International Organizations
တစ်ရာသီအငှားစာချုပ်ကုန်ဆုံးပြီးနောက် ဘာစီလိုနာ၌ ဆက်လက်ကစားရန် ရက်ရှ်ဖို့ဒ် စိတ်အားထက်သန်
မက်ဒရစ်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ရာသီကုန်ဆုံးပြီးနောက် မန်ချက်စတာယူနိုက်တက်မှ အငှားလာကစားနေသည့် စာချုပ်ကုန်ဆုံးပြီးချိန်တွင် ဘာစီလိုနာ၌ ဆက်လက်ကစားသွားလိုကြောင်း မားကပ်စ်ရက်ရှ်ဖို့ဒ်က ပြောကြားလိုက်သည်။
ရက်ရှ်ဖို့ဒ်မှာ ချန်ပီယံလိဂ်တွင် ၄ ဂိုး၊ လာလီဂါတွင် ၁ ဂိုးသွင်းယူနိုင်ခဲ့ခြင်းနှင့်အတူ ဘာစီလိုနာတွင် နေထိုင်မှုဘဝအသားကျနေပြီဖြစ်ကာ အောက်တိုဘာ ၂၆ ရက်တွင် ရီးရဲလ်မက်ဒရစ်နှင့်ကစားရမည့် ကလက်စီကိုပွဲစဥ်တွင် ပွဲထွက်လူစာရင်းမှ ကစားခွင့်ရရန် နီးစပ်နေသည်။
ဇွန်လကုန်နောက်ပိုင်းတွင် ဘာစီလိုနာ၌ ဆက်လက်ကစားသွားလိုပါသလောဟု ESPN က ရက်ရှ်ဖို့ဒ်ကို မေးမြန်းခဲ့ရာတွင် နည်းပြရူဘန်အာမိုရင်မ်နှင့် အဆင်မပြေဖြစ်ခဲ့ခြင်းကြောင့် မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့ရသည့် အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်က ရှင်းလင်းပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“အိုး… ဒါပေါ့ဗျာ။ သေချာတာပေါ့” ဟု ရက်ရှ်ဖို့ဒ်က ပြန်လည်ဖြေကြားခဲ့သလို “ဘာစီလိုနာမှာ ကစား ရတာကို ကျွန်တော် ပျော်ရွှင်ကျေနပ်ပါတယ်။ ဘောလုံးကိုချစ်တဲ့သူတိုင်းအတွက် ဘာစီလိုနာက ဘောလုံးပွဲတွေရဲ့သမိုင်းမှာ အဓိကကျတဲ့ကလပ်အသင်းတစ်ခုလို့ ကျွန်တော်ယူဆပါတယ်။ ကစားသမား တစ်ယောက်အတွက်လည်း ဘာစီလိုနာမှာ ကစားရတာက ဂုဏ်ယူစရာပေါ့ဗျာ”ဟု ဆက်လက်ပြောကြား ခဲ့သည်။
ထို့အတူ အင်္ဂလန်လက်ရွေးစင်ကစားသမားရက်ရှ်ဖို့ဒ်က “ကျွန်တော့်ဘဝရဲ့ ၂၃ နှစ်လောက်က မန်ချက်စတာယူနိုက်တက်နဲ့ ဖြတ်သန်းခဲ့တာပါ။ ဒါကြောင့် တစ်ခါတရံတော့လည်း အပြောင်းအလဲလုပ်ဖို့ လိုအပ်တာပေါ့ဗျာ” ဟု အလေးအနက်ပြောကြားခဲ့သည်။
“ဒီအချက်ကပဲ ကျွန်တော့်လုပ်ရမယ့်ကိစ္စတစ်ခုဖြစ်နေပြီး အရာရာတိုင်းနဲ့ပတ်သက်လို့ ကျွန်တော် ပျော်ရွှင်ကျေနပ်ပါတယ်” ဟုလည်း ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Rashford keen to extend Barcelona stay beyond season’s loan
MADRID, Oct. 24 (Xinhua)
Marcus Rashford says he wants to stay at FC Barcelona when his loan deal from Manchester United ends at the end of the season.
Rashford has adapted well to life in Barcelona, with four goals in the Champions League and one in La Liga, and looks set to start in Sunday’s Clasico against Real Madrid.
When asked by ESPN if he wanted to extend his stay beyond June, the 27-year-old, who left Manchester United after a falling-out with coach Ruben Amorim, was clear.
“Oh yeah, for sure,” he replied: “I’m enjoying this football club and I think for anybody who loves football, Barcelona is one of the key clubs in the history of the game. For a player it’s an honor.”The England international noted that “23 years of my life was with Manchester United, so sometimes you just need a change.”
“I think maybe this is the case with me and I’m enjoying everything,” he added. ■
Photo:
Marcus Rashford (2nd R) of FC Barcelona vies with Konstantinos Tzolakis, goalkeeper of Olympiacos during the Champions League football match between FC Barcelona and Olympiacos in Barcelona, Spain, Oct. 21, 2025. (Photo by Joan Gosa/Xinhua)
