, his possible absence is another headache for coach Hansi Flick, who will serve a one-game touchline ban for the game.
De Jong is a fixture in the heart of the Barcelona midfield along with Spain international Pedri, with either Marc Casado or Fermin Lopez taking the final place in the middle of the park.
If De Jong isn’t 100 percent fit, Casado would be the logical replacement in the holding role with Pedri and Lopez given more freedom.
There was better news on the injury front for Raphinha and Ferran Torres, both of whom completed Thursday’s session with no problems after missing recent matches due to injury.
Dani Olmo, Gavi and Joan Garcia won’t be fit for Sunday’s match, while Marc-Andre ter Stegen is a long-term absentee for Barcelona after having a back operation at the end of July. ■
Photo:
FC Barcelona Dutch midfielder Frenkie de Jong poses during a press conference in Commercial Office of FC Barcelona, Barcelona, Spain, on Oct. 15, 2025. (Photo by Joan Gosa/Xinhua)