International Organizations
ပေကျင်းမာရသွန်ကို ပိုမိုအဆင်ပြေစေရန် လမ်းကြောင်းအဆင့်မြှင့်
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
ပေကျင်း မာရသွန်အပြေးပြိုင်ပွဲစီစဥ်သူများက အပြေးသမားများအတွက် ပိုမိုကောင်းမွန်သောအတွေ့အကြုံ ရရှိနိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ထားသောလမ်းကြောင်းပုံစံတစ်ခုကို အောက်တိုဘာ ၂၄ ရက်တွင် မိတ်ဆက်ခဲ့သည်။
ကမ္ဘာတစ်ဝန်းမှအပြေးသမားများ အကြိုက်ဆုံးတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည့် ပေကျင်းမာရသွန်ပြိုင်ပွဲသည် ထျန်းအန်းမန်ရင်ပြင်မှ ပေကျင်းအိုလံပစ်ပန်းခြံအထိ အကွာအဝေးရှိပြီး ပြိုင်ပွဲပန်းဝင်သည့်နေရာမှာ အမျိုးသားအားကစားရုံ သို့မဟုတ် Bird’s Nest နှင့် water cube ဟုအမည်ရသည့် အမျိုးသားရေကူးစင်တာ အကြားဖြစ်သည်။
စီစဥ်သူများက ယခုနှစ်အတွက်လမ်းကြောင်းပုံစံတွင် ကျဥ်းမြောင်းသောအပိုင်းများလျှော့ချရန်နှင့် ပေကျင်းအိုလံပစ်သစ်တောပန်းခြံနှင့် Ice Ribbon ဟု လူသိများသော ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲပြုလုပ်ရာ အမြန်စကိတ်စီး အမျိုးသားအားကစားကွင်းအနီးရှိ လမ်းများထပ်မံပေါင်းထည့်ကာ ပိုမိုအဆင်ပြေရန်ဆောင်ရွက်ခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ပေကျင်းမာရသွန်ပြိုင်ပွဲတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ကျဥ်းမြောင်းတဲ့နေရာတွေမှာ လူတွေပိတ်ဆို့တဲ့ ပြဿနာတွေကို လမ်းကြောင်းသစ်ကဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်၊ ‘Ice Ribbon’ လို ထပ်ပေါင်းထည့်ထားတဲ့ လိုအပ်ချက်လေးတွေက အပြေးသမားတွေကို နှစ်ကြိမ်အိုလံပစ်ပြိုင်ပွဲနှစ်ကြိမ် ဆင်နွှဲခဲ့တဲ့မြို့ရဲ့ ညှို့ဓာတ်ကို ခံစားမိစေမှာပါ” ဟု ယခုနှစ် ၁၂ ကြိမ်မြောက် ပေကျင်းမာရသွန် ပါဝင်ဆင်နွှဲမည့်အပြေးသမားတစ်ဦးဖြစ်သူ Liang Yu က ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ပေကျင်းမာရသွန်ပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၇း၀၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး စံချိန်တင်အဖြစ် ပြိုင်ပွဲဝင် ၃၂,၀၀၀ ဦး ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Beijing Marathon route optimized to enhance running experience
BEIJING, Oct. 25 (Xinhua) — Beijing Marathon organizers introduced an upgraded route design on Friday, aiming to provide a better experience for runners.
The Beijing Marathon, spanning from Tiananmen Square to the Beijing Olympic Park, remains a favorite for runners worldwide, whose finish line is at the avenue between the National Stadium “Bird’s Nest” and the National Aquatics Center “Water Cube”.
The organizers further optimized the route design this year to reduce narrow sections and add the roads near the Beijing Olympic Forest Park and the National Speed Skating Oval, a 2022 Winter Olympic venue known as the “Ice Ribbon”.
“The new route can solve the congestion problem in narrow sections which occurred previously in the Beijing Marathon. The newly added elements such as the ‘Ice Ribbon’ can lead runners to feel the charm of the dual Olympic city,” said runner Liang Yu, who will embrace his 12th Beijing Marathon this year.
2025 Beijing Marathon will start at 7:30 a.m. on November 2, with a record of 32,000 participants.
Photo : Participants run past the Tian’anmen Square during the Beijing Marathon 2024 in Beijing, capital of China, Nov. 3, 2024. (Xinhua/Zhang Chenlin)
