Asia
ဂျပန်ဝန်ကြီးချုပ်ဟောင်း အာဘေးအား လုပ်ကြံခဲ့သည့် သေနတ်သမားက အပြစ်ရှိကြောင်း တရားရုံး၌ ဝန်ခံထွက်ဆို
တိုကျို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
၂၀၂၂ ခုနှစ်က ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် တဲဆုယ ယာမာဂါမိဆိုသူ အမျိုးသားက ၎င်းအား ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးသည့် အောက်တိုဘာ ၂၈ ရက်၌ ထိုအမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ဂျပန်ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ဟောပြောမှုအတွင်း လက်လုပ်သေနတ်ဖြင့် အာဘေးအား လုပ်ကြံသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် အသက် ၄၅ နှစ်အရွယ် အဆိုပါ အမျိုးသားက လူသတ်မှု၊ သေနတ်နှင့် ဓားကိုင်ဆောင်မှု ထိန်းချုပ်ရေးဥပဒေအား ချိုးဖောက်မှုတို့အတွက် နာရာ ခရိုင်တရားရုံး၌ ဝန်ခံထွက်ဆိုခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က လူသတ်မှုကျူးလွန်ခဲ့ပြီးနောက် တရားရုံးတွင် ပထမဆုံးအကြိမ် လာရောက်အစစ်ဆေးခံခဲ့သည့် ယာမာဂါမိက ၎င်းအနေဖြင့် အာဘေးနှင့် အခြားဂျပန်နိုင်ငံရေးသမားများနှင့် နီးကပ်သော ဆက်ဆံရေးရှိသည်ဟု ယူဆသော Unification Church ဘာသာရေးအသင်းအဖွဲ့အပေါ် ရန်ငြိုးထားကာ ပြစ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။
၎င်း၏မိခင်က ထိုအသင်းအဖွဲ့အား ယန်း သန်း ၁၀၀ ခန့် (အမေရိကန်ဒေါ်လာ ၆၆၀,၀၀၀ ခန့်) ဖြစ်ဖွယ်ရှိသော များပြားလှသည့် ငွေကြေးလှူဒါန်းမှုကြောင့် ၎င်း၏မိသားစုမှာ စီးပွားရေးချွတ်ခြုံကျသည်အထိ ဖြစ်ခဲ့ရသည်ဟု ယာမာဂါမိက သက်ဆိုင်ရာ တာဝန်ရှိသူများထံ ထွက်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ အံ့သြတုန်လှုပ်ဖွယ် လုပ်ကြံသတ်ဖြတ်မှုကြောင့် ယခင်က အာဘေး ဦးဆောင်ခဲ့သည့် အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီဝင်များနှင့် အဆိုပါ အငြင်းပွားဖွယ် ဘာသာရေးအသင်းအဖွဲ့ကြားက ဆက်ဆံရေးအပေါ် အကြီးအကျယ် အာရုံစိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)
…………………..
(English Version)
Shooter of former Japan PM Abe pleads guilty in court
TOKYO, Oct. 28 (Xinhua) — Tetsuya Yamagami, the man accused of fatally shooting former Japanese Prime Minister Shinzo Abe in 2022, pleaded guilty to the charge on Tuesday, the first day of his trial, local media reported.
The 45-year-old, indicted for killing Abe with a homemade firearm during an election stump speech in western Japan, admitted to the charge of murder and to violating the firearms and swords control law at the Nara District Court, Kyodo News reported.
Yamagami, appearing in court for the first time since the killing three years ago, said he committed the crime due to a grudge he held against the Unification Church, which he believed had close ties to Abe and other Japanese politicians.
Yamagami has told officials that massive donations, likely some 100 million yen (about 660,000 U.S. dollars), his mother made to the group caused his family’s financial ruin, the report said.
The shocking assassination brought intense attention to the ties between the controversial religious group and members of the ruling Liberal Democratic Party, which Abe formerly led.
English Caption
File photo taken on July 22, 2019 shows Shinzo Abe attending a news conference in Tokyo, Japan. (Xinhua/Du Xiaoyi)
