Connect with us

Asia

ယောကျ်ားလေးများတွင် အိပ်ချိန်ပုံမှန်ရရှိမှုနှင့် အဝလွန်မှုအန္တရာယ်လျော့ကျခြင်း ဆက်စပ်နေ‌ဟု စင်ကာပူ သုတေသနကဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့မန်ဟက်တန်ရှိ လမ်းတစ်ခုတွင် အဝလွန်နေသောအမျိုးသမီးနှစ်ဦး လမ်းလျှောက်သွားနေသည်ကို ၂၀၀၉ ခုနှစ် မတ် ၂၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

စင်ကာပူ၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
စင်ကာပူနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့်သုတေသနအေဂျင်စီ၏ လေ့လာချက်အသစ်အရ ရက်သတ္တပတ်လုံး ညစဥ် ကိုးနာရီနှင့်အထက် တောက်လျှောက်အိပ်သည့် ယောကျ်ားလေးများသည် အိပ်ချိန်မလုံလောက်သူများနှင့် နှိုင်းယှဥ်ပါက အဝလွန်နိုင်ခြေ ၅၁ ရာခိုင်နှုန်းလျော့နည်းကာ ဝမ်းဗိုက်အဆီသိသိသာသာနည်းပါးသည်ကို တွေ့ရှိခဲ့သည်။
လေ့လာမှုတွင် စင်ကာပူနိုင်ငံ၏ အဓိကမျိုးနွယ်စု သုံးခုမှ ကလေး ၆၃၈ ဦးပါဝင်ခဲ့ပြီး အိပ်စက်ချိန်နှင့်ပတ်သက်၍ စောင့်ရှောက်သူများ၏ သတင်းပေးပို့မှု၊ ဝတ်ဆင်နိုင်သောလှုပ်ရှားမှုခြေရာခံကိရိယာဖတ်ရှုမှုနှင့် သံလိုက်ပုံဖော် စစ်ဆေးခြင်း (MRI) များ ပေါင်းစပ်ကာ ဝမ်းဗိုက်အဆီပမာဏကို တိုင်းတာခဲ့ကြခြင်းဖြစ်ကြောင်း ‌အေဂျင်စီက အောက်တိုဘာ ၂၇ ရက် သတင်းထုတ်ပြန်ချက်တွင်ပြောဆိုခဲ့သည်။
အိပ်ချိန်လုံလုံလောက်လောက်ရရှိသော ယောကျ်ားလေးများသည် အထူးသဖြင့် အရေပြားအောက်အဆီနှင့် ကိုယ်တွင်းအင်္ဂါပတ်လည်အဆီ အပါအဝင် တိုင်းတာသည့်နေရာအားလုံးတွင် အဆီလျော့နည်းကြောင်း ရှာဖွေတွေ့ရှိမှုက ပြသခဲ့သည်။ ၎င်းတို့သည် နှလုံးရောဂါအန္တရာယ်၊ နာတာရှည်ရောင်ရမ်းခြင်းတို့နှင့် ဆက်စပ်နေသည့် သွေးတွင်းရောင်ရမ်းမှုအမှတ်အသား လျော့နည်းကြောင်းလည်း တွေ့ရှိခဲ့သည်။
မိန်းကလေးများအကြားတွင်လည်း တူညီသောဆက်စပ်မှုရှိသော်လည်း ခိုင်မာမှုအားနည်းကြောင်း အိပ်စက်ခြင်းသည် အဆီသိုလှောင်မှုအပေါ် မည်သို့မည်ပုံသက်ရောက်သလဲဆိုရာတွင် ဇီဝဗေဒဆိုင်ရာသို့မဟုတ် အပြုအမူဆိုင်ရာ ကွဲပြားမှုများရှိနိုင်ကြောင်း ယူဆရသည်။
ဝမ်းဗိုက်အဆီ အထူးသဖြင့် ကိုယ်တွင်းအင်္ဂါများဝန်းကျင်ရှိသောအဆီသည် အမျိုးအစား၂ ဆီးချိုရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကဲ့သို့ ဇီဝဆိုင်ရာရောဂါများနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း လေ့လာမှုက မှတ်ချက်ပြုခဲ့သည်။
လေ့လာသူများက ကျောင်းနေအရွယ်ကလေးအများစုသည် တစ်ပတ်တာအိပ်ချိန်မလုံလောက်မှုအား စနေနှင့် တနင်္ဂနွေနေ့များတွင် အိပ်ချိန်ပိုယူရန်ကြိုးပမ်းကြသည်ကိုလည်း တွေ့ရှိခဲ့ကြသည်။ သို့သော်လည်း ကျောင်းပိတ်ရက်များတွင် အိပ်ချိန်လုံလောက်ရုံဖြင့် အဝလွန်ခြင်းအန္တရာယ်နှင့် ဝမ်းဗိုက်အဆီပမာဏကို မလျော့ကျစေနိုင်ကြောင်း သိရသည်။
“ယခုတွေ့ရှိမှုသည် မိဘများ၊ ကျောင်းများနှင့် မူဝါဒချမှတ်သူများအတွက် အရေးပါသည့် ပတ်သက်မှုများ ရှိကြောင်း” “ကလေးများ၏ဇီဝဆိုင်ရာကျန်းမာရေးကို ကာကွယ်နိုင်ဖို့အတွက် တစ်ပတ်တာလုံး အိပ်ချိန်ပုံမှန်ရရှိမှု အလေ့အကျင့်က အရေးပါပြီး စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာသာ အိပ်ရေးဝစေတာက မထိရောက်ဘူး ဆိုတာအကြံပြုထားကြောင်း” လေ့လာမှု၏ အကြီးတန်းစာရေးသူ Shirong Cai က ပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Consistent sleep linked to lower obesity risk in boys: Singapore study
SINGAPORE, Oct. 27 (Xinhua) — Boys who consistently slept nine hours or more each night throughout the week had a 51 percent lower risk of obesity and significantly less abdominal fat compared to those with insufficient sleep, according to a new study by Singapore’s Agency for Science, Technology and Research.
The study, involving 638 children from Singapore’s three major ethnic groups, combined caregiver-reported sleep data and wearable activity tracker readings with magnetic resonance imaging (MRI) scans to assess abdominal fat, the agency said in a release on Monday.
Findings showed that boys who met the recommended sleep duration had notably less fat in all measured areas, including both fat under the skin and fat around internal organs. They also exhibited lower levels of an inflammation marker in the blood linked to chronic inflammation and heart disease risk.
A similar but weaker association was found among girls, suggesting biological or behavioral differences in how sleep affects fat storage.
Abdominal fat, particularly fat around internal organs, is closely linked to metabolic diseases such as type 2 diabetes and cardiovascular disease, the study noted.
Researchers also observed that many school-age children attempted to make up for insufficient weekday sleep by sleeping longer on weekends. However, meeting sleep recommendations only on weekends did not reduce obesity risk or abdominal fat levels.
“This finding has important implications for parents, schools, and policymakers,” said the study’s senior author Shirong Cai. “It suggests that consistent sleep habits throughout the week are what matters for protecting children’s metabolic health, not just letting children sleep in on weekends.”
Photo : Two overweighted women walk on a street in Manhattan, New York, the United States, March 24, 2009. (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.