Connect with us

Eastern Europe

ရုရှားနိုင်ငံက နျူကလီးယားစွမ်းအင်သုံး ခရုစ်ဒုံးကျည် စမ်းသပ်မှုများ အောင်မြင်ကြောင်း ပူတင် ပြော

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ နိုင်ငံတကာ သတင်းဌာနကြီးများ၏ အကြီးအကဲများနှင့် တွေ့ဆုံနေသည့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်အား ၂၀၂၅ ခုနှစ် ဇွန် ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံက နျူကလီးယားစွမ်းအင်သုံး ဗျူရီဗက်စ်နစ် (Burevestnik) ခရုစ်ဒုံးကျည်အား နောက်ဆုံးအဆင့် စမ်းသပ်မှုများ ပြီးမြောက်အောင်မြင်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာတီမာ ပူတင်က အောက်တိုဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
“အဲဒီလက်နက်တွေ တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့ လုပ်ဆောင်စရာ အများအပြား ကျန်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဓိကရည်မှန်းချက်တွေ ပြည့်မြောက်ခဲ့ပြီဖြစ်တယ်” ဟု ရုရှားစစ်တပ်၏ တပ်မှူးများနှင့် အစည်းအဝေးပြုလုပ်စဉ် ပူတင်က ပြောကြားခဲ့သည်။
ဗျူရီဗက်စ်နစ် ဒုံးကျည်အား အောက်တိုဘာ ၂၁ ရက်က ကီလိုမီတာ ၁၄,၀၀၀ အကွာအဝေးအထိ စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ကာ ထိုစမ်းသပ်မှုမှာ ၁၅ နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ အဆိုပါဒုံးကျည်မှာ ယင်းအကွာအဝေးထက် ပိုမိုရောက်ရှိနိုင်ကြောင်း ရုရှားစစ်တပ်၏ စစ်ဦးစီးချုပ် ဗယ်လရီ ဂျရာဆီမော့ဗ်က ပူတင်အား ရှင်းလင်းတင်ပြခဲ့သည်။
ဒုံးခွင်းဒုံးနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ရှောင်ကွင်းနိုင်သော အဆိုပါဒုံးကျည်၏ မြင့်မားသော စွမ်းဆောင်ရည်များကို ထိုစမ်းသပ်မှုက လက်တွေ့ပြသခဲ့သည်ဟု ဂျရာဆီမော့ဗ်က ဆိုသည်။
နေတိုးအဖွဲ့က SSC-X-9 Skyfall ဟု အမည်ပေးထားသော 9M730 ဗျူရီဗက်စ်နစ် (Storm Petrel) ဒုံးကျည်မှာ ရုရှား၏ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော နျူကလီးယားစွမ်းအင်သုံး အနိမ့်ပျံ ခရုစ်ဒုံးကျည်အမျိုးအစားဖြစ်ကာ အကွာအဝေးအားဖြင့် အကန့်အသတ်မရှိ ပျံသန်းရောက်ရှိနိုင်ကာ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ရှောင်ကွင်းနိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ (Xinhua)
………………..
(English Version)
Putin says Russia completed tests of nuclear-powered cruise missile
MOSCOW, Oct. 26 (Xinhua) — Russia has completed the decisive tests of its Burevestnik nuclear-powered cruise missile, Russian President Vladimir Putin said on Sunday.
“Much work remains to be done to put these weapons on combat duty … Nevertheless, the key objectives have now been achieved,” Putin said during a meeting with military commanders.
In his briefing with Putin, Chief of the General Staff of the Russian Armed Forces Valery Gerasimov said the Burevestnik missile completed a 14,000-km test flight that lasted around 15 hours on Tuesday, adding that the range could be longer.
The test demonstrated the missile’s “high capabilities for evading anti-missile and air defense systems,” Gerasimov said.
The 9M730 Burevestnik (Storm Petrel), dubbed SSC-X-9 Skyfall by NATO, is a Russian low-flying, nuclear-powered, nuclear-armed cruise missile. It is said to have unlimited range and can evade missile defenses.
English Caption
Russian President Vladimir Putin meets with heads of major international news agencies in St. Petersburg, Russia, June 18, 2025. (Xinhua/Cao Yang)