Connect with us

Europe

ရုရှား-အမေရိကန်ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရေး၌ ပိတ်ဆို့မှုအသစ်များက ရှုပ်ထွေးစေဟု ကရင်မလင် ထုတ်ပြန်

ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ ကရင်မလင်နန်းတော်ကို ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များသည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးပြန်လည်ထူထောင်ရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အောက်တိုဘာ ၂၆ ရက်၌ ထုတ်ပြန်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
“ဒီသီတင်းပတ်မှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ စိမ်းကားတဲ့ လုပ်ရပ်တစ်ခုပါပဲ။ ကျွန်တော်တို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်ဖို့ အလားအလာတွေကို အမှန်တကယ် ထိခိုက်စေခဲ့ပေမဲ့ ဒါက ဒီနှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ရည်မှန်းချက်တွေကို စွန့်လွှတ်သင့်တယ်လို့တော့ မဆိုလိုပါဘူး” ဟု Peskov က ပိတ်ဆို့အရေးယူမှုသစ်များနှင့် ပတ်သက်၍ ရုရှား-၁ ရုပ်သံလိုင်း၏ သတင်းထောက် Pavel Zarubin အား ပြောကြားခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံအားလုံးနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရေးတွင် စိတ်ဝင်စားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ပူတင်သည် ယူကရိန်းပဋိပက္ခအား ဖြေရှင်းနိုင်ရန် ထရမ့်၏ ဆန္ဒရှိမှုကို ကျေးဇူးတင်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သော်လည်း ယင်းကို “တစ်ညတည်းဖြင့် ဖြေရှင်း၍မရ” ကြောင်း မှတ်ချက်ပေးခဲ့သည်။
ရုရှား၏ အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်သည့် Rosneft နှင့် Lukoil တို့အပေါ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က အောက်တိုဘာ ၂၂ ရက်၌ ကြေညာခဲ့ပြီး “ချက်ချင်းအပစ်အခတ်ရပ်စဲရန်” တိုက်တွန်းခဲ့ကာ အိမ်ဖြူတော်အနေဖြင့် လိုအပ်ပါက နောက်ထပ်အရေးယူမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခစတင်ချိန်မှစ၍ အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် ရုရှားဘဏ်များ၊ ကာကွယ်ရေးလုပ်ငန်းများနှင့် စွမ်းအင်တင်ပို့မှုများကို ပစ်မှတ်ထားသည့် ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးပိတ်ဆို့အရေးယူမှုများကို ရုရှားအပေါ် အကြိမ်ပေါင်းများစွာ ချမှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Kremlin says new sanctions complicate reviving Russia-U.S. ties
MOSCOW, Oct. 26 (Xinhua) — New sanctions against Russia complicate efforts to restore relations with the U.S., Kremlin Spokesman Dmitry Peskov said in an interview released Sunday.
“Of course, the actions taken this week were an unfriendly move. They truly damaged the prospects for reviving our relations, but this does not mean we should abandon these aspirations,” Peskov told journalist of Russia-1 TV channel Pavel Zarubin, commenting on the sanctions.
He added that Russia is interested in building good relations with all countries, including the United States.
The spokesman noted that Putin appreciates Trump’s desire to achieve a resolution to the Ukraine conflict, but stressed it “cannot be resolved overnight.”
On Wednesday, U.S. Treasury Secretary Scott Bessent announced sanctions on Rosneft and Lukoil, the two largest Russian oil producers, and called for “an immediate ceasefire,” adding that the White House was prepared to take further actions if necessary.
The United States and its allies have imposed multiple rounds of financial and trade sanctions on Russia since the start of the Russia-Ukraine conflict in February 2022, targeting Russian banks, defense industries and energy exports. ■
English Caption
Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)